13
Apr

အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဗဟုသုတပွဲတော် ရန်ကုန်နှင့် ပဲခူးတွင် ကျင်းပ



ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ ဆရာဝန်များအသင်းနှင့် ကမ္ဘာ့
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) တို့မှ ပူးပေါင်း၍ အိတ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်စ် ပွဲတော်ကို ရန်ကုန်နှင့် ပဲခူးတို့တွင် ကျင်းပကြောင်းသိရသည်။

 

“မနှစ်ကတော့ ရန်ကုန်မှာဘဲ လုပ်ဖြစ်တယ် ဒီနှစ်တော့
ရန်ကုန်နဲ့ ပဲခူးနှစ်မြို့ ခွဲပြီးလုပ်မှာ ဖြစ်ပါတယ်။ရန်ကုန်မှာ ဒီဇင်ဘာ ၁၅ရက်
၁၆ရက်နဲ့ ပဲခူးမှာ ၈ရက် ၉ရက်လုပ်ဖို့ သတ်မှတ်ထားပါတယ်။ အိတ်အိုင်ဗွီ အေအိုင်ဒီအက်
လူငယ်ကျန်းမာရေး သင်တန်းတွေလဲ တစ်နှစ်လုံး ၉ကြိမ်လောက် ဖွင်လှစ်နိုင်ခဲ့ပါတယ်။”
ဟုမြန်မာနိုင်ငံ ဆရာဝန်များ အသင်းမှ အတွင်းရေးမှူး ဒေါက်တာ နေဝင်းက 7 day news
သို့ ပြောကြားပါသည်။

 

ယခုကျင်းပမည့် အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်ဆိုင်ရာ ဗဟုသုတပွဲတော်တွင် ပြခန်းများ ဉာဏ်စမ်း အမေးအဖြေ ကဏ္ဍများ
ပါဝင်မည်ဖြစ်ပြီး အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူငယ်ကျန်းမာရေး
သင်တန်းများကိုလဲ ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့များတွင် ဖွင့်လှစ်သင်ကြား
ပေးနိုင်ခဲ့ကြောင်းနှင့် အနာဂတ်၏ တွဲလက်များ စီးရီး ခေါင်းစဉ်ဖြင့်
အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဆိုင်ရာ ဗဟုသုတ ပညာပေး သီချင်း စီးရီးခွေလဲ
ထွက်ရှိပြီးဖြစ်ကြောင်း သိရပါသည်။

7 day news (29-11-2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top