17
May

အိတ်ခ်ျအိုင်ဗွီပိုး ရှိနေရင် (အမေးအဖြေ)

မေး။    ။ သွေးစစ်ကြည့်ပြီး အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတာ သိရင် ဘာဆက်လုပ်ရပါမလဲ။

ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပြီလို့ သိလိုက်တာနဲ့ ထိတ်လန့်မသွားပါနဲ့။ မကြာခင် သေရတော့မှာပဲလို့ တွေးပြီး စိတ်ဓါတ်မကျပါနဲ့။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတာနဲ့ ချက်ချင်း အေအိုင်ဒီအက်စ် မဖြစ်ပါဘူး။ ရောဂါပိုး ရှိနေတာကို လူတကာ ပြောပြဖို့လည်း မလိုပါဘူး။ မိသားစုထဲက ဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းထဲက ဖြစ်ဖြစ် ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ကို ရင်ဖွင့်ပါ။ ဆွေးနွေးတိုင်ပင်ပါ။ သူရဲ့ နှစ်သိမ့်အားမေးမှုကို ခံယူပါ။ ဆရာဝန် ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါအကြောင်း ပိုနားလည်အောင် ကြိုးစားပါ။

မေး။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူကို အေအိုင်ဒီအက်စ် ရောဂါဖြစ်နေပြီလို့ ပြောလို့ရပါသလား။

ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူကို အေအိုင်ဒီအက်စ် ရောဂါဖြစ်နေပြီလို့ ပြောလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူရဲ့ ခန္ဓာကိုယ်ထဲမှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ရောဂါလက္ခဏာ မပြသေးတော့ လူကောင်း တစ်ယောက်လိုပါပဲ။ ဖျားတဲ့နာတဲ့ လက္ခဏာ လုံးဝမရှိပဲ သာမန်လူကောင်း တစ်ယောက်လို သွားလာလှုပ်ရှား အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတဲ့ အတွက် သူကနေ တဆင့် ရောဂါပိုးတွေ ကူးနိုင်ပါတယ်။

အဲဒီလူကို “အိတ်ခ်ျအိုင်ဗွီပိုး ရှိသူ” ဒါမှမဟုတ် “အိတ်ခ်ျအိုင်ဗွီပိုး သယ်ဆောင်သူ” လို့ ခေါ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ချက်ချင်း အေအိုင်ဒီအက်စ် မဖြစ်ပါဘူး။ ပိုးဝင်ပြီး နှစ်တော်တော်ကြာမှ သွေးဖြူဥတွေ ပျက်ပြီး၊ ကိုယ်ခံအားတွေ ကျဆင်းလာပြီး တခြားရောဂါပိုးတွေ ခန္ဓာကိုယ်ကို ဝက်ရောက် ဒုက္ခပေးတဲ့ အခါကျမှသာ ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ အဲဒီ အဆင့်ကို ရောက်မှသာ “အေအိုင်ဒီအက်စ်” လို့ ခေါ်ပါတယ်။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top