အိတ်ခ်ျအိုင်ဗွီဝေဒနာရှင်များ အသက်ရှည်စွာ နေထိုင်ရဖွယ်ရှိမှုတွင် ကြီးမားသော စိန်ခေါ်မှုများရှိနေ
ကမ္ဘာတစ်ဝန်းရှိ
အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသည့် လူသန်းပေါင်းများစွာမှာ အသက်အရွယ် အိုမင်းချိန်အထိ
အသက်ရှင်သန် နေထိုင်နိုင်ဖွယ် ရှိသည်ဟု ကြိုတင် ခန့်မှန်းခဲ့ကြောင်း သိရသည်။ ယင်းသည်
ဗိုင်းရပ်စ်ပိုး နှိမ်နင်းသည့် အသက်ကယ်ဆေးဝါးတို့၏ အကျိုး အာနိသင်ကြောင့် ဖြစ်ပြီး
အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူများ အနေဖြင့် အသက် (၆၀) ကျော်အရွယ်အထိ အသက် ရှင်ဖွယ်ရှိကြောင်း
ဗီယင်နာမြို့တွင် ကျင်းပသော (၁၈) ကြိမ်မြောက် နိုင်ငံတကာ အေအိုင်ဒီအက်(စ်) ညီလာခံတွင်
ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အသက်ရှင်နိုင်သူများမှာ အနောက်နိုင်ငံများမှ
ဝေဒနာရှင်များ အဓိကဖြစ်ပြီး ၎င်းတို့၏နောက်မှ အာဖရိကနှင့် အခြားသော ဆင်းရဲသည့် နိုင်ငံများ ရှိနေမည် ဖြစ်သည်။
The Yangon Times
- အိတ်ခ်ျအိုင်ဗွီဝေဒနာရှင်များ အသက်ရှည်စွာ နေထိုင်ရဖွယ်ရှိမှုတွင် ကြီးမားသော စိန်ခေါ်မှုများရှိနေ




