အိတ်ခ်ျအိုင်ဗွီ ပိုးရှိတယ်လို့  သိခါစမှာ ၀မ်းနည်းပေမဲ့ နောက်ပိုင်းမှာ လူမှုရေးလုပ်ငန်းတွေ ပိုမိုလုပ်ကိုင်ဖြစ်လာတယ်လို့  PLHIV (People Living with HIV ) တချို့ ကရင်ဖွင့်ပါတယ်။ Myanmar Positive Group မှ PLHIV ကိုဇော်နိုင် ( အမည်လွဲပြောင်း) က “ ကျတော်HIV ဆိုတာမသိခင် တုန်းက IDU တစ်ယောက်ပါ လိင်ကိစ္စလည်းမကင်းဘူး ပျော်ပျော်ပဲနေတယ် နောက် အိတ်ခ်ျအိုင်ဗီဆိုတော့ ပထမတော့ စိတ်ဓါတ်ကျသွားတယ် နောက်တော့ မိဘဆွေမျိုးတွေကို ပြောပြပြီး ကိုယ့်ကိုယ် ကိုပြန်ထူမတ် နိုင်တဲ့အချိန်မှာ ပေါ့ပေါ့နေ ပေါ့ပေါ့စားမဟုတ်တော့ဘူး ကိုယ်ချင်းစာ တတ်တဲ့ စိတ်တွေဖြစ်လာတယ်၊ မသေခင်ကောင်းတာ လုပ်မယ်ဆိုတဲ့ စိတ်တွေဖြစ်လာတယ်” လို့ ပြောပါတယ်။<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
အမျိုးသားတချို့ ဟာ အိတ်ခ်ျအိုင်ဗွီ မဖြစ်ခင်က ယျောင်္းပဲဆိုပြီးလုပ်ချင်ရာလုပ်ခဲ့ပေမဲ့ အိတ်ခ်ျအိုင်ဗွီ ဖြစ်တဲ့အခါမှာတော့ လူမှုရေးအသိ ဘာသာရေး အသိတွေရှိလာတယ်လို့ သိရပါတယ်။ PLHIV ကိုအောင်မျိုးကတော့ “အခုတော့ အိတ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့အတွက် ဘာခံစားမှု မှ မရှိတော့ဘူး ဘာလို့ လဲဆိုတော့ကောင်းမှုတွေ ပိုလုပ်လာလို့  အရင်က ကျတော်က IDU တစ်ယောက်ပါ အိတ်ခ်ျအိုင်ဗွီ ရှိတယ်လို့ သိတဲ့ နောက်ပိုင်း ဆေးလဲမလုပ်တော့ဘူး လူမှုရေးအလုပ်တွေလဲလုပ်ဖြစ်တော့ မိဘတွေကလည်း ၀မ်းသာကြမှာပါ၊ အိတ်ခ်ျအိုင်ဗွီ ဆိုတော့ ခံစားရရင်ခံစားရမှာပေါ့” လို့ ဆိုပါတယ်။
PLHIV အမျိုးသမီးတစ်ချို့ က မိမိ HIV ဆိုတာမသိခင်မှာတော့ စီးပွားရှာမယ်။ ဒါမှမဟုတ် မာန်မာနတွေ ဘာတွေရှိပေမဲ့ အိတ်ခ်ျအိုင်ဗွီ ပိုးရှိပြီးတဲ့နောက် ပိုင်းမှာတော့ အမြင်တွေပြောင်းလဲလာတယ်လို့ သိရပါတယ်။
Myanmar Positive Group က PLHIV မချို (အမည်လွဲပြောင်း) ကျမအရင်ကစီးပွား ရှာဖို့ ဘဲသိတယ် နည်းနည်းမာန ထောင်လွားတယ် အခု HIV ဖြစ်တော့မီဘဲ လူမှုရေးစိတ်ဓါတ်တွေ ရှိလာပြီး လူမှုရေးလုပ်ငန်းတွေမှာလဲ လုပ်ဖြစ်လာတယ်လို့ ပြောပါတယ်။ Myanmar Positive Group က PLHIV မနော် (အမည်လွဲပြောင်း) က ကျမအရင်တုန်းက အိမ်တွင်းပုန်းအိမ်ရှင်မပါ ။ အမျိုးသားက အိတ်ချအိုင်ဗွီ နဲ့ ဆုံးသွားတယ် သားတွေ သမီးတွေအတွက် ကျမအားတင်းပြီး အလုပ်လုပ်တယ် အခုတော့ အိတ်ခ်ျအိုင်ဗွီ ပိုးကြောင့်စိတ်ညစ်နေတာလဲ မရှိတော့ပါဘူး ကျမအိတ်ခ်ျအိုင်ဗွီ ပိုးရှိတယ်လို့ သိတာ ၁၀ နှစ်ကျော်ပါပြီ အခုချိန်ထိ ကျမလူကောင်းတွေလို လုပ်ကိုင်နိုင်ပါတယ်လို့ ပြောသွားပါတယ်။
မော်ဒန် သတင်းဂျာနယ် ( အမှတ် ၁၃၈ ) ၅၊၁၂၊၂၀၀၈




