လေ့လာမှု တစ်ခုအရ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးအတွက် ကုသမှုတွင် ဆေးကို ခုခံမှုရနေသူများအတွက် ဆေးသစ်တစ်မျိုးသည် အလားအလာ ကောင်းနေကြောင်း သိရသည်။ Pfizer မှ စမ်းသပ် ထုတ်လုပ်သော Maraviroc အမည်ရှိ ဆေးသည် အိတ်ခ်ျအိုင်ဗွီပိုးက လူ့ ခန္တာကိုယ်တွင်းရှိ ကလာပ်စည်းအတွင်းသို့  ၀င်ရောက်ခြင်းကို တားဆီးပေးနိုင် သည့်အတွက် ဆေးယဉ်ပါး သူများအတွက် မျှော်လင့်ချက် ကောင်းကြောင်း ပြောကြား ထားပါသည်။ ယင်းဆေးသည် HIV ပိုး T cells အတွင်းသို့ ဝင်ရောက်ရန် လမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုသော CCR 5receptor ကိုပတ်ဆို့ ထားသည်။ ယင်းဆေးကို ဝေဒနာရှင် ဦးရေ ၁၀၀၀ တွင် ရက်သတ္တပတ် ၂၄ ပတ်ကြာ စမ်းသပ်ခဲ့ပါသည်။<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
ဝေဒနာရှင် အားလုံးသည် သောက်နေကျ ဗိုင်းရပ်စ် သတ်ဆေးများကို အပြည့်သောက်စေပြီး ထိုအထဲမှ တစ်ဝက်ကို Maraviroc တွဲတိုက်ကာ ကျန်သူများကို အခြားသက်ရောက်မှု မရှိသော စမ်းသပ်ဆေး (Pacebo) ကိုသောက်စေခြင်းဖြင့် အုပ်စုနှစ်စု၏ ရလဒ်ကို လေ့လာခဲ့ပါသည်။
Placebo နှင့်ပုံမှန် သောက်ဆေးသောက်သူ အုပ်စု၏ လေးပုံတစ်ပုံသာ စမ်းသပမှု အပြီးတွင် ဗိုင်းရပ်ပိုး ပမာဏကျသွားပြီး Maraviroc သောက်သူတွင်မူ ၄၁ မှ ၄၈ ရာခိုင်နှုန်းခန့် သော လူနာများတွင် ဗိုင်ရပ်စ်ပိုး ကျဆင်းသွားသည်ကို တွေ့ ရသည့်အပြင် CD4 ဟုခေါ်သော ခုခံအားပေး ကလာပ်စည်းများ၏ အရေအတွက်လည်း တက်လာသည်ကို တွေ့ ရပါသည်။ ယူနိုက်တက် ကင်းဒန်းနိုင်ငံ အမျိုးသား အေအိုင်ဒီအက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ မှ အိတ်ခ်ျအိုင်ဗွီ အထူးကု Michal Center မှ ယင်းစမ်းသပ်မှု အဆင်ထိ ရောက်ရှိလာသော ထိုဆေး အမျိုးအစားသည် အစောဆုံး ဖြစ်သည်ဟု ပြောကြားထားပါသည်။ယင်းကဲ့သို့ အလားတူဆေးမျိုးကို Merck ကုမ္ပဏီ မှလည်း စမ်းသပ်ခဲ့ပြီး ထိုဆေးမှာ ဗိုင်းရပ်ပိုးများ ကလာပ်စည်းတွင်ကပ်ခြင်းကို တားဆီးပေးကြောင်း သိရသည်။
Good Health No.121,14.3.2007




