News Watch Journals အတွဲ (၄) အမှတ် (၉) ၁၆၊၁၀၊၂၀၀၈
အာရှတိုက်တွင်းရှိ လိင်တူဆက်ဆံသူများ
အိတ်ခ်ျရောဂါဖြစ်ပွားမှုမှာ လွန်ခဲ့သည့် ၁၉၀၀ ပြည့်နှစ်နှောင်းပိုင်း အမေရိကား၌
ဖြစ်ပွားခဲ့သည့် အခြေအနေကဲ့သို့  မြင့်တက်လာပြီ ဖြစ်ကြောင်း UNAIDS အေဂျင်စီမှ
ထိပ်တန်းအရာရှိများက ပြောကြားသည်။ ယင်းသို့ အာရှဒေသ၌ အိတ်ခ်ျ ရောဂါဖြစ်ပွားမှုကို
ကာကွယ်နိုင်ရန် ရောဂါပြန့် ပွားမှုထိန်းချုပ်ရေးကို အရှိန်တိုးမြင့်
ဆောင်ရွက်သင့်ကြောင်း UNAIDS ၏၂၀၀၈ ခုနှစ် အစီရင်ခံစာ တွင် အမှုဆောင်ဒါရိုက်တာ
ပီတာပိုင်းရော့ခ်က တိုက်တွန်းရေးသားထားသည်။
“အာရှတလွှားမှာ ယေင်္ကျချင်း လိင်တူဆက်ဆံမှုကြောင့်
ဖြစ်ပေါ်လာတဲ့ အေ့ခ်ျရောဂါပြန့် ပွားမှုနှုန်းက လွန်ခဲ့တဲ့ ၂၅ နှစ်ထက်နှိုင်းယှဉ်ရင်
အရမ်းကွာဟချက်ရှိပါတယ်ဟု ပိုင်းရော့စ် ကဆိုသည်။ သို့ ရာတွင် အာရှတိုက်တွင်း
လိင်တူဆက်ဆံမှုကြောင့် ပေါ်ပေါက်လာသော အေ့ခ်ျရောဂါ ဖြစ်ပွားမှုသည်
ယခုနှစ်မှ စတင်ဖြစ်ပေါ်လာခြင်း မဟုတ်ဟု UNAIDS မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ပေါလ်ဒီလေး
ကဆိုသည်။
ယင်းသို့ အေ့ခ်ျ ရောဂါ ကျယ်ကျယ်ပြန့် ပြန်
့ဖြစ်ပွားရခြင်းမှာ စက်ရုံအလုပ်ရုံများ ပေါ်ထွန်း လာမှု ကြောင့်ဖြစ်ပြီး
အမျိုးသားချင်း အကာအကွယ် မပါဘဲ လိင်တူဆက်ဆံမှုသည် အာရှဒေသတွင်း အိတ်ခ်ျအိုင်ဗွီ ပျံ
့နှံ့ လာမှု၏ အထင်ရှားဆုံး ပြယုဂ်ဖြစ်ကြောင်း ဖေါ်ပြ ထားသည်။
အေ့ခ်ျရောဂါဖြစ်ပွားမှုသည် အာရှနိုင်ငံများမှာ
ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်ပြီး ၊ယခင်က လန်ဒန်၊ ဘာလင်၊ ဆန်ဖရန်စစ္စကို စသည့်မြို
့ကြီးများတွင် ဖြစ်ပွားခဲ့သည့်နှုန်းအတိုင်း လိင်တူဆက်ဆံသူအားလုံး၏ ၁၅
ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းမှာ အိတ်ခ်ျအိုင်ဗွီ Positive ဖြစ်နေကြောင်း
ဘန်ကောက် မှဟိုချီမင်း မြို့ အထိ အိတ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှုနှုန်း
မြင့်မား နေကြောင်းဖေါ်ပြထားသည်။
News Watch Journals အတွဲ (၄) အမှတ် (၉) ၁၆၊၁၀၊၂၀၀၈




