29
Jun

အိတ်ခ်ျအိုင်ဗွီစစ်ဆေးမှုရလဒ် နယ်မြို့အချို့ရှိ ဓာတ်ခွဲခန်းများကြား ကွဲလွဲမှုရှိ



၂၀၀၈ ခုနှစ် ခုခံအားကျဆင်း မှုကူးစက်ရောဂါ အမြဲမပြတ်စူးစမ်း
လေ့လာမှုအရ အိတ်ခ်ျအိုင်ဗွီစစ်ဆေး မှုကို ရန်ကုန်နှင့် မန္တလေးမြို့အပါ အ၀င် နယ်မြို့
၂၅ မြို့၌ ပြုလုပ်ခဲ့ရာ တွင် နယ်မြို့များရှိ ဓာတ်ခွဲခန်း ၂၀ နှင့် ရန်ကုန်နှင့်
မန္တလေးမြို့တို့ရှိ အကိုးအကား ဓာတ်ခွဲခန်းများကို အသုံးပြုခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏
ထုတ်ပြန်ချက်များ အရ သိရသည်။

 

ယင်းကဲ့သို့ အသုံးပြုခဲ့ရာ၌ အကိုးအကားဓာတ်ခွဲခန်းများနှင့်
နယ်မြို့များ၏ ဓာတ်ခွဲခန်းများကြား အဖြေရလဒ်ပိုင်းတွင် ကွဲလွဲမှုအနည်း
ငယ်သာရှိသော်လည်းသိသိသာသာ ကွဲလွဲမှုမရှိသည့်အတွက် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ
အမြဲ မပြတ်စူးစမ်းလေ့လာမှု အဖြေရလဒ် အပေါ်တွင် တစ်စုံတစ်ရာအကျိုး
သက်ရောက်မှုမရှိနိုင်ကြောင်း သိရ သည်။

 

သို့သော် ပုသိမ်မြို့မှ ဓာတ်ခွဲ ခန်းအဖြေရလဒ်နှင့်
အကိုးအကား ဓာတ်ခွဲခန်းများ၏ အဖြေရလဒ်ကွဲ လွဲမှုမှာ ၅၀ ရာခိုင်နှုန်းကျော်ရှိ ကြောင်း
သိရသည်။ ၂၀၀၈ ခုနှစ် ခုခံအားကျဆင်း မှုကူးစက်ရောဂါ အမြဲမပြတ်စူးစမ်း လေ့လာမှုအရ အိတ်ခ်ျအိုင်ဗွီစစ်ဆေး
မှုကို နယ်မြို့ ၂၀ ရှိ ဓာတ်ခွဲခန်းများ တွင်ပြုလုပ်ခဲ့ပြီးမှ အဖြေရလဒ်များ
သေချာမှုရှိစေရန် အကိုးအကား ဓာတ်ခွဲခန်းများတွင် ထပ်မံစစ်ဆေး ခဲ့ကြောင်း သိရသည်။
အကိုးအကား ဓာတ်ခွဲခန်းများ မှာ ရန်ကုန်မြို့ရှိအမျိုးသားကျန်းမာ ရေး
ဓာတ်ခွဲခန်းနှင့် မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းဖြစ် ကြောင်း
သိရသည်။

 

အိတ်ခ်ျအိုင်ဗွီပိုးမရှိဟု မှား ယွင်းအဖြေထုတ်ခြင်း၊
အိတ်ခ်ျအိုင်ဗွီ ပိုးရှိသည်ဟု မှားယွင်းအဖြေထုတ် ခြင်းစသည့် ရလဒ်အဖြေမှားများကို
ဓာတ်ခွဲခန်းများက အဖြေထုတ်တတ် လေ့ရှိကြောင်းနှင့် နယ်မြို့များရှိ ဓာတ်ခွဲခန်းများက
အိတ်ခ်ျအိုင်ဗွီစစ် ဆေးခြင်းနှင့် ပတ်သက်၍ မှားယွင်း လေ့ရှိသည့်အမှားမှာ
အိတ်ခ်ျအိုင်ဗွီ ပိုးမရှိဟု မှားယွင်းအဖြေထုတ်ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး
ဌာနမှ ထုတ်ပြန်သောစာရင်းများ အရ သိရသည်။



အိတ်ခ်ျအိုင်ဗွီစစ်ဆေးမှုရလဒ်နှင့်ပတ်သက်၍
အကိုးအကားဓာတ်ခွဲခန်းများနှင့် နယ်မြို့အချို့ရှိ ဓာတ်ခွဲခန်းများကြား ကွဲလွဲမှုရှိ (Weekly Eleven)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top