WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နဲ့  UNAIDS အပြည်ပြည်ဆိုင်ရာ ခုခံအားကျဆင်းရေးအဖွဲ့ က အမျိုးသားအင်္ဂါထိပ် အရေပြားဖြတ်ခြင်းကို HIV ရောဂါပိုးအတွက် လက်ရှိကာကွယ်အသုံးပြုနေသော နည်းလမ်းများထဲတွင် ထပ်မံဖြည့်စွက်အသုံးပြုခြင်းဖြင့် HIV ပိုးကူးစက်နှုန်းလျော့ပါး သွားစေမယ်လို့ ဆိုပါတယ်။
အာဖရိက နိုင်ငံမှာလုပ်တဲ့ သုတေသန (၃) ခုရဲ့ တွေ့ ရှိချက်အရ လိင်ကွဲဆက်ဆံတဲ့ အမျိုးသားတွေမှာ အင်္ဂါထိပ်အရေပြား ဖြတ်ခြင်းဖြင့် HIV ပိုးကူးစက်နှုန်း တစ်ဝက် လျော့နည်း သွားတယ်လို့ သိရပါတယ်။ဒီထောက်ခံချက်ကတော့ လိင်ကွဲ ဆက်ဆံသူ တွေကြားမှာ HIV ပိုးကူးစက်နှုန်း များတဲ့နိုင်ငံတွေအတွက် ပိုပြီး အကျုံးဝင် ပါတယ်။
ဒါပေမဲ့ ကျွမ်းကျင်သူတွေက ဒီလိုအရေပြားဖြတ်ခြင်းဟာ အခြားကာကွယ်ရေးနည်းလမ်းဖြစ်တဲ့ ကွန်ဒုံးအသုံးပြုမှုကို အစားထိုးတာမဟုတ်ပါဘူး လို့ သတိပေးထားပါတယ်။
ခိုင်မာတဲ့ သုတေသနတွေ့ ရှိချက်အရ ဆာဟာရ အာဖရိကနိုင်ငံမျိုးမှာ ဒီလိုအင်္ဂါထိပ် အရေပြားဖြတ်ခြင်းကို ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်နိုင် မယ်ဆိုရင် သန်းပေါင်းများစွာသော အသက်တွေကိုကယ်တင်နိုင်မယ်လို့ လည်း တင်ပြထားပါတယ်။
WHO နဲ့  UNAIDS ကတာဝန်ရှိ ပုဂ္ဂိုလ်များက ဒီလိုအင်္ဂါထိပ် အရေပြားဖြတ်တဲ့ နည်းလမ်းကို လိင်ကွဲဆက်ဆံတဲ့ သူတွေကြားမှာ HIV ပိုးကူးစက်နှုန်းများတဲ့နိုင်ငံနဲ့  ထုံးတမ်းအစဉ်အလာအရ အင်္ဂါထိပ်အရေပြားဖြတ်မှု နည်းပါးတဲ့ နိုင်ငံများမှာ ပိုမိုကျယ်ပြန့် စွာ လုပ်ဆောင်သင့် တယ်လို့ ပြောကြားကြောင်း သိရပါတယ်။ဒီလိုလုပ်တာဟာ ယခင်ကရှိပြီးသား အစီအစဉ်တွေကို အစားထိုးတာမဟုတ်ကြောင်း ဒီအစီအစဉ် တွေကို ပိုမိုအားဖြည့်ပေးတဲ့ အစီအစဉ် ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
အမျိုးသားနဲ့ သူရဲ့ လိင်ဖေါ်ကို နှစ်သိမ့်ဆွေးနွေး အကြံပေးရာမှာ ဒီလိုအင်္ဂါထိပ် အရေပြားဖြတ်ခြင်းအပေါ် ထိရောက်သော ကာကွယ်နိုင်မှု နည်းလမ်းအဖြစ် အထင်လွဲမှားစွာမပြုမူနိုင်အောင် အကြံပြုဖို့ လည်းလိုပါတယ်တဲ့။
ဒီအစီအစဉ် အတွက်သင့်လျော်မဲ့ ကျန်းမာရေးလုပ်သားတွေကို လေ့ကျင့်ပေးဖို့ နဲ့ သူတို့ ဟာ တကယ်ဘဲကိရိယာ ပြည့်ပြည့်စုံစုံနဲ့  ပိုးမွားကင်း စင်တဲ့ ပတ်ဝန်းကျင်မှာ ပြုလုပ်သလားဆိုတာကိ ဂရုစိုက်ကြည့်ဖို့ လိုကြောင်း တင်ပြထားပါတယ်။ သို့ သော် ဒီအစီအစဉ်သစ်ဟာ အမျိုးသမီးများ အပေါ်နဲ့ လိင်တူဆက်ဆံတဲ့ အမျိုးသားများအပေါ် ကာကွယ်မှု ပေးနိုင်မှုရှိမရှိ ဆိုတာကို သက်သေမပြနိုင်ဘူးလို့ တင်ပြထားပါတယ်။
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
WHO မှတာဝန်ရှိ ပုဂ္ဂိုလ်ကတော့ ဒီလိုအစီအစဉ် သစ်ကိုမှတ်ချက်ပြုနိုင်ခြင်းဟာ HIV ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မှုအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့ သော် အမျိုးသားဒီလို အင်္ဂါထိပ်ဖြတ်ခြင်းဖြင့် HIV ကူးစက်မှုကို အပြည့်အ၀ ကာကွယ် မပေးနိုင်ဘူးလို့ ဆိုတာကိုရှင်းရှင်းလင်း သိထားဖို့ လိုပါတယ်
လို့ ဆိုပါတယ်။
အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့  ထပ်မံစဉ်းစားရမှာက အရေပြားအင်္ဂါထိပ်ဖြတ်ခြင်း နည်းလမ်းအပြင် အခြားကာကွယ်နည်းလမ်းများဖြစ်တဲ့ ကွန်ဒုံးအသုံးပြုခြင်း၊ လိင်ဆက်ဆံမှု အစပြုချိန် နောက်ကျစေခြင်း လိင်ဖေါ်မများစေခြင်းတို့ ကိုလည်း ဆက်လက်အသုံးပြုဖို့ လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဖေါ်ပြပါ အာဖရိကနိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနသုံးခုလုံးကို အချိန်မပြည့်မှီ ရပ်လိုက်ရပါတယ်၊ အကြောင်းကတော့ သူတို့ ရဲ့ရလဒ်တွေဟာ ဆက်ပြီးသုတေသန ပြုစရာမလိုတော့ဘေလောက်အောင် ကောင်းနေလောက်အောင် ကောင်းနေလို့ ပါတဲ့။ သုတေသနတွေရဲ့ တွေ့ ရှိချက်အရ ဒီအစီအစဉ် သစ်ဟာ HIV ကူးစက်နှုန်းကို ၄၀.၆၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အင်္ဂါထိပ် အရေပြားဖြတ်ခြင်းဖြင့် HIV ကူးစက်နှုန်း လျော့သွားစေတဲ့ အကြောင်းရင်း များစွာရှိပါတယ်တဲ့၊ အင်္ဂါထိပ်အရေပြားဖြတ်ခြင်းဟာ HIV ရောဂါကူးစက်နိုင်ဖို့ အတွက် အဓိကပြစ်မှတ်လို့ ဆိုပါတယ်။ အင်္ဂါထိပ် အရေပြားဖြတ်လိုက်ရင် အင်္ဂါထိပ်ပိုင်းဟာ အာရုံခံစားမှုလျော့သွားပြီး သွေးထွက်လည်းနည်းသွားတဲ့အတွက် HIV ကူးစက်နှုန်းလျော့သွားတယ်လို့ ဆိုပါတယ်။ အာဖရိကမှာ HIV စပေါ်ကတည်းက သိပ္ပံပညာရှင် တွေက အင်္ဂါထိပ်အရေပြားဖြတ်ထားတဲ့ လူတွေမှာ ကူးစက်မှု လျော့ပါးတာတွေ့ ရပါတယ်။ ဒါပေမဲ့ အရှင်းတဲ့အချက်က လူတွေရဲ့ လိင်မှုဆိုင်ရာ အပြုအမူမတူလို့  ကူးစက်နှုန်းမတူတာပါလို့ ဆိုပါတယ်။
အမျိုးသမီးများနဲ့  လိင်တူဆက်ဆံတဲ့ အမျိုးသားများအတွက် HIV ကူးစက်မှုကာကွယ်နိုင်ဖို့  သုတေသနလုပ်ငန်းတွေ ထပ်လုပ်ရမှာဖြစ်ကြောင်း နည်းပညာသစ်တွေဖြစ်တဲ့ microbicides ခေါ်ပိုးသတ်ဆေးနဲ့  vaccines ခေါ် ရောဂါကာကွယ်ဆေးများနဲ့  ပတ်သက်ပြီး ဒီ့ထက်သုတေသန ကျယ်ကျယ်ပြန့် ပြန့်  လုပ်ဖို့ လိုကြောင်း တိုက်တွန်းထားတာကို
ယနေ့ မျက်မောက်ကာလမှာ ခေတ်စားနေတဲ့ HIV ရောဂါဆိုးကြီးအတွက် ကာကွယ်ရေး နည်းလမ်းများစွာထဲမှာ တစ်ခုဖြစ်လာမည့် Circumcision အင်္ဂါထိပ် အရေပြားဖြတ်ခြင်း နည်းလမ်းကို စာရှုသူအမျိုးသားများ လက်တွေ့ လိုက်နာကျင့် သုံးနိုင်သလို HIV ရောဂါဆိုးကြီး မဖြစ်ရလေအောင် မိမိဇနီး နှင့်ခင်ပွန်းအပေါ်တွင် သစ္စာရှိနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Ref: BBC News/health/WHO agress HIV circumcision plan
24
Feb




