11
Apr

အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူ အရေအတွက် ယခင် သန်း၄၀မှ ယခု၃၃သန်းသို့ ပြင်ဆင်



ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၀၇ ခုနှစ်အတွက်
အိတ်ခ်ျအိုင်ဗီနှင့် နေထိုင်သူ အရေအတွက်ကို ယခင်က သန်း၄၀ ခန့်မှန်းထားရာမှ ယခု
၃၃သန်းမျှ သာရှိသည်ဟု ပြင်ဆင်လိုက်ကြောင်း သတင်းရရှိသည်။

 

ယင်းသို့ လျော့ချရခြင်းတွင် အဓိကအားဖြင့်
အိန္ဒိယနိုင်ငံ၏ စာရင်းဇယား ပိုမိုမှန်ကန်လာမှုကြောင့်ဟု သိရသည်။ သို့ရာတွင်
ကမ္ဘာတစ်ဝန်း အတိုင်းအတာအရ အသစ်ဖြစ်နှုန်းနှင့် သေဆုံးနှုန်း လျော့ကျလာနေသော်လည်း
နေ့စဉ်ရောဂါရှင် အသစ် ၆၈၀၀မျှနှင့် သေဆုံးသူ ၅၇၀၀ခန့် ရှိနေသေးသည်ဟု သိရသည်။

 

အာဖရိက ဆာဟာရဒေသတွင် အိတ်ခ်ျအိုင်ဗွီနှင့်
နေထိုင်သူ ၂၂.၅သန်းရှိနေလျက် ရောဂါရှင်သစ်သည် တစ်နှစ်လျင် ၁.၇သန်း ဖြစ်လာနေသည်။
ယခင်နှစ်ထက် စာလျင် နည်းလာသည်ဟု သိရသည်။ အာရှတွင် ၄.၉သန်းခန့်ရှိကာ
ဗွီယက်နမ်နိုင်ငံတွင်မူ ၂၀၀၀ ပြည့်နှစ်ကထက် နှိုင်းစာလျင် နှစ်ဆမျှတက်သည်ဟု တင်ပြထားသည်။

 

ဥရောပတွင်လည်း ဦးရေတိုးလာနေကာ ၂၀၀၁ခုနှစ်၏
၁.၂၅သန်းမှ ယခု၂.၄သန်း ဖြစ်လာသည်ဟု ဆိုပါသည်။ မည်သို့ပင် ဆိုစေကာမူ ကုလသမဂ္ဂ
အိတ်ခ်ျ အဖွဲ့၏ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ ပီတာပီယော့က“ အချက်အလက် ကိုင်တွယ်မှု
ပိုမိုကောင်းလာတာကြောင့် ရောဂါအနေအထားကို ပိုပြီးပီပီပြင်ပြင် မြင်ရပါတယ်။
စိန်ခေါ်ချက်တွေကို မြင်သာသလို ဆောင်ရွက်ရမယ့် လမ်းသစ်တွေကိုလဲ မြင်ရပါတယ်” ဟု
ပြောသည်။

 

ယင်းတို့သည် ရင်းနှီး မြှုပ်နှံရမှုနှင့်
ကောင်းကျိုးရလဒ်များကို ပြသည်ဟု မှတ်ယူကြသည်။ ၁၉၀၀ နှစ်များတွင် တစ်နှစ်လျင်
သုံးသန်းမျှ အသစ်ဖြစ်ပွား နေခဲ့ရမှ ယခု၂.၅သန်းသို့ ကျဆင်းလာခြင်း ဖြစ်သလို ယခုအခါ
တစ်နှစ်လျင် ၂.၁သန်းမျှသာ သေဆုံးကြရခြင်းသည် ရောဂါကုထုံး အသစ်ဖြစ်သော ပဋိပုံလှန်
ဗိုင်းရပ်စ်ကုထုံးကို ပို၍ လက်လှမ်းမှီလာကြသောကြောင့် ဖြစ်သည်ဟုသိရသည်။

 

သို့ရာတွင် ခန့်မှန်းမှု မည်မျှတိကျကြောင်းကိုမူ
ဝေဖန်သူများ ရှိနေဆဲဖြစ်သည်။ ခုခံအားကျ စောင့်ရှောက်ရေး ဖေါင်ဒေးရှင်း၏ ပညာရှင်
မိုက္ကယ်ဝိုင်းစတိုင်းက အိတ်အိုင်ဗွီ ပိုးဝင်နေသူ အများစုသည် သူတို့တွင်
ရောဂါရှိနေကြောင်းကိုပင် မသိကြသဖြင့် အတိအကျ သိရန်မှာ ခဲယဉ်းသည်ဟု ထောက်ပြထားသည်။

 

Flower News (December 4- 2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top