16
Jul

အိတ်ခ်ျအိုင်ဗွီ ကူးစက်မှု အများစုမှာ အသိပညာမဲ့မှုကြောင့်ဟု မဖြူဖြူသင်းကဆို



မြန်မာပြည်မှာ စီးပွားရေးချို့တဲ့မှုနဲ့ ပညာပေးမှု အားနည်းတာကြောင့်
HIV/AIDS လူနာတွေ ပိုများပြားလာတဲ့ အခြေအနေမှာ ဒီလူနာတွေအတွက် စောင့်ရှောက် အကူအညီပေးမူတွေကို
အရင်ကထက် ပိုပြီး အခုချိန်မှာ တိုးချဲ့ဆောင်ရွက်ပေးနေတယ်လို့ မဖြူဖြူသင်းက ပြောပြပါတယ်။

အဖွဲ့ချုပ် ဒု-ဥက္ကဦးတင်ဦး၊ ဗဟိုအလုပ်အမှူဆောင်
ကော်မတီဝင် ဦးဝင်းတင် လွတ်လာပြီးနောက်ပိုင်း သူတို့ကိုယ်တိုင် မဖြူဖြူသင်းတို့ရဲ့
HIV/AIDS လူနာစောင့်ရှောက်ရေး လုပ်ငန်းကို အားပေးတာကြောင့် ပိုပြီး တိုးချဲ့လုပ်ကိုင်နိုင်တာလို့
မဖြူဖြူသင်းက ပြောပြပါတယ်။

“အရင်တုန်းကဆိုရင် ကျမတို့တွေက
နိုင်ငံတကာနဲ့လည်း လုပ်ကိုင် ဆောင်ရွက်တဲ့ အခါမှာ ကျမတို့ လူငယ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း
လုပ်ခဲ့တယ် ပေါ့နော်၊ တော်ုံတန်ုံ ကိစ္စတွေ
ကျမတို့ သတင်း အနေနဲ့ပဲ ဖြစ်ဖြစ် နောက်တခုက ဝေဒနာသည်တွေနဲ့ပဲ ဖြစ်ဖြစ် ကျမတို့ ထိန်းထိန်းသိမ်းသိမ်း
လုပ်ခဲ့တယ်။ အခုနောက်ပိုင်းတော့ အဘတို့ လွတ်လာတဲ့ နောက်ပိုင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး
ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လေ သူတို့ကိုယ်တိုင် ဝေဒနာသည်တွေ အိမ်လာပြီး ကြည့်တယ်။

“လိုအပ်ချက်တွေ ဘာတွေ
ဆက်လုပ်ရမယ်၊ နောက်တခုကကျတော့ နိုင်ငံတကာမှာ ရှိနေတဲ့ အဖွဲ့အစည်း အားလုံးနဲ့ရော ပြည်တွင်းက
အလှူရှင်တွေလည်း စိတ်ဝင်စားလာအောင် ပိုပြီးကြိုးစားပြီး လုပ်ဖို့အတွက်ကို အားပေးတာတွေ
ရှိလာတဲ့ အခါကျတော့ ကျမတို့ လုပ်ကိုင်ဆောင်ရွက် တာတွေကလည်း ပွင့်ပွင့်လင်းလင်း လုပ်ကိုင်ခွင့်
ရလာတယ်ပေါ့နော်၊ အဘတို့ အနေနဲ့လည်း သူတို့တတ်နိုင်တဲ့ ဘက်တွေကနေပြီးတော့ လိုအပ်တဲ့ဟာလေးတွေ
ကူညီပေးတာတွေ ရှိတဲ့ အခါကျတော့ ကျမတို့ ပိုပြီး လုပ်ကိုင်ဖြစ်တာ ပေါ့နော်။”

လောလောဆယ် တောင်ဒဂုံမှာ
ရှိတဲ့ လူနာတွေရဲ့ အိမ်ကို ဒီရက်အတွင်းမှာပဲ နောက်ထပ် လူ ၂၀ စာ အတွက် စတင်တိုးချဲ့နေသလို
တီဘီဆေးနဲ့ အေအာရ်ပီ ဆေးကိုလည်း တတ်နိုင်သလောက် တိုက်ပေးနေပြီး တချို့လူနာတွေရဲ့ မဖြစ်မနေ
ကူညီရမယ့် လူမှုရေး အခက်အခဲတွေကို မိသားစုလို ဖြေရှင်း ပေးနေသလို ကျန်းမာရေး ပညာပေး
လမ်းညွှန်မှုတွေကိုလည်း အပတ်စဉ် လုပ်သွားမယ်လို့ မဖြူဖြူသင်းက ပြောပြပါတယ်။

၂၀၀၂ ကစလို့
HIV/AIDS၊ TB ရောဂါသည် လူနာပေါင်း ၅, ၀၀၀ ကျော်ကို ဆေုးံပြသဖို့၊
သွေးစစ်ဖို့၊ သောက်ဆေးရဖို့ ကူညီပေးခဲ့ပြီး လတ်တလော လူနာ ၁၀၀ ဝန်းကျင်ကို လက်ခံ စောင့်ရှောက်
ထားပါတယ်။ ပိုပြီးတိုးချဲ့ လုပ်ကိုင်နေ ပေမယ့်လည်း အကူအညီတွေ ကတော့ လိုအပ်နေဆဲ ဖြစ်တယ်
လို့လည်း မဖြူဖြူသင်းက ရှင်းပြပါတယ်။

“ကျမတို့အခု လက်ရှိကတော့
ဒီလူနာတွေ နေဖို့အတွက်ကို ကျမတို့ဘာသာ ကျမတို့ ပေါ့နော် အခင်းတွေ ခင်းတယ်၊ အပေါ်တွေ
အထပ်တွေ ဘာတွေ တင်ပြီး လုပ်ထားတာ ရှိတယ်ပေါ့။ အဲဒါတွေလည်း ကျမတို့ အခု လက်ရှိအချိန်အထိ
လုပ်နေတုန်းပဲ။ သူတို့နေရတာ နည်းနည်း အဆင်ပြေအောင် ပေါ့နော်။”

“ကျယ်ကျယ်ဝန်းဝန်း မဟုတ်ပေမယ့်လည်း
နေလို့ရအောင် ဆိုပြီး ကျမတို့ တိုးချဲ့ပြီး လုပ်နေပါတယ်။ နေရာတွေ ဘယ်လောက်ပဲ ခက်ခက်။
လူနာတွေက တအားကို များများလာတယ်။ အခုဆိုရင် အိပ်ယာတောင် သူတို့ အခက်အခဲဖြစ်တယ်။ တအိမ်တည်းမှာကို
၆၀ - ၇၀ - ၈၀ အဲဒီလောက်ကို ထားရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်ပေါ့နော်၊ တကယ်ပြောမယ် ဆိုရင်တော့
ဒီ ဝေဒနာသည်တွေ နေဖို့ အတွက်ကို အဆောက်အဦးတွေက အများကြီး လိုအပ် နေပါသေးတယ်။”

မြန်မာနိုင်ငံမှာ ဝေဒနာ
ဖြစ်ပွားသူ အများစုကို ကြည့်မယ်ဆိုရင် အသိပညာမဲ့ မှုကြောင့် ကူးစက်ရတာကို အများဆုံး
တွေ့ရတယ်လို့ မဖြူဖြူသင်းက သူမရဲ့ အတွေ့အကြုံအရ ပြောပါတယ်။

“လူနာတယောက် ရှိတယ်။
ကလေး တယောက်ကလေ သူကတော့ ၄ နှစ်ရှိသွားပြီး၊ သုံးခွဘက်မှာ နေတာ၊ အဲဒီကလေး တယောက်ဆိုရင်
မိဘနှစ်ဦးစလုံးက HIV Negative ပေါ့နော်၊ မိဘတွေကလည်း သူတို့ သံသယ ဖြစ်တယ်။ သူတို့မှ
မရှိဘဲ ကလေး ဘာကြောင့်ဖြစ်လဲ ဆိုတော့၊ အဲဒီ နယ်တွေမှာ ဆေးထိုးအပ်တွေက ကူးနိုင်တာ ပေါ့နော်။
အဲဒီကလေးက အဲဒီကနေ ကူးသွားတာ၊ အခုဆိုရင် သူ အေအာရ်ပီ သောက်နေပြီ။”

“ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံးမှာ
ရှိနေတဲ့ တချို့ကလေးတွေ သူတို့ HIV တွေ ဖြစ်နေတာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဗဟုသုတတွေ
တော်တော်များများ နည်းကြတယ်။ ဒါကိုကာကွယ်ဖို့ အတွက်ကို ကွန်ဒုံးလို ပစ္စည်းမျိုးကို
မမြင်ဘူးဘဲနဲ့ ရောဂါကူးစက်တာတွေ အများကြီး ရှိတယ်။ အဓိက က ဒီပညာပေးမှု အပိုင်း အများကြီး
အားနည်းတာကို တွေ့ရတယ်။”

အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲ
ပါတီ မှတ်ပုံမတင်ဘဲ လူမှုရေး လုပ်ငန်းတွေကို အန်ဂျီအို ဆန်ဆန် လုပ်မယ်လို့ ဝေဖန်ပြောဆိုမှုတွေ
ရှိနေပါတယ်။ ဒီအပေါ် မဖြူဖြူသင်းက သူတို့အနေနဲ့ လူနာ စောင့်ရှောက်မှု တွေကို ၂၀၀၂ ကတည်းက
လုပ်ကိုင်ခဲ့ပြီး အန်အယ်လ်ဒီ အနေနဲ့ တရားဝင် ပါတီအဖြစ် ပြည်သူတွေအတွက် လုပ်နိုင်သမျှကို
အမျိုးသားရေး တာဝန်အဖြစ် ခံယူပြီး လုပ်ကိုင် နေတယ်လို့ ဆိုပါတယ်။

“ကျမတို့ အခုမှ စတင်ပြီး
လုပ်ကိုင် ဆောက်ရွက်ခဲ့တာ မဟုတ်ဘူးရှင့်၊ ၂၀၀၂ ခုနှစ် ကတည်းကနေ စပြီးတော့ ကျမတို့ ဒီကိစ္စကို
အမျိုးသားရေး ပြဿနာ တရပ်အနေနဲ့ရော မြန်မာပြည်မှာ အရေးတကြီးကို လိုအပ်နေတဲ့ ကိစ္စတရပ်
အနေနဲ့ရော ယူဆပြီးတော့ နိုင်ငံရေး ပါတီတရပ် အနေနဲ့ လုပ်ကို လုပ်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့
လုပ်ကိုင် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ အခုနောက်ပိုင်းလည်း ကိုယ့်ဘာသာကိုယ် ခံယူထားပြီးသား
ကျမတို့ ပါတီရှိတယ်။”

“ကျမတို့ အခု ဆက်လက်
လုပ်ကိုင်ဆောင်ရွက် နေတာကလည်း အားလုံးဟာ အမျိုးသားရေး စိတ်ဓာတ် အနေနဲ့ ကျမတို့ လုပ်သင့်
လုပ်ထိုက်တဲ့ အလုပ်တွေကို အခုလိုပေါ့ HIV ကိစ္စတွေ ရှိတယ်။ လူမှုရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလည်း
အန်အယ်လ်ဒီမှာ လုပ်ကိုင် ဆောင်ရွက်နေတာ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို ကျမတို့က ရပ်တန့်မသွားဘူး၊
တိုင်းပြည်အတွက် လိုအပ်ချက် တခုအနေနဲ့ရော အမျိုးသားရေး တာဝန်တရပ် အနေနဲ့ရော ကျမတို့
ဆက်ပြီး လုပ်သွားမှာ။”

အခုအချိန်မှာ HIV/AIDS၊
TB ကူးစက်မှု မပြန့်ပွားရေးကို မဖြူဖြူသင်းတို့ အနေနဲ့ တတ်နိုင်သမျှ ကြိုးပမ်း ဆောက်ရွက်နေသလို
အစိုးရ အပါအဝင် လုပ်ကိုင်နိုင်သူ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အမြဲ အဆင်သင့်
ရှိပါတယ်လို့လည်း မဖြူဖြူသင်းက ပြောကြားခဲ့ပါတယ်။”

ရီမေအောင်

(၁၅ ဇူလိုင် ၂၀၁၀)

DVB - အိတ်ခ်ျအိုင်ဗွီ
ကူးစက်မှု အများစုမှာ အသိပညာမဲ့မှုကြောင့်ဟု မဖြူဖြူသင်းကဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top