Weekly Eleven
No – 46 Vol – 12 (29/08/2007)
ဇွန်လ ၄ ရက်နေ့ တွင် မော်လမြိုင်မြို့ ရှိ
လူငယ်ပရဟိတအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် ဖြူစင်စေတနာအဖွဲ့ မှ HIV နွှယ်မိဘမဲ့ မောင်-------- (၈)နှစ်၊မ--------(၅)
နှစ်တို့ အား HIV/AIDS ဝေဒနာရှင်များစောင့်ရှောက်သည့်
ကျိုက္ခမီရှိ(မေတ္တာကြေးမုံ) ဂေဟာသို့ လွှဲပြောင်းပေးခဲ့ ကြောင်းသတင်းရရှိသည်။
အဆိုပါဂေဟာသည် သံဖြူဇရပ်မြို့ နယ်၊ ကျိုက္ခမီမြို
့၊ရန်အောင်မြင်ရပ်ကွက်၊ ဆင်ပုန်းလမ်းတွင်တည်ရှိပြီး ALLANCE အဖွဲ့ ၏အထောက် အပံ့ဖြင့်ဖွင့်လှစ်ခဲ့ကြောင်း
သိရသည်။ လွန်ခဲ့သော (၁၀) နှစ်ကျော်က ဒေါ်မြသွေး(၅၅) နှစ်ကစတင်ဖွင့်လှစ်ခဲ့ရာ
မွန်ပြည်နယ်တစ်ခု တည်းသော HIV/AIDS ဝေဒနာရှင်များအား
လက်ခံကူညီစောင့်ရှောက်သော ဂေဟာတစ်ခုဖြစ်ကြောင်းသိရသည်။
“ကျွန်မတို့ က မိဘဆွေမျိုးတွေရဲ့ မေတ္တာမရရှိတဲ့ HIV/AIDS နွှယ်ကလေးတွေကို ပညာသင်ကျွေးမွေးထားတာ ၂၅
ယောက်ရှိပါတယ်၊ ဒီကလေးနှစ်ယောက်ဆိုရင်လဲ လာဆက်သွယ်ကတည်းက သူတို့ အတွက်
မိဘနှစ်စုံကို စီစဉ်ထားတော့ သူတို့ ကလည်း သားသမီး၊ တွေဘယ်တော့လာမလဲလို
့မျှော်နေကြတာ။ လာကြတော့လည်း ကိုယ်ကလေးတွေ အဝေးကပြန်လာသလို နွေးနွေး၊ထွေးထွေးနဲ့ 
မိသားစု အသိုင်းအ၀ိုင်းလေးနဲ့ ဆက်ဆံစောင့်ရှောက်ပါတယ်” ဟုဒေါ်မြသွေးက
ပြောဆိုသွားခဲ့သည်။
အဆိုပါဂေဟာသို့ HIV/AIDS နွှယ် ကလေးများအပပ်နှံပါက ကလေးနှင့်ပတ်သက်၍
တာဝန်ရှိသူက ခွင့်ပြုလက်မှတ်၊မိဘအမည်၊ နေရပ်၊ ဆိုင်ရာရပ်ကွက်ထောက်ခံစာယူ၍
အရွယ်ရောက်ကာ မိဘ ဆွေမျိုးများထံပြန်လိုက ပြန်ခွင့်ပြုကြောင်း၊ ကလေးငယ်တို့ ၏
ရပ်တည်မှုခက်ခဲသည့် မိဘမဲ့ကာလတစ်ခုအား မေတ္တာ၊ပညာပေး စောင့်ရှောက်ပေးခြင်း ဖြစ်သည်ဟု
သိရပါသည်။
မောင်မောင်ရွှေမြိုင် Weekly Eleven
No – 46 Vol – 12 (29/08/2007)




