6
Mar

အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံ မိဘမဲ့ကလေးများ သုခရိမြုံ စီမံချက်သို့ လှူဒါန်း



အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံမိဘမဲ့ ကလေးများကို
ဆေးဝါးကုသ အသိပညာလည်းသင် ပြုစုစောင့်ရှောက်နေသော သုခရိပ်မြုံ လူမှု ထောက်ပံ့ရေး
စီမံချက်အတွက် ဒေါင်းစာပေ မိသားစုမှ မထိုက်ထိုက်စိုးက မွေးနေ့ အလှူငွေ
ကျပ်တစ်သိန်း မောင်ဖြစ်သူ ဒေါက်တာချမ်းသာစိုးက အလှူငွေ ကျပ်တစ်သိန်း ဖေဖော်ဝါရီလ
၂၅ ရက်က လှူဒါန်းခဲ့သည်။

 

သံလျင်မှ ပြောင်းရွှေ့ လာသော သုခရိပ်မြုံ
လက်ရှိတည်နေရာဖြစ်သည့် ဒဂုံမြို့ သစ် အရှေ့ ပိုင်း၊ တစ်ပင်ရွှေထီးလမ်း အမှတ်
၉၇၉-၉၈၂ သို့ အဖြူ ရောင်သက်တံ့မှ ကဗျာဆရာအောင်ဝေး၊ ကဗျာဆရာစောဝေတို့ ၏
အစီအစဉ်ဖြင့် သွားရောက်လှူဒါန်းရာ သုခရိပ်မြုံ စီမံချက်တာဝန်ခံ ဒေါက်တာ စုထားက လက်ခံခဲ့သည်။

 

သုခရိပ်မြုံရှိ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံ မိဘမဲ့
ကလေးများအတွက် လှူဒါန်းလိုလျှင် ရွှေဗဟို အထူးကုဆေးခန်း ၂၄၅၇၂၉၊ ၀၉ ၅၀၀ ၇၉၅၅ နှင့်
ကဗျာဆရာစောဝေ ၀၉-၅၀၀၀၃၄၆ တို့ ထံ ဆက်သွယ်နိုင်ကြောင်းသိရသည်။

 

The Flower News Vol-3/No-10 March 6 2007

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top