9
Aug

အာရှ အမျိုးသမီးများ HIV ကူးစက်ခံရနှုန်း မြင့်မားလာသဖြင့် အားပေးမြှင့်တင် အစီအစဉ်



အာရှ
အမျိုးသမီးများ HIV ကူးစက်ခံရနှုန်း မြင့်မားလာသဖြင့် အားပေးမြှင့်တင် အစီအစဉ် တိုးမြှင့်
လုပ်ဆောင်ရန်လို

အာရှတိုက်ရှိ
အမျိုးသမီးနှင့် ကလေးငယ်များ HIV ကူးစက်ခံရနှုန်း မြင့်မားလာသည့် အတွက် အမျိုးသမီးများအား
အားပေးမြှင့်တင်မည့် အစီအစဉ် တိုးမြှင့်လုပ်ဆောင်ရန် အေ့ဒ်(စ်) ရောဂါဆိုင်ရာ ကုလသမဂ္ဂ
ကျွမ်းကျင်သူများက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်သည့် အစည်းအဝေး တစ်ခုတွင်
ပြောကြား ခဲ့သည်။ ၎င်းအစည်းအဝေးတွင် ကုလသမဂ္ဂ အေ့ဒ်(စ်) ရောဂါ တိုက်ဖျက်ရေး အစီအစဉ်
(UNAIDS)၊ ကုလသမဂ္ဂ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ (UNAIDS) နှင့်
အေ့ဒ်(စ်)၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့
(Global Fund) တို့မှ ကိုယ်စားလှယ်ပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ငယ်ရွယ်သည့်
အမျိုးသမီးများ HIV ကူးစက်ခံရမှုနှုန်း တိုးမြင့်လာမှုအပေါ် သက်ဆိုင်ရာ နိုင်ငံအစိုးရများ
အနေဖြင့် ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း၊ အေ့ဒ်(စ်) ရောဂါကြောင့် ကမ္ဘာတစ်ဝန်းက ကိုယ်ဝန်
ဆောင်နိုင်သည့် အရွယ်ရောက်သူ အမျိုးသမီးများ ကြားတွင် သေဆုံးမှု များပြားလာကြောင်း၊
အာရှ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ က HIV ကူးစက် ခံရသူများ၏ ၁၈ ရာခိုင်နှုန်းမှာ အမျိုးသမီးများ
ဖြစ်ခဲ့ကြောင်း၊ ယခုအခါ အာရှတိုက်ရှိ အမျိုးသမီးများကြား HIV ကူးစက်ခံ အရေအတွက် တိုးပွားလာမှုအပေါ်
တားဆီးနိုင်ရေး အရှိန်မြှင့် ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ
UNAIDS မှ အကြံပေး ပုဂ္ဂိုလ် Janewilson က ပြောသည်။ အမေရိကန်နိုင်ငံ၏ အေ့ဒ်စ် ရောဂါဆိုင်ရာ
အရေးပေါ် အစီအစဉ် (PEPFAR) သည် ၅ နှစ်တာ ကာလအတွင်း ဒေါ်လာ သန်းပေါင်း ၅ဝဝဝဝ သုံးစွဲသွားမည်ဟု
ထုတ် ပြန်ခဲ့သော်လည်း ၂ဝ၁ဝ ပြည့်နှစ် အတွက် ရန်ပုံငွေရရှိမှုမှာ ဒေါ်လာ သန်းပေါင်း ၇ဝဝဝ
အောက်သာ ရရှိခဲ့၍ အေ့ဒ်(စ်) ရောဂါ တိုက်ဖျက်ရေး လှုပ်ရှားသူများ စိုးရိမ် နေကြကြောင်း
သိရသည်။

မိုးမြင့်မြတ်

Ref : Internet

Aug 6th, 2010

Popular News - အာရှ
အမျိုးသမီးများ HIV ကူးစက်ခံရနှုန်း မြင့်မားလာသဖြင့် အားပေးမြှင့်တင် အစီအစဉ် တိုးမြှင့်
လုပ်ဆောင်ရန်လို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top