အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသော ကလေးငယ်များအား ရောဂါဖြစ်ခါစအခြေအနေတွင် ပိုးမွှားတိုက်ဖျက်ရေးဆေးဝါး တိုက်ကျွေးခြင်းဖြင့် ဆေးဝါးကုသမှု မခံရသောကလေးများထက် အသက်ရှင်နိုင်စွမ်း လေးဆမြင့်တက်လာကြောင်း သိရသည်။ ယင်းသုတေသနကြောင့် ကလေးငယ် များအားပိုမိုကယ်တင်လာနိုင်သော မျှော်လင့်ချက်တိုးပွားလာခဲ့သည်။
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
ယင်းဆေးဝါးသည် ရောဂါလက္ခဏာ ပြသပြီးနောက် ဆေးဝါးကုသမှုခံယူခဲ့သော ကလေးငယ်များထက် ကူးစက်ခံရကာစ တောင်အာဖရိကမှ ကလေးငယ်များအား ပိုမိုအသက်ရှင်စေရန် ထောက်ပံ့ခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ စည်းမျဉ်း စည်းကမ်းများအရ ကိုယ်ခံအား စနစ် အားနည်းသည်ကိုတွေ့ ရှိရာတွင် လည်းကောင်း ရောဂါလက္ခဏာ စတင်ပေါ်ပေါက်လာသော အခါတွင်လည်းကောင်း ဆေးကိုတိုက်ကျွေး သင့်ကြောင်းတိုက်တွန်းထားသည်။
လွန်ခဲ့သောလက လန်ဒန်အခြေစိုက် တားမြစ်စောင့်ကြည့်ရေး အဖွဲ့ က သုတေသနရလဒ်များသည် ခိုင်မာသောကြောင့် ယခုလေ့လာမှုအား ကူးစက်ခံရသော ကလေးများကို ကုသမှုစတင်ရန် ခွင့်ပြုသင့်ပြီး စောစောပိုင်းတွေ့ ရှိမှုများကို သိပ္ပံပညာရှင် အသိုင်းအ၀န်းသို့  အသိပေးသင့်ကြောင်း တောင်းဆိုခဲ့သည်။
နှစ်စဉ် ကမ္ဘာတစ်ဝန်းကလေးငယ် ငါးသိန်းခန့် သည် HIV ကူးစက်ခံရပြီး ပထမနှစ်တွင် ယင်းကလေးငယ်များ၏ ကိုယ်ခံအား စနစ်သည် အပြည့်အ၀ မကောင်းတော့ကြောင်းသိရသည်။
AP ( 7 daynews ) အတွဲ (၆) အမှတ် (၂၀)




