13
Apr

အိတ်ခ်ျအိုင်ဗွီနဲ့ အတူနေပါတယ်



ရော့ဘ်ဒေါ်ဆင် မှာအလုပ်တာဝန် တစ်ခုရှိနေပါတယ်။
သူ့အလုပ်က သူ့ဘဝကို အရေးပါအောင် လုပ်ဖို့ဘဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက
သူ့မှာ HIV ပိုးရှိနေတာကို သိရတဲ့ အချိန်ကစပြီး သူ့ရဲ့ဘဝဟာ ပြောင်းလဲသွားတယ်လို့
သူကပြောပါတယ်။

 

အကြောင်းကတော့ ဖြစ်ရပ်တွေအပေါ်မှာ
ကွဲပြားခြားနားတဲ့အမြင် သူ့မှာရှိတယ်လို့ သူကဆိုပါတယ်။ သူ့ရဲ့အနေအထားကို
သိနားလည်ရာမှာ ပိုကောင်းလာပြီး သူ့ဘဝကို ပိုပြီးအရေးပါအောင် လုပ်ဆောင်နေတယ်လို့
သူကဆိုပါတယ်။

 

နောက် ၁၅နှစ်အကြာမှာ သူဟာဘယ်နေရာမှာ ရှိနေတယ်ဆိုတာ
တွေးကြည့်ပြီး ကောင်းတဲ့နည်းလမ်းနဲ့ သူကတစ်ခုခု လုပ်ခဲ့တာ ဖြစ်ချင်နေတယ်လို့ မစ္စတာ
ဒေါ်နယ်ဆင်က ပြောပါတယ်။

 

အမေရိကန်မှာ လိင်တူချင်း ဆက်ဆံတဲ့
အမျိုးသားတွေကြားမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်နေတာကို ဆရာဝန်တွေက စတင် သတိထားမိပါတယ်။
ဗိုင်းရပ်ပိုး ရှိနေသူတွေကို ဘာမှ အကူညီ မပေးနိုင်ခဲ့ကြပါဘူး။

 

နောက် ၁၀နှစ်ကြာတဲ့အခါမှာလည်း ထိရောက်တဲ့
အိတ်ခ်ျအိုင်ဗွီ ကုသဆေးကို အတွေ့ရသေးပေမဲ့ ဗိုင်းရပ်နဲ့အတူတူ အချိန်ကြာကြာ
အသက်ရှင်နေလို့ ရတယ်လို့ သိလာရပါတယ်။

 

အခု အိတ်ခ်ျအိုင်ဗွီနဲ့ အတူနေထိုင်ခြင်းလို့
အမည်ပေးထားတဲ့ စာအုပ်တစ်အုပ်ကို အမျိုးသား အေစ်ခ်ျ လက်စွဲ(အင်န်အေအမ်) ကထုတ်ဝေလိုက်ပြီး
စာအုပ်မှာ သွေးစစ်ခြင်း ကုသမှု၊ အလုပ်လုပ်ကိုင်ခြင်း၊ လိင်ကိစ္စ၊ မိခင်က ကလေးကို
ကူးစက်ခြင်း အိတ်ခ်ျအိုင်ဗွီ ကူးစက်ခြင်းဆိုင်ရာ ရာဇဝတ်မှု စတဲ့ ခေါင်းစဉ်တွေကို
ဆွေးနွေးထားပါတယ်။

 

အိတ်ခ်ျအိုင်ဗွီနဲ့ အတူနေထိုင်ခြင်း စာအုပ်မှာ
ဒေါ်ဆင်ရဲ့ အကြောင်းလဲပါပါတယ်။ သူ့မှာ အိတ်ခ်ျအိုင်ဗွီ ရှိနေပြီလို့ သိရတဲ့အခါမှာ
သူ့အတွက် ဘာတွေ ဆက်ဖြစ်ဦးမယ် ဆိုတာကိုလဲ သူကသိနေတယ်လို့ ဆိုပါတယ်။

 

သွေးစစ်ဆေးမှုအပေါ် သူ့ရဲ့တုံ့ပြန်မှုဟာ
အံ့အားသင့်စရာ ဖြစ်နေပြီး ပထမပိုင်းမှာ မစ္စတာဒေါ်ဆင်ဟာ အလုပ်သွားနိုင်ခဲ့ပေမဲ့
နောက်နှစ်မှာတော့ သူရောဂါဒဏ်ကို ခံရပါတော့တယ်။

 

သူမျှော်လင့်မထားတာက ရောဂါရဲ့
တိုက်ခိုက်မှုတွေဖြစ်ပါတယ် အိမ်မက်ဆိုးတွေ မက်ပြီးသူဟာ အသက်ရှူ ကြပ်လာပါတယ်။
အရေပြားမှာ ယားယံနီရဲလာပါတယ် ပင်ပန်းလာတယ် အစာအိမ် ဆက်တိုက်မပြတ် နာလာတယ်။
တစ်စစီတောင် ဖြစ်သွားပြီလို့ သူထင်လာပါတယ်။

 

ဒါတွေဟာ သူ့ဘဝကို အပြောင်းအလဲ ဖြစ်စေတယ်လို့
သူကဆိုပါတယ်။ သူ့ရည်းမှန်းချက် ပန်းတိုင်တွေ မပြည့်သေးဘူးလို့ သူတွေးမိပြီး
ထိတ်ထိတ်ပြာပြာ ဖြစ်လာတာ သူ့အတွက် ခံစားမှုအသစ်လို့ သူကဆိုပါတယ်။

 

စာအုပ်မှာ လွန်ခဲ့တဲ့ ၁၈နှစ်ကတည်းက
အိတ်ခ်ျအိုင်ဗွီပိုးရှိနေပြီဖြစ်တဲ့ လော့ခရစ်စမစ်က အမှာစာရေးပါတယ်။ အဲဒီစာအုပ်က
အိတ်ခ်ျအိုင်ဗွီ ပိုးရှိနေတဲ့သူတွေကို အရေးပါတဲ့ လက်နက် ကိရိယာ တစ်ခုကို
ပေးအပ်လိုက်သလိုဘဲလို့  မစ္စတာ စမစ်က
ဆိုပါတယ်။

 

၁၉၈၈ ခုနှစ်က သတင်းပြန်ကြားရေးဆိုတာဟာ
အိတ်အိုင်ဗွီ ဆိုတာကို နားလည်မှုမှာ အဓိကသော့ချက်ဖြစ်နေပါတယ်။ အခုအချိန်မှာလဲ
သတင်းပြန်ကြားရေးဟာ အရေးပါဆဲ ဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ သည်စာအုပ်ကို အခမဲ့
တောင်းယူနိုင်ပါတယ်။

 

British Broadcasting Corporation, Aug 6, 2006

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top