13
Jan

အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များကို ပိုမိုနှစ်သိမ့်ဆွေးနွေးပညာပေးနိုင်ရန် ရုံးခွဲခြောက်ရုံး တိုးချဲ့ဖွင့်လှစ်မည်

အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များကို နှစ် သိမ့်ဆွေးနွေးပညာပေးလုပ်ငန်း များ တိုးမြှင့်လုပ်ဆောင်နိုင်ရန် လာမည့်နှစ်အတွင်း ရုံးခွဲ ခြောက်ရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အေအာရ်တီဆေးပေးသည့် နေရာများနှင့် ချိတ်ဆက်ပေးခြင်း နှင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများ ပြုလုပ်နေသော မြန်မာနိုင်ငံ အိတ်ခ်ျအိုင်ဗီနှင့် နေထိုင်သူအသင်း (Myanmar Positive Group)မှ ၎င်းတို့၏ ရုံးခွဲများကို စစ်တွေ၊ မိတ္ထီလာ၊ ဘားအံ၊ မြိတ်၊ လားရှိုး၊ ပခုက္ကူမြို့တို့၌ ၂၀၁၅တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

‘‘နယ်ဒေသတွေမှာ လက် လှမ်းမီအောင် မြို့ကြီးတွေရဲ့ ၀န် ထုပ်ဝန်ပိုးလျော့ကျသွားအောင် လာမယ့်နှစ်မှာ တားဂတ်လုပ်ထား တယ်။ ၂၀၁၆ မှာဆိုရင် ရုံးခွဲ ၂၀ လောက်ထိ ဖွင့်ဖို့ မှန်းထားတယ်။ ရုံးခွဲတွေမှာ ထားမယ့် ၀န်ထမ်းတွေရဲ့ အရည်အသွေးပိုင်းတွေကိုလည်း မြှင့်တင်သွားမယ်’’ဟု မြန်မာနိုင်ငံ အိတ်ခ်ျအိုင်ဗီနှင့် နေထိုင်သူအသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။

၂၀၁၃ အောက်တိုဘာ မှ ၂၀၁၄ ဇန်န၀ါရီအထိ မြန်မာနိုင်ငံရှိ အေအာရ်တီဆေးပေးလုပ်ငန်းများတွင် အိတ်ခ်ျအိုင်ဗီပိုးရှိသော အုပ်စုများပါဝင်နိုင်မည့် အခန်းကဏ္ဍကို အကဲဖြတ်ရန် အရည် အသွေးဆိုင်ရာ လေ့လာမှုတစ်ခု ကို ဆေးသုတေသနနှင့် ပူးပေါင်း ၍ ဒေသ ခြောက်ခုတွင် ပြုလုပ်ခဲ့ ရာ ဆေးပေးသောနေရာများမှာ မြို့ကြီးများ၌ တည်ရှိနေခြင်း၊ ၀န်ဆောင်မှုပေးရာတွင် ၀န်ထမ်းများ၏ ခွဲခြားဆက်ဆံလိုသည့် သ ဘောထားများနှင့် အရည်အသွေး နိမ့်သော ၀န်ဆောင်မှုများကြောင့် လူနာများ ဆေးလာမယူခြင်းတို့ တွေ့ရှိရသည်။

‘‘ဆေးပေးစင်တာတွေမှာ ဆေးမထုတ်ကြတာက ၀န်ဆောင် မှုကောင်းကောင်းမပေးနိုင်လို့။ ပေးနိုင်ရင် အလိုလိုပြည့်သွားမှာပဲ။ ပြီး တော့ လူနာတွေက ကိုယ်နေတဲ့ မြို့နယ်အတွင်းမှာ ဆေးမထုတ်ချင် ကြဘူး။ ဘာကြောင့်လဲဆိုတော့ ဘေးပတ်ဝန်းကျင်က သိမှာစိုးရိမ် နေကြတယ်။ ဒီထက်ပိုကြီးတဲ့ လေ့လာမှုတွေ လိုအပ်တယ်။ သူတို့ကို အသိအမှတ်ပြုရုံနဲ့မပြီးပါဘူး။ ဒီ လူတွေကို တန်ဖိုးထားရမယ်’’ဟု အေအာရ်တီဝန်ဆောင်မှုပေးနေ သူတစ်ဦးက ရှင်းပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီရောဂါခံစားရသူ တစ် သိန်းကိုးသောင်းခန့်ရှိကာ အေအာရ်တီဆေး လိုအပ်နေသူ တစ်သိန်းနှစ် သောင်းကျော်ရှိနေသော်လည်း ၂၀၁၃ ၌ လူဦးရေ ခုနစ်သောင်းခွဲကိုသာ ဆေးပေးနိုင်သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

7 Day Daily -အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များကို ပိုမိုနှစ်သိမ့်ဆွေးနွေးပညာပေးနိုင်ရန် ရုံးခွဲခြောက်ရုံး တိုးချဲ့ဖွင့်လှစ်မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top