6
Mar

အာသာဖြေရုံနဲ့ HIV ပိုး ကူးစက်နိုင်ပါသလား

မေး။    ။ ကျွန်တော် အကာအကွယ် သုံးပြီး လိင်ဆက်ဆံမိခဲ့ ပါတယ် နောက် 10 ရက်အကြာမှာ အပြင်းအထန် ဖျားခဲ့ပါတယ် 6 weeks အကြာ ဆေးစစ်ပါတယ်။ non-reactive ပါ၊ နောက် 12 weeks ထပ်စစ်ပါတယ်.. အဖြေက non reactive ပါ စင်တာကတော့ စိတ်ချရပြီး ပြေပာပါတယ်။ ဟုတ်ပါသလား။ နောက်ထပ် သိချင်တာက လိင်ဆက်ဆံဖော်က လက်နဲ့ အင်္ဂါကို အာသာဖြေပေးရင် ရောဂါ ကူးစက်နိုင်ပါသလား ဖြေကြားပေးပါ..

ဖြေ။    ။ သွေးစစ်ခဲ့တာ ဘယ်နေရာလဲ သိချင်ပါတယ်၊ အပြင်ဆေးခန်းမှာလား၊ ဓာတ်ခွဲခန်း မှာလား၊ ဒါမှမဟုတ် အန်ဂျီအိုတွေက ဆေးခန်းမှာလား ဆိုတာပါ။ ပုံမှန်အားဖြင့်တော့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီး ပထမ ၃ လ (၁၂ ပတ်) မှာ Non-reactive ဖြစ်ရင် နောက် ၆ လ (၂၄ ပတ်) အကြာမှာ ထပ်စစ်ပြီးလို့ non-reactive ဖြစ်မှ စိတ်ချရပါတယ်။

အခု စစ်ဆေးတာက ဘယ်လိုနည်းလမ်းနဲ့ စစ်ဆေးတယ်ဆိုတာကို မသိရလို့ စင်တာက ပြောတဲ့ စိတ်ချရပြီဆိုတာကို ကျနော်တို့ အနေနဲ့ အတည်မပြုပေးနိုင်သေးပါဘူး။ သေချာအောင် နောက်ထပ် ၃ လ ထပ်စောင့်ပြီး ထပ်စစ်စေချင်ပါတယ်။ သံသယ လုံးဝ ကင်းသွားအောင်ပါ။ လိင်ဆက်ဆံဖော်က လက်နဲ့အင်္ဂါကို အာသာဖြေတယ်ဆိုတာ ဘယ်လိင်အင်္ဂါလဲဆိုတာ သိမှ ပိုပြီး ဖြေရလွယ်ပါမယ်။

ဥပမာ - ကောင်မလေးက ကောင်လေးကို ဂွင်းတိုက်ပေးတယ် ဆိုရင် ကောင်မလေးကို ကူးဖို့ အခွင်းလမ်းနည်းပါတယ်..
ဥပမာ - ကောင်လေးက ကောင်မလေး အင်္ဂါစပ်ထဲ လက်ထည့်ပြီး အာသာဖြေပေးရင်တော့ ခုန ဥပမာထက် ပိုးကူးဖို့ အခွင့်လမ်းပိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးရဲ့ မိန်းမကိုယ်မှာ လိင်အင်္ဂါရည် ပိုထွက်လို့ပါ။ ဒီနေရာမှာ HIV သာမက တခြား ကာလသားရောဂါ ပိုးတွေလည်း ကူးစက်တတ်ပါတယ်။

လက်နဲ့ အာသာဖြေတာနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံတာကို နှိုင်းယှဉ်ရင်တော့ လက်နဲ့ အာသာဖြေတာက HIV ပိုးကူးစက်ဖို့ အခွင့်အလမ်း နည်းတယ်လို့ ဆိုကြပါတယ်....

မေး။    ။ ကျွန်မသည် ရည်စားမထားဖူးပါ သူငယ်ချင်း မိန်းကလေးများနဲ့ အတူတူနေတိုင်း အာသာဖြေပါတယ် ကျွန်မ လိင်ဆက်ဆံဖော်များနဲ့ အာသာဖြေတဲ့အခါ AIDS ဖြစ်နိုင်ပါသလား..

ဖြေ။    ။ သူငယ်ချင်း မိန်းကလေးတွေနဲ့ အတူ အာသာဖြေတယ်ဆိုတာ ဘယ်လိုပုံစံ အာသာဖြေလဲ အပေါ်မူတည်ပြီး HIV ပိုး ကူးနိုင်/မကူးနိုင် ကို ပြောလို့ရမှာပါ။ မေးခွန်းမှာက AIDS ဖြစ်နိုင်ပါသလားလို့မေးထားပါတယ်။ AIDS မဖြစ်ခင် HIV ပိုး အရင်ကူးစက် ရပါတယ်။ ဒီတော့ အသာဖြေပုံ မျိုးစုံကနေ HIV ပိုးဘယ်လိုကူးလဲ သိမှ AIDS ဖြစ်နိင်/မဖြစ်နိုင် သိရမှာပါ။

ဥပမာ- တခြားမိန်းကလေးနဲ့ ပွတ်သက်ရုံ၊ ပွေ့ဖတ်ရုံနဲ့တော့ HIV ပိုးမကူးနိုင်ပါ။ သို့သော်
- မိန်းကလေးမချင်းချင်း ခပ်ကြမ်းကြမ်း နုတ်ခမ်းချင်း နမ်းခြင်း၊
- အမျိုးသမီး လိင်အင်္ဂါကို ပါးစပ်ဖြင့် နမ်းစုပ်ခြင်း၊
- အမျိုးသမီးတစ်ဦး၏ လိင်အင်္ဂါအတွင်း တခြားတစ်ဦးမှ လက်ဖြင့်ထည့်သွင်း အာသာဖြေခြင်း၊
- လိင်တံအတုများဖြင့် တစ်ယောက်တစ်လှည့် ထည့်သွင်း အာသာဖြေခြင်း မျိုးတွေက HIV ပိုးကူးနိုင်ခြေ ရှိပါတယ်။ တစ်ဦးမှာ HIV ပိုးရှိနေရင် နောက်တစ်ယေက်ကို ကူးနိုင်ပါတယ်။ ဒါ့အပြင် ကာလသား ရောဂါပိုးတွေ၊ အသည်းရောင် အသားဝါ ဘီ၊ စီ ပိုးတွေပါ ကူးစက်တတ်ပါတယ်။

လေးစားလျက်
လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top