25
Feb

အိတ်ခ်ျအိုင်ဗွီ အထောက်အကူပြု ပစ္စည်းများကို ပြည်တွင်း အဖွဲ့ အစည်းများရယူ အသုံးပြုနိုင်

ရွှေ့ ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း IOM မှ တုတ်လုပ်ထားသော အိတ်ခ်ျအိုင်ဗွီ ပညာပေးအထောက်အကူပြု ပစ္စည်းများကို အိတ်ခ်ျအိုင်ဗွီ ကာကွယ်တားဆီးရေးဆိုင်ရ လုပ်ငန်းများလုပ်ဆောင်နေသည့် ပြည်တွင်းအဖွဲ့ အစည်းများအသုံးပြုနိုင်ကြောင်း IOM မှ မြန်မာကိုယ်စားလှယ် ဒေါက်တာ ဦးအောင်ကျော်မင်းကပြောကြားသည်။

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

IOM သည် မွန်ပြည်နယ်အတွင်း အိတ်ခ်ျအိုင်ဗွီ ကာကွယ်ခုခံမှု အားနည်းသူများကို ရွှေ့ ပြောင်းသွားလာနေထိုင်သူများကြား ပညာပေးရန် မေတ္တာစစ်မှန် ရာသက်ပန်ဟူသည့် ပညာပေးဇာတ်လမ်းကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။

 

မေတ္တာစစ်မှန်ရာသက်ပန်ဇာတ်ကားသည် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီယား၊ လာအို ၊ ထိုင်း၊ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့ အတွက် အင်္ဂလိပ်စာ စာတန်းထိုးကာ သက်ဆိုင်ရာဘာသာစကား ပြောင်းလဲထားသည့်အတွက် အဆိုပါဒေသတွင်း နိုင်ငံများအတွက် အသုံးပြု နိုင်မည်ဖြစ်သည်။

 

“ ကျတော်တို့ က မြန်မာနိုင်ငံ မွန်ပြည်နယ်မှာပဲ စီမံကိန်းလုပ်တယ်ဆိုပေမဲ့ တစ်နိုင်ငံလုံးအတွက် ဒီပစ္စည်းကအသုံးဝင်ပါတယ် ဒီလိုပညာပေး လုပ်ငန်းလုပ်တဲ့ အဖွဲ့ အစည်းတွေက အသုံးပြုလိုက အသုံးပြုနိုင်ပါတယ်။” ဟုဒေါက်တာ အောင်ကျော်မင်းကပြောသည်။

 

မေတ္တာစစ်မှန်ရာသက်ပန်ကို ရေဒီယိုဇာတ်လမ်းတွဲ အဖြစ်လည်း မြန်မာနိုင်ငံတွင် အသုံးပြုရန်ရှိပြီး မြန်မာဘာသာသို့  ပြန်ဆိုနေဆဲဖြစ်သည်။

 

7daysnews (2/8/07)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top