ကုမုဒြာဂျာနယ် အမှတ် ၂၇၃ (၁၅၊၀၆၊၂၀၀၇)
အာရှပစိဖိတ်ဒေသအတွင်း
အိတ်ချအိုင်ဗွီ ကူးစက်ခံနေရသူ ၈.၅ သန်းခန့် အနက် ၁၀ ရာခိုင်နှုန်းအောက်သာလျှင် ကူးစက်ခံရမှန်းသိကြတယ်လို့ ကုလသမဂ္ဂက တနင်္ဂလာနေ့ ကပြောကြားခဲ့ပြီး ဒေသတွင်း အစိုးရတွေကို ကျန်းမာရေးလုပ်ငန်းတွေ
လုပ်ဆောင်ရာမှာ အရှိန်မြှင့်တင်ကြဖို့  နှိုးဆော်လိုက်ပါတယ်။
“ကိုယ့်အခြေအနေကို သတိပြုမိတဲ့သူ
သိပ်နည်းတော့ နောက်ထပ်ကူးစက်မှု မရှိအောင် တားဆီးရတာနဲ့ ရောဂါပိုး ရှိတဲ့သူတွေကို ကုသရတာ
တွေဟာ ပိုပြီးခက်ခဲလာတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး (WHO) ကုလသမဂ္ဂ ကလေးများကလေးများ
ရန်ပုံငွေအဖွဲ့ (UNICEF) တို့ က ကုလသမဂ္ဂ အေ့ခ်ျရောဂါတိုက်ဖျက်ရေး (UNAIDS) အဖွဲ့ တို
့ပူးပေါင်းထုတ်ပြန်တဲ့ စာတမ်းမှာတွေရပါတယ်။
ဆေးစစ်မှုနဲ
့နှစ်သိမ့်ဆွေးနွေး အကြံပေးမှု မရှိတာကြောင့် ဒေသတွင်းမှာ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်
ကူးစက်မှုကို အဓိကအနှောက် အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။ဒေသတွင်းမှာ အစိုးရတွေကိုလည်း
ကျန်းမာရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ကြဖို့ လည်းတောင်းဆို လိုက်ပါတယ်။
ကျန်းမာရေးပညာရှင်တွေ၊
သိပ္ပံပညာရှင်တွေနဲ့  အဖွဲ့ အစည်းတွေမှာ လှုပ်ရှားနေသူတွေရဲ့ ဒေသတွင်း အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်ဆိုင်ရာ
သုံးရက်ကြာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲနေ့ မှာ ကုလသမဂ္ဂ အေဂျီစီတွေက အထက်ပါစာတမ်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမြို့ တော် ဖနွမ်ပင်မှာကျင်းပနေပါတယ်။
ဒဗလျူအိတ်အိုရဲ့
ဒေသဆိုင်ရာ ဒါရိုက်တာရှီဂျီရှုအိုမီက လူတစ်ယောက်ဟာ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရခြင်းရှိမရှိကို
သတိပြုမိဖို့ အထူး လိုအပ်တယ်။ သည်လိုသိရှိမှာသာ သက်တမ်းရှည်ရှည်နေနိုင်ဖို့ ကုသမှု
ပြုစုမှုနဲ့ ပံ့ပိုးမှု နောက်ထပ်မကူးစက်အောင် တားဆီးမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို
့ ပြောပါတယ်။
ဒေသတွင်းမှာ
အိတ်ခ်ျအိုင်ဗွီ ပိုးရှိနေတဲ့ကလေး ၆၄၀၀၀ ခန့် ရှိပေမဲ့ အဆိုပါကလေး ငါးယောက်မှာ တစ်ယောက် သာလျှင်
လိုအပ်တဲ့ကုသမှုရတယ်လို့  စာတမ်းမှာရေးသားထားပါတယ်။ အဆိုပါကလေး အားလုံးနီးပါးဟာ ကမ္ဘောဒီးယား၊
အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ မှဖြစ် တယ်လို့ လည်းဖြည့်စွက် ရေးသားထားပါတယ်။
စုပြည့်စုံ
ကုမုဒြာဂျာနယ် အမှတ် ၂၇၃ (၁၅၊၀၆၊၂၀၀၇)




