7
Apr

အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအတွက်ပြုစုစောင့်ရှောက်မှု လုပ်ငန်းများဖြင့် ကူညီ



မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်
အေ့ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအား အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်နိုင်ရန်
“ပြည်သူလူထု အခြေပြု အိမ်တွင်း ပြုစုစောင့်ရှောက်ရေးလုပ်ငန်း” ကို ဧပြီလည်က
စတင်ခဲ့သည်။

 

အိတ်ခ်ျအိုင်ဗီ နဲ့နေထိုင်သူတွေ တစ်ခါမဟုတ်တစ်ခါ
ဝေဒနာဖြစ်လေ့ရှိတော့ ဆေးရုံတက်ရမယ်ဆိုရင် ဆေးရုံလဲ ဝန်ပိုတယ်။ သူတို့လဲ
ပိုက်ဆံကုန်တယ်။ ဒါ့ကြောင့် တော်ရုံရောဂါလောက်ဆို စောင့်ရှောက်နိုင်ဖို့
ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။” ဟု မန္တလေးတိုင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့်
ကာလသားရောဂါတိုက်ဖျက်ရေး အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာသန်းဝင်းက ပြောသည်။

 

ထို့အတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ
ရွေးချယ်ထားသော စေတနာ့ဝန်ထမ်း ၂၀ကိုသင်တန်းပေးကာ လိုအပ်သော လူနာပြုစု ပစ္စည်းများပါ
ဖြန့်ဝေပေးမည်ဖြစ်ပြီး အခြားမြို့နယ်များကိုပါ ဆက်လက်တိုးချဲ့
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အေအိုင်ဒီအက်စ်နှင့် နေထိုင်သူများကိုလဲ
ထိုရောဂါအကြောင်းနှင့် ပတ်သက်ပြီး သိနားလည်စေရန် သူနာပြုတက္ကသိုလ်မှ ဆရာမတစ်ဦးက
လာရောက်ဟောပြော ပို့ချခဲ့ကြောင်းသိရသည်။

မြန်မာတိုင်း(မ) ၁၁၊၅၊၂၀၀၇

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top