23
Nov

အာရှတောက်တဲ့များ မျိုးသုဉ်းမည့် အန္တရာယ်ရှိနေ

ညတွင် ကျက်စားသော အာရှတောက်တဲ့မျိုးသည် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို ကုသရာတွင် အသုံးပြုနိုင်သည်ဟု ယူဆမှုများကြောင့် ထိုတွားသွားသတ္တ၀ါကို မှောင်ခိုကူးမှု သိသိ သာသာမြင့်တက်လာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တောက်တဲ့လျာနှင့် ကိုယ်တွင်းအင်္ဂါများကို စားသုံးခြင်းသည် အိတ်ခ်ျအိုင်ဗွီကို ကုသနိုင်သည်ဟု အမွှမ်းတင် ရေးသားပြောဆိုမှုများကြောင့် တောက်တဲ့ကို စားသုံးမှု သိသိသာသာ မြင့်တက်စေခဲ့ကြောင်း Traffic Southeast Asia (TSA) အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ရောဂါပျောက်သည်ဆိုသော ပြောဆိုမှုများသည် ချဲ့ကားထားသော လှိမ့်လုံးများ ဖြစ်ကြောင်း (TSA)က ပြောကြားခဲ့သည်။  အိတ်ခ်ျအိုင်ဗွီနှင့် ပန်းသေမှုအား တောက်တဲ့သုံး၍ ကုသခြင်းသည် လူနာကို အန္တရာယ်ဖြစ်စေကြောင်း ဖိလစ်ပိုင်အစိုးရက ဇူလိုင်လတွင် သတိပေးခဲ့သည်။ ဆီးချို၊ ပန်းနာရောဂါ ၊ အရေပြားရောဂါနှင့် ကင်ဆာတို့ကဲ့သို့ ရောဂါများအတွက် တောက်တဲ့ကို တိုင်းရင်းဆေးအဖြစ် အာရှတွင် သုံးစွဲနေသည်မှာ ကြာပြီဖြစ်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။

တောက်တဲ့အသေများကို အခြောက်ခံကာ အမှုန့်လုပ်၍ စားသုံးကြသည်။ အချို့အာရှနိုင်ငံများတွင် စွမ်းအားမြှင့်တင်ရေးအတွက် တောက်တဲ့ကို ၀ိုင်နှင့် ၀ီစကီလုပ်ကာ သောက်သုံး ကြသည်။ အာရှတွင် တောက်တဲ့ ကုန်သွယ်မှု၌ မလေးရှားသည် ဗဟိုချက်ဖြစ်လာနေသည်။ ကမ္ဘောဒီးယား၌ တောက်တဲ့ ၁၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ရာ မလေးရှားသို့ တင်ပို့မည်ဟု ယုံကြည်ရသည်။

Eleven Media - အိတ်ခ်ျအိုင်ဗွီကုသနိုင်သည်ဟု ယူဆမှုများကြောင့် အာရှတောက်တဲ့များ မျိုးသုဉ်းမည့် အန္တရာယ်ရှိနေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top