နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်မြောက် HIV/AIDSနှင့် နေထိုင်သူများ ကူညီထောက်ပံ့ရေး ဖျော်ဖြေပွဲ တစ်ရပ်ကို ၆၁နှစ်ပြည့် မြန့်မာ့လွတ်လပ်ရေးနေ့က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါရန်ပုံငွေဖျော်ဖြေပွဲကို ဂျန်ပန်ကလေးများ၏ NGO တစ်ခုဖြစ်သည့် ဖူတိုကိုရို(FUTOKORO)နှင့် Myanmar
Polestars Travels & Tours Co.Ltd တို့ ပူးပေါင်းကျင်းပကြောင်း သိရသည်။ ဇန်န၀ါရီလ၄ရက်နေ့က ကျင်းပခဲ့
သည့် ထိုရန်ပုံငွေပွဲတွင်Lazy
Club ဂီတအဖွဲ့နှင့်အတူ ဂျန်ပန်အဆိုတော်မလေး ယိုကိုတိုဂါဝါလည်း ပါဝင်သီဆိုခဲ့သည်
ဟုသိရသည်။
ညနေ၆နာရီမှ ၁၀နာရီထိ ကျင်းပသော ဂီတဖျော်ဖြေပွဲမတိုင်မီ Charity ဈေးရောင်းပွဲတော်ကို ညနေ၄နာရီမှ၆နာရီထိ ကျင်းပခဲ့ရာ ဂျပန်ရိုးရာမုန်နှင့် မြန်မာရိုးရာ မုန့်ပဲသရေစာများ ရောင်းချသည့်ဆိုင်များမှာ စည်ကားကြောင်း Myanmar
Polestars မှဝန်ထမ်းတစ်ဦးက ပြောသည် ။ရန်ပုံငွေပွဲ ကျင်းပပြုလုပ်ရခြင်းမှာ
၂၀၀၄ခုနှစ် ကတည်းကစ၍ ၄ကြိမ်တိုင် ရှိသွားပြီဖြစ်ကြောင်း
၊ရရှိသည့်ငွေများကို HIV နှင့်နေထိုင်သူများကို
ကူညီထောက်ပံ့မှု ပေးနေသည့် AFXB အဖွဲ့ကိုလှူဒန်းမှာဖြစ်ကြောင်း
သိရသည်။ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲမှာ တဦးလျှင် ၇၀၀၀ကျပ်ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်ပြီး
ပွဲကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ HIV/AIDS အပေါ်သတိပြု မိစေဖို့ဟုဆိုသည်။




