အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုး HIV သည် လူ၏
ခန္ဓာကိုယ် ခုခံစွမ်းအားစနစ် ယိုယွင်းစေသည်။ ထိုသို့ ခုခံအားကျဆင်းမှုကို
အခွင့်အရေးယူကာ ရောဂါပိုးမွှားတစ်ချို့ ၀င်ရောက် ကူးစက်လေ့ရှိသည်။ “ Opportunistic
Infection” (OI) ဟု သုံးနှုန်းခေါ်ဆိုလေ့ရှိသည်။ အခွင့်အရေးယူတတ်သော ပိုးမွှားများ
ကူးစက်မှု OI သည် HIV ကူးစက်ခံရသူများအတွက် ရောဂါဝေဒနာများ ဖြစ်စေသော၊ သေဆုံးမှုကို
ဖြစ်စေသော အဓိက အကြောင်းရင်း ဇာစ်မြစ် ဖြစ်သည်။
OI ကူးစက်မှုမှာ နိုင်ငံတစ်နိုင်ငံနှင့်
တစ်နိုင်ငံအကြား၊ လူမျိုးအုပ်များအကြား ကွဲပြားမှု ရှိသည်။ အခွင့်အရေး ယူတတ်သော
ပိုးမွှားများတွင် -
(က) ဘက်တီးရီးယားပိုး (Bacteria)
(ခ) ပရိုတိုဇွများ (Protozoa)
(ဂ) ဖန်းဂပ်စ်မှိုများ (Fungus)
(ဃ) ဗိုင်းရပ်စ်ပိုးမွှားများ (Virus)
(င) HIV နှင့် ဆက်နွှယ်သော ကင်ဆာရောဂါများ စသည်တို့
ပါဝင်သည်။
မြန်မာနိုင်ငံတွင်
HIV/AIDS နှင့်ပတ်သက်ပြီး အတွေ့ရများသော OI များမှာ -
·
တီဘီရောဂါ
(က) အဆုတ်တီဘီရောဂါ (ခ) အဆုတ်မဟုတ်သော အခြားနေရာများတွင် ဖြစ်သော တီဘီရောဂါ
·
ကာလကြာမြင့်စွာ
ဝမ်းပျက်ဝမ်းလျှောခြင်း
·
မှက္ခရုပေါက်ခြင်း(ပါးစပ်၊
အစာရေမျို၊ သားမွေးလမ်းကြောင်း)
·
OHL (Oral
Hairy Leukoplakia) ခံတွင်း၊ လျှာ၌ အဖြူကွက် ပေါ်ခြင်း
·
မှိုကြောင့်
ဖြစ်သော ဦးနှောက်ဖုံးမြှေးရောင်ရမ်းခြင်း
·
အရေပြား၊ အရိုးတွင်းခြင်ဆီ၊
အသည်း၊ သရက်ရွက် စသည်တို့၌ ဖြစ်သော မှိုစွဲရောဂါ
·
Toxoplasmosis
ခေါ် ပရိုတိုဇွ ကြောင့် ဖြစ်သော ရောဂါ
·
ရေယုန်နှင့်
ရေယုန်ခါးပတ်
·
Cytomegalovirus
ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါများ
·
PCP
(Pneumocystis Carinii Pneumonia) အဆုတ်ရောင် ရောဂါ (နမိုးနီးယားရောဂါ)
ဖော်ပြပါ OI များသည် CD4 Count ခေါ် စီဒီဖိုး
ကလပ်စည်း အရေအတွက်ပေါ် မူတည်၍ လည်း အချိန်အခါ အလိုက် ပိုမိုအဖြစ်များတတ်မှု ရှိသည်။
ဥပမာ - CD4 ၃၀၀ ကျော် ၄၀၀ ခန့်တွင် ရေယုန်ခါးပတ်၊ တီဘီရောဂါ၊ မှက္ခရု စသည်တို့
အဖြစ်များသည်။ CD4 ၅၀ ၀န်းကျင်အထိ ကျဆင်းချိန်တွင် ပရိုတိုဇွပိုးများကြောင့်
ဖြစ်သော ရောဂါများ အများဆုံးတွေ့ရတတ်သည်။
HIV/AIDS လူနာများအား OI ကူးစက်မှု မရှိအောင်
ကာကွယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည်ဟု ဆိုပါက မှားမည် မဟုတ်ပေ။ ခုခံစွမ်းအားကို
မြှင့်တင်ပေးခြင်းနှင့် ဆေးဝါးများ ပေး၍ ကြိုတင်ကာကွယ်ခြင်းတို့ဖြင့် OI ဖြစ်ပွားမှုကို
လျော့နည်းကျဆင်းစေနိုင်ပါသည်။
မိသားစု
ဆရာဝန်
(October
14, 2009 Family Health Journal)




