28
Mar

အိတ်ခ်ျအိုင်ဗွီ ဆေးအသစ်အမေရိကန်ခွင့်ပြု



သတင်း - ဖတ်ပါ့ ၂၈၊၃၊၂၀၀၈

လက်ရှိ အိတ်အိုင်ဗွီ ဆေးတွေမတိုးတော့တဲ့ ဆေးယဉ်နေသူ လူနာတွေအတွက်
အိတ်အိုင်ဗွီ ဆေးအသစ် Etravirine ကို အမေရိကန်အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ
့ (FDA ) ကခွင့်ပြုလိုက်ပါပြီ အဆိုပါဆေးကို Intelence အမည်နဲ့  ဈေးကွက်မှာ ရောင်းချမှာဖြစ်ပါတယ်။
Etravirine ဆေးဟာ reverse trainscriptase အင်ဇိုင်းကိုပိတ်ဆို့ တားဆီးတဲ့ ဆေးမဟုတ်ပါဘူး။
အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ပိုးကိုထပ်မပွားအောင် တားဆီးပေးပြီး လူနာရဲ့ သွေးအတွင်းမှာ
အိတ်ခ်ျအိုင်ဗွီ ပိုးပမာဏ ကျဆင်းလာစေတဲ့ ဆေးဖြစ်ပါတယ်။ ယင်းဆေးဟာ ရောဂါတွေကို တိုက်ခိုက်ပေးတဲ့
သွေးဖြူဥဆဲလ်တွေကိုလည်း မြှင့်တက်စေတယ်။

အရွယ်ရောက်သူ ၅၉၉ ဦးနဲ့ ဆေးလက်တွေ့ သုတေသနပြုလုပ်ခဲ့ရာ
Etravirine ဆေးနဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေးကုထုံး ပူးတွဲရရှိသူ လူနာတွေဟာ အာနိသင်မဲ့ဆေးနဲ
့အလားတူ ဗိုင်းရပ်စ်တိုက်ဖျက်ရေးကုထုံးရှိသူ လူနာတွေထက် သွေအတွင်း အိတ်ခ်ျအိုင်ဗွီ
ပိုင်းရပ်စ်ပိုး ပမာဏလျော့ကျကြောင်းတွေ့ ခဲ့ပါတယ် ဆေးရဲ့အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးတွေက
အော့အန်ခြင်းနဲ့ အနီပြင်များ ထွက်ခြင်းပါဘဲ။

Etravirine ဆေးရဲ့ရေရှည် အကျိုးဆက်ကိုတော့ မလေ့လာရသေးပါဘူး၊ ကိုယ်ဝန်ဆောင်တွေနဲ
့အသက် ၁၆ နှစ်အောက် လူငယ် ဝေဒနာသည်တွေအပေါ် ဆေးရဲ့အကျိုးအာနိသင်ကိုလည်း သုတေသနမလုပ်ရသေးပါဘူး။
Etravirine ဆေးကို နယူးဂျာစီ ပြည်နယ် အခြေစိုက် Ortho Biotech ထုပ်လုပ်ရေးက ထုတ်လုပ်ပြီး
Tibotec Therapeutic ကဖြန့် ချီမှာဖြစ်ပါတယ်။

သတင်း - ဖတ်ပါ့ ၂၈၊၃၊၂၀၀၈

အိတ်ခ်ျအိုင်ဗွီ ဆေးအသစ်အမေရိကန်ခွင့်ပြု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top