21
Feb

အိတ်ခ်ျအိုင်ဗွီပိုးရှိသူ အမျိုးသမီးများအနှင့် အလုပ်ရှင်များအကြား အလုပ်ခန့်ပေးရေး ဆွေးနွေးမည်

အိတ်ခ်ျအိုင်ဗွီပိုးရှိသူ အမျိုးသမီးများကို အလုပ်ခန့်ပေးရန်နှင့် ယင်းတို့နှင့် အလုပ်ရှင်များ အကြားနားလည်မှု ရှိစေရန် Myanmar Positive Women Network က ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ Net-work မှ သိရသည်။

အဆိုပါ အဖွဲ့အစည်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ် ရုံများတွင် လုပ်ကိုင်လျက်ရှိသော အိတ်ခ်ျအိုင်ဗွီပိုးရှိ အမျိုးသမီးများ နေထိုင်မ ကောင်းဖြစ်ခြင်းကြောင့် ခွင့်ယူခြင်းကိုလည်း အလုပ်ရှင်များက နားလည်မှုပေးရန်နှင့် လုပ်ဖော်ကိုင်ဖက်များကလည်း နှိမ့်ချခြင်း မပြုရန် ယင်းစက်ရုံ အလုပ်ရုံများသို့ ယခုလအတွင်း လိုက်လံဆွေးနွေး အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''သာကေတ အထည်ချုပ်စက်ရုံက အစ်မတစ်ယောက်ဆိုရင် သူ့မှာ အိတ်ခ်ျအိုင်ဗွီပိုးရှိတာကို ဖွင့်မပြောဘူး။ ဒါပေမဲ့ အလုပ်ရှင်ကရိပ်မိတဲ့ အတွက် ဆေးရုံ၊ ဆေးခန်းသွားဖို့ ခွင့်ပြုပေးတယ်။ သူဌေးက လုံးဝကို မခွဲခြားဘူး။ အစ်မ တို့နဲ့လဲ နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ဒီလို လိုက်ပြောတာကလဲ အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့ အမျိုးသမီးတွေဟာ နေမကောင်းတုန်း ခဏသာ အလုပ်မလုပ်နိုင်တာ။ ဆေးခန်းပြရတာ။ ART ဆေးသောက် ပြီးလို့ နေကောင်းရင် လူကောင်းအတိုင်း ပဲ အလုပ်လုပ်နိုင်တယ်။ အိတ်ခ်ျအိုင်ဗွီ ဖြစ်တိုင်း သေမှာပဲဆိုတဲ့ အယူအဆကိုလဲ ပျောက်စေချင်လို့'' ဟု Myanmar Positive Women Network မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အဖွဲ့အနေဖြင့် စက်ရုံ၊ အလုပ်ရုံများသို့ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူများ လာရောက်လျှောက်ထားပါကလည်း ခန့်ထားပေးရန် ဆွေးနွေးသွားမည်ဖြစ်ပြီး သန်လျင်ဖန်ချက်စက်ရုံ၊ သာကေတ အထည်ချုပ်စက်ရုံ၊ တောင်ဒဂုံ အထည် ချုပ်စက်ရုံများတွင် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

[နွေအိဇင်၊ ရန်ကုန်]

Yangon Media Group - အိတ်ခ်ျအိုင်ဗွီပိုးရှိသူ အမျိုးသမီးများအနှင့် အလုပ်ရှင်များအကြား အလုပ်ခန့်ပေးရေး ဆွေးနွေးမည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top