3
Dec

အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအတွက် လမ်းညွှန်ချက်အသစ်ထုတ်ပြန်



အိတ်ခ်ျတ်အိုင်ဗွီ ကူးစက်ခံရသူများအနေနဲ့
အေအာရ်ဗွီခေါ် အိတ်ခ်ျအိုင်ဗွီတန့်ဆေးကို စောစောသောက်ကြဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့
WHO ကလမ်းညွှန်ချက်အသစ်တစ်ရပ် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

အိတ်တ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူတွေဟာ
သွေးထဲမှာ ပါဝင်တဲ့ ကိုယ်ခံအားကို တိုင်းတာတဲ့ ဆဲလ်အရေအတွက် CD4 ပမာဏာ ၂၀၀ အောက် လျော့နည်းသွားရင်
အေအာရ်ဗွီဆေး စသောက်ဖို့ WHO က ၂၀၀၆ခုနှစ်တုန်းက အကြံပြုခဲ့တာပါ။

အခု အသစ်လေ့လာတွေ့ရှိချက်များအရ
CD4 ပမာဏ ၃၅၀လောက် ရှိတဲ့အချိန်မှာ ကြိုတင်ပြီး အေအာရ်ဗွီဆေး တိုက်ရင် အသေအပျောက်နှုန်း
ပိုလျော့ကျသွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

WHOက ဒု-ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ
ဟီရိုတီနာ ကာတာနီက နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်ကို အခြေခံကာ ဒီအကြံပြုချက်ကို ထုတ်ပြန်တာဖြစ်ပြီး
လူတွေ အသက်ပိုရှည် ကျန်းမာစွာ နေထိုင်နေနိုင်မယ်လို့ ပြောပါတယ်။

အိတ်ခ်ျအိုင်ဗွီ နဲ့အတူနေတဲ့ ကိုယ်ဝန်ဆောင်
မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလ သတင်း ၂၈ပတ်မှာ အေအာရ်ဗွီဆေး သောက်ရင် မိခင်ကနေ ကလေးကို
ကူးတာ ကာကွယ်နိုင်တယ်လို့ အရင်က သတ်မှတ်ခဲ့ပေမဲ့ ခုတော့ ကိုယ်ဝန်ဆောင်ကာလာ ၁၄ပတ်နဲ့
ဆေးစားဖို့ကို WHO ကတိုက်တွန်းပါတယ်။

ခုလမ်းညွှန်ချက်အသစ်ကြောင့် အိတ်အိုင်ဗွီ
နဲ့ နေထိုင်သူ အများအပြား ဆေးဆောက်ဖို့ကို လိုအပ်လာမှာ ဖြစ်ပေမဲ့ ဒီလို စောစောဆေးကုသမှုကနေ
ဆေးရုံစရိတ်တွေ လျော့နည်းသွားနိုင်ပြီး ကလေးတွေ မိဘမဲ့ဖြစ်မှု နညန်းပါးသွားစေမှာဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အိတ်ခ်ျအိုင်ဗွီ
နဲ့ အတူနေသူပေါင်း ၃၃သန်းကျော်ရှိပြီး ကိုယ်ဝန်ဆောင်မိခင် ၄၅ရာခိုင်နှုန်း ဆေးဝါး အကူအညီလိုနေတယ်လို့  WHO သတင်းအရသိရပါတယ်။

DVB -

အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအတွက်
လမ်းညွှန်ချက်အသစ်ထုတ်ပြန်


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top