အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အသုံးအနှုန်းများသည် လူထု၏ထင်မြင်ချက်၊ အယူအဆနှင့် သဘောထားများကို ပုံစံပြောင်းနိုင်သည်။ သို့ဖြစ်၍ သုံးနှုန်းသော စကားလုံးများသည် အပြုသဘော ဆောင်သင့်သည်၊ အစွဲအလမ်းများ၊ အရိုးစွဲတွေးခေါ်မှုများ ကင်းသင့်ပြီး မှားယွင်းသော အာဃာတ အစွဲအလမ်းများကိုလည်း မီးလောင်ရာလေပင့် သလို မဖြစ်စေသင့်ပေ။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်အကြောင်း ရေးသားသည့်အခါ နားလည်လွယ်သည့်၊ ဝေဖန်သုံးသပ်ချက် မပါသည့် စကားလုံးများကို သုံးနှုန်းပါ။ အဘယ့်ကြောင့်ဆိုသော် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သတ်၍ သုံးနှုန်းလေ့ရှိသော စကားလုံးများ၊ ဝေါဟာရများ၌ အသရေပျက်စေသည့်၊ ခွဲခြားနှိမ့်ချ ဆက်ဆံမှုဖြစ်စေသည့် အတွေးအခေါ်မှား၊ အမြင်လွဲများကို အားပေးအားမြှောက်ပြုသလို ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်နေနိုင်သည်။ သို့ဖြစ်၍ စကားလုံးများ ရွေးချယ်ရာတွင် ဂရုတစိုက် ရွေးချယ်ပါ။
AIDS (အေအိုင်ဒီအက်စ်)
အေအိုင်ဒီအက်စ်သည် အင်္ဂလိပ်ဘာသာစကားဖြင့် ခုခံမှုကျဆင်းခြင်း လက္ခဏာ၏ အတိုကောက် ရှေ့စာလုံး များကို ယူထားခြင်းဖြစ်သည်။ အင်္ဂလိပ်လိုရေးရာတွင် စာလုံးအကြီးများဖြင့်သာရေးပါ။ စာလုံးအသေးများနှင့် စာလုံးပေါင်းပါက မမှန်ကန်ပါ။
Aids သို့မဟုတ် aids
အိတ်ခ်ျအိုင်ဗွီ
“အေအိုင်ဒီအက်စ်ဗိုင်းရပ်စ်” ဆိုသည်မှာ မရှိပါ။ အေအိုင်ဒီအက်စ်နှင့် သက်ဆိုင်သော ဗိုင်းရပ်စ်သည် လူသား ခုခံအားကျဆင်းစေသော ဗိုင်းရပ်စ် သို့မဟုတ် အိတ်ခ်ျအိုင်ဗွီဟု ခေါ်သည်။
အေအိုင်ဒီအက်စ်ဗိုင်းရပ်စ်
အိတ်ခ်ျအိုင်ဗွီ
အိတ်ခ်ျအိုင်ဗွီသည် လူသားခုခံစွမ်းအား ကျဆင်းစေသော ဗိုင်းရပ်စ်၏ အင်္ဂလိပ်ဝေါဟာရ အတိုကောက် ဖြစ်သည်၊ အိတ်ခ်ျအိုင်ဗွီဟူသည့် စကားလုံး၌ ဗိုင်းရပ်စ်ဆိုသော စကားပါဝင်ပြီးဖြစ်ရာ အိတ်ခ်ျအိုင်ဗွီဟု သုံးက လုံလောက်ပြီ။ ဗိုင်းရပ်စ်အား သုံးရန်မလိုပါ။
အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်
အိတ်ခ်ျအိုင်ဗွီပိုးရှိသူ/ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူ/ အေအိုင်ဒီအက်စ်ရှိသူ (သို့) နေထိုင်နေသူများ/ ပီဒဘလျူအေ/ ပီးအယ်လ်ဒဘလျူ အိတ်ခ်ျအေ
အိတ်ခ်ျအိုင်ဗွီပိုးရှိသူ အများအပြားသည် ကျန်းမာပျော်ရွင်စွာ နေထိုင်နိုင်လေ့ရှိကြသည်၊ အေအိုင်ဒီအက်စ် ရှိသူများသည် အချိန်အတိုင်းအတာ တခုအထိ ကျန်းမာစွာ နေထိုင်နိုင်ကြသည်။ ၄င်းတို့အား ဝေဒနာရှင်များ (လူနာများ) အဖြစ် သတ်မှတ်ခြင်းကို နှစ်မြို့ချင်မှ နှစ်မြို့မည်ဖြစ်သည်။ ရောဂါသည် (လူနာ) ဟု သုံးနှုန်းပါက ၎င်းတို့အား စွမ်းအင်ခွန်အားမဲ့သူများ၊ ၎င်းတို့ဘ၀အား ၎င်းတို့ကိုယ်၌ ထိန်းသိမ်းနိုင်စွမ်း မရှိသူများသဖွယ် သဘော သက်ရောက်နိုင်ပါသည်၊
အေအိုင်ဒီအက်စ်ဝေဒနာရှင်များ/လူနာများ
အိတ်ခ်ျအိုင်ဗွီပိုးရှိသူ/ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူ
အေအိုင်ဒီအက်စ်သည် ဗိုင်းရပ်စ်ပိုးလည်းမဟုတ်၊ ရောဂါလည်းမဟုတ်ပါ၊ ယင်းသည် ခုခံအား လျော့နည်းခြင်းကြောင့် ၀င်ရောက်လာသောရောဂါများနှင့် ကူးစက်တတ်သောရောဂါများ. လက္ခဏာစုဖြစ်သည်၊ သို့ဖြစ်ရာ တစုံတယောက်သည် အေအိုင်ဒီအက်စ်ကူးစက်ခြင်း မခံရနိုင်ပေ။
အေအိုင်ဒီအက်စ် ကူးစက်ခံထားရသူ
အေအိုင်ဒီအက်စ်
အေအိုင်ဒီအက်စ်သည် ရောဂါလက္ခဏာစုဖြစ်သည်၊ ယင်းသည် လူ၊ ခုခံစွမ်းအားစနစ် ပျက်ယွင်းသွားခြင်းကြောင့် အခွင့်ကောင်းယူ ၀င်လာသည့် အခြားသော ရောဂါအများအပြားကို ရရှိလွယ်စေခြင်းဖြစ်သည်၊ အေအိုင်ဒီအက်စ် ကိုယ်၌ကမူ ရောဂါမဟုတ်ပါ။
အေအိုင်ဒီအက်စ်ရောဂါ
အိတ်ခ်ျအိုင်ဗွီပိုးနှင့် နေထိုင်ရှင်သန်နေသူများ သို့မဟုတ် အိတ်ခ်ျအိုင်ဗွီပိုးရှိသူ
မည်သူမှ အေအိုင်ဒီအက်စ်ကို သယ်ဆောင်ထားခြင်းမရှိပါ၊ အေအိုင်ဒီအက်စ်ဟူသည် အိတ်ခ်ျအိုင်ဗွီပိုးကြောင့် လူခုခံအားစနစ် ပျက်ယွင်းသွားသည့် အဆင့်ဖြစ်ပြီး ခန္ဓာကိုယ်တွင်းသို့ အခြားသောရောဂါများ အလွယ်တကူ ကူးစက်စေနိုင်ခြင်းသာ ဖြစ်သည်။
အေအိုင်ဒီအက်စ်သယ်ဆောင်သူ
အိတ်ခ်ျအိုင်ဗွီပိုးနှင့် နေထိုင်ရှင်သန်နေသူများ သို့မဟုတ် အိတ်ခ်ျအိုင်ဗွီပိုးရှိသူ
“အေအိုင်ဒီအက်စ်လူနာ” ဟူသော အသုံးအနှုန်းကို အေအိုင်ဒီအက်စ် ရှိပြီးသူနှင့် ထိုသူမှ ဆေးကုသမှုဆိုင်ရာ အခြေအနေ အောက်တွင် ရှိနေလျှင်သာ သုံးပါ။ အများအားဖြင့် အေအိုင်ဒီအက်စ်ရှိသူသည် လူနာဖြစ်နေတတ်ခြင်း မရှိပေ။
အေအိုင်ဒီအက်စ်လူနာ
အေအိုင်ဒီအက်စ်ရှိခြင်း သို့မဟုတ် အေအိုင်ဒီအက်စ်နှင့် နေထိုင်ခြင်း
အေအိုင်ဒီအက်စ် ရှိသူများသည် ဓါးစာခံများ မဟုတ်ကြပါ။ တစုံတဦးအား ဓါးစာခံဟု ခေါ်ခြင်းဖြင့် ထိုသူအား ခွန်အားမဲ့သော အဖြစ်ကို ဖြစ်စေသည်။ အပြစ်မဲ့ဟူသော အသုံးအနှုန်းကို ရောဂါပိုးစွဲကပ်ခံရသူ ကလေးငယ်များ အကြောင်း ပြောသည့်အခါတွင်သာ ယေဘုယျအားဖြင့် သုံးလေ့ရှိသည်။ ရောဂါပိုးရှိသူ ကလေးငယ်များကို အပြစ်မဲ့ဟု သုံးလိုက်ခြင်းဖြင့် အခြားသူများကို အပြစ်ရှိသည်ဟု အထင်ရောက်စေနိုင်သဖြင့် ခွဲခြားဆက်ဆံမှု ဖြစ်ပွားစေသည်။
အေအိုင်ဒီအက်စ်သားကောင်များ သို့မဟုတ် အပြစ်မဲ့သားကောင်များ
သရုပ်ဖော်ဟန်ဆောင်သော နာမ၀ိသေသနများ အသုံးပြုခြင်းကို ရှောင်ပါ၊
အေအိုင်ဒီအက်စ်ရှိသူ/ အေအိုင်ဒီအက်စ်နှင့် နေထိုင်သူများ သို့မဟုတ် ပီအယ်ဒဘလျူအိတ်ခ်ျအေ
အသုံးအနှုန်းကို တခါတရံ အခြားသက်ရောက်သူများ အားလုံးကိုခြုံ၍ (အတူနေအဖော်များ၊ မိဘများ၊ စောင့်ရှောက်သူများ) ကိုဖော်ပြရာတွင် သုံးလေ့ရှိသည်။ ဓါးစာခံဟူသော စကားလုံးသည် အပြုသဘော မဆောင်ပေ၊ ပိုမိုရှိးရှင်းသော စကားစုဖြစ်သည့် အေအိုင်ဒီအက်စ်ရှိသူ ဟူသော စကားလုံးကို သုံးသင့်သည်။ သင်ဖော်ပြလိုသော သူတွင် အမှန်တကယ် အေအိုင်ဒီအက်စ်ရှိမှသာလည်း အေအိုင်ဒီအက်စ်ရှိသူဟု သုံးပါ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူတိုင်းကို အေအိုင်ဒီအက်စ် ရှိသည်ဟု ပြော၍မရ။
အေအိုင်ဒီအက်စ်သားကောင် သို့မဟုတ် ဝေဒနာသည်များ
အေအိုင်ဒီအက်စ်ရှိသူ/ အေအိုင်ဒီအက်စ်နှင့် နေထိုင်သူများ သို့မဟုတ် ပီအယ်ဒဘလျူအိတ်ခ်ျအေ
ဤအသုံးအနှုန်းသည် အိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ရှိသူများကို စော်ကားသော။ အသရေဖျက်ချိုးနှိမ်သော စကားဖြစ်သည်။ ဤစကားလုံးသည် လူအများကို ကြင်ဖက်များ ရွေးချယ်ခြင်း။ သို့မဟုတ် အသွင်အပြင် အပေါ်မူတည်ခြင်း။ သို့မဟုတ် အေအိုင်ဒီအက်စ် ရှိထားသည်ဟု အထင်ဖြင့် ထိုသူများကို ရှောင်ကျဉ်ခြင်းဖြင့် မိမိကိုယ်မိမိ အေအိုင်ဒီအက်စ်မှ ကာကွယ်နိုင်သည်ဟူသော သဘောသက်ရောက်စေသည်။
အေအိုင်ဒီအက်စ်သယ်ဆောင်သူ
အိတ်ခ်ျအိုင်ဗွီပိုးကူးစက်သည်/ အိတ်ခ်ျအိုင်ဗွီရသည်/ အိတ်ခ်ျအိုင်ဗွီပိုးရှိလာသည်
(အေအိုင်ဒီအက်စ်ဖြစ်စေနိုင်သော ဗိုင်းရပ်စ်ဖြစ်သည့်)
အိတ်ခ်ျအိုင်ဗွီပိုး ရရှိခြင်းသည် အေအိုင်ဒီအက်စ်ရရှိခြင်း မဟုတ်ပါ။ အေအိုင်ဒီအက်စ်ကို မရရှိနိုင်သလို၊ ကူးလည်း မကူးစက်နိုင်ပါ။
အေအိုင်ဒီအက်စ်ရသည်။
အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသူ
လူများသည် အိတ်ခ်ျအိုင်ဗွီပိုးသာ ကူးစက်ခံရနိုင်သည်။ အေအိုင်ဒီအက်စ် မဟုတ်ပါ၊ အေအိုင်ဒီအက်စ်သည် အိတ်ခ်ျအိုင်ဗွီ ကူးစက်ပြီး ဖြစ်ပွားသော နောက်ဆုံးအဆင့်သာ ဖြစ်သည်။
အေအိုင်ဒီအက်စ်ကူးစက်ခံရသူ
အေအိုင်ဒီအက်စ်ရှိသူ/ ရှိသည်/ရှိခြင်း
မည်သူမှ အေအိုင်ဒီအက်စ်ဖြင့် မသေပါ။ သေခြင်းတရားဟူသည့် အရာမှာ ကျရောက်လာနိုင်ဖွယ် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တဦးတယောက်သည် အေအိုင်ဒီအက်စ်အဆင့်ကို ရောက်ရှိလာသောကြောင့်သာ ဖြစ်သည်။
အေအိုင်ဒီအက်စ်နှင့် အသက်ငင်နေခြင်း
အေအိုင်ဒီအက်စ်နှင့်သေခါနီး
သတင်းရေးသား ဖော်ပြရာတွင် တစုံတယောက်သည် အေအိုင်ဒီအက်စ်ကြောင့် ၀င်လာသည့် နောက်ဆက်တွဲ ရောဂါများဖြင့် သေဆုံးသည်ဟု ဖော်ပြက ပိုမိုမှန်ကန် သင့်တော်သည်။
လူများသည် အေအိုင်ဒီအက်စ်နှင့် ဆက်နွယ်သောရောဂါများ သို့မဟုတ် ခုခံအားကျဆင်းခြင်းကြောင့် အလွယ်တကူ ၀င်ရောက် လာသော အခြားသော အခွင့်ကောင်းယူ ကူးစက်မှုများကြောင့် သေဆုံးခြင်း ဖြစ်သည်၊ မည်သူမျှ အေအိုင်ဒီအက်စ်ဖြင့် သေဆုံးခြင်း မရှိသလို အေအိုင်ဒီအက်စ်သည် ရောဂါလည်း မဟုတ်ပါ။ လူများသည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရခြင်း အကျိုးဆက်အဖြစ် သူတို့ခန္ဓာရှိ ခုခံစွမ်းအား ကျဆင်းလာ ခြင်းကြောင့် တီဘီရောဂါ သို့မဟုတ် အဆုပ်ပြွန်ရောင်သော ရောဂါများဖြင့် သေဆုံးခြင်း ဖြစ်သည်။
အေအိုင်ဒီအက်စ်နှင့် သေဆုံးသည်
အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရှိသော ကလေးများ/ အိတ်ခ်ျအိုင်ဗွီရှိသော ကလေးများ
အေအိုင်ဒီအက်စ်နှင့် ဆက်နွယ်သောရောဂါများကြောင့် မိဘနှစ်ပါးလုံး ဆုံးပါးသွားသော သို့မဟုတ် မိဘတဦးဦး ဆုံးပါးသွားသော ကလေးများသည် မိဘမဲ့များဖြစ်သည်။ သို့ရာတွင် သူတို့တွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု ရှိချင်မှ ရှိမည်။ အေအိုင်ဒီအက်စ် မိဘမဲ့များဟူသော အသုံးအနှုန်းသည် အခြားသော မိဘမဲ့ကလေးများနှင့် သူတို့ကို ခွဲခြားမှုဖြစ်စေ။ သူတို့နှင့် အခြားမိဘမဲ့များ. ကျန်းမာရေးနှင့် အခြား သက်ရောက်သော ကိစ္စများမှာ အတူတူ ပင်ဖြစ်ကြသည်၊ ထို့ကြောင့် ထိုကလေးများကို အေအိုင်ဒီအက်စ် မိဘမဲ့များဟု သုံးနှုန်းခြင်းသည် ချိုးနှိမ်မှုနှင့် ခွဲခြားမှုကို ဖြစ်စေသည်။
အေအိုင်ဒီအက်စ်မိဘမဲ့များ
ဆေးကုသမှု/ အေအိုင်ဒီအက်စ်နှင့်ဆက်နွယ်သော ဆေးဝါးများ
အေအိုင်ဒီအက်စ်နှင့်ဆက်နွယ်သော ဆေးဝါးများသည် ခုခံအားကျဆင်းမှုကြောင့် အလွယ်တကူ ၀င်ရောက် လာနိုင်သော တီဘီရောဂါ။ နမိုးနီးယားကဲ့သို့သော အခြားရောဂါများကို ကုသတိုက်ဖျက်သည့် ဆေးဝါး များဖြစ်သည်၊ အေအိုင်ဒီအက်စ်သည် တခုတည်းသော ရောဂါမဟုတ်၊ အေအိုင်ဒီအက်စ်အတွက် သီးခြားဆေး ဟူ၍မရှိ။
အေအိုင်ဒီအက်စ်အတွက် ဆေးဝါးများ
ဆေးကုသမှု/ ပေါင်းစပ်ပူးတွဲကုသည့် ဆေးဝါးများ
အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရှိသူများအတွက် ဆေးဝါးမျိုးစုံပါဝင်သော ကုသမှုပေးခြင်းဖြင့် နေထိုင်ရှင်သန်နိုင်စေသည်။
စုပေါင်းစပ်ပေါင်းဆေးများ
အိတ်ခ်ျအိုင်ဗွီကူးစက်မှု တားဆီးကာကွယ်ခြင်း
အိတ်ခ်ျအိုင်ဗွီကာကွယ်ခြင်းနှင့်ပတ်သက်၍ တခါတရံ စစ်ပွဲဆိုင်ရာဝေါဟာရများ တင်စားသုံးနှုန်းတတ်ကြသည်။ ယင်းအသုံးအနှုန်းများသည် လူအများကို တိကျသောအဓိပ္ပာယ်ကို မပေးနိုင်ပဲ၊ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ ချဲ့ကားနားလည်မှုကို ဖြစ်ပွားစေသည်။
တိုက်ပွဲဝင်ခြင်း/ စစ်ပွဲနွဲခြင်း/
တိုက်ယူခြင်း/ ရုန်းကန်ခြင်း/ ချိန်ကိုက်ဗုံး
စစ်ဆန်သည့်အသုံးအနှုန်း တင်စားချက်များကို ရှောင်ပါ။
အိတ်ခ်ျအိုင်ဗွီပျံ့ပွားမှု/ အိတ်ခ်ျအိုင်ဗွီ ကျယ်ပြန့်စွာကူးစက်မှု
အိတ်ခ်ျအိုင်ဗွီ သို့မဟုတ် အေအိုင်ဒီအက်စ်နှင့် ပတ်သက်လျှင် အဆိုးမြင်စေသော။ တုန်လှုပ်ခြောက်ချားမှု ဖြစ်ပေါ်စေသော စကားလုံးများကို ရှောင်ကျဉ်သင့်သည်၊ ယင်းတို့ကို သုံးနှုန်းခြင်းဖြင့် လူအများအကြား အကြောက်တရားများ၊ ခွဲခြားမှုများ၊ ချိုးနှိမ်ဆက်ဆံမှုများနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများ ဖြစ်ပွားစေနိုင်သည်။
ကပ်ဆိုက်ခြင်း/
ကပ်ဆိုးဆိုက်ရောက်ခြင်း/
အန္တရာယ်ကင်း၍ ပိုလုံခြုံစိတ်ချရသော လိင်ဆက်ဆံခြင်း
ကွန်ဒုံးခေါ် အက်ဖ်အယ်လ် ခေါ် လိင်တံစွပ်ကြက်ပေါင်ကို သုံးစွဲလျှင်ပင် အခြားအဖော်တဦးနှင့် ကာမ ဆက်ဆံခြင်းသည် လုံးဝဥဿုံ အန္တရာယ်ကင်းပြီဟု မဆိုနိုင်။ ကွန်ဒုံးများသုံးစွဲခြင်းဖြင့် အန္တရာယ်ကို အတိုင်းအတာကြီးမားစွာ လျော့နည်းသွားစေနိုင်သော်လည်း အပြည့်အ၀ အန္တရာယ်ကင်းသည်ဟု မဆိုနိုင်ပါ။
အန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော ကာမဆက်ဆံခြင်း
အေအိုင်ဒီအက်စ် နောက်ဆက်တွဲရောဂါများ
အိတ်ခ်ျအိုင်ဗွီသည် သေဆုံးမှုကို တိုက်ရိုက်မဖြစ်စေပါ။
ကပ်ဆိုက်ခြင်း/
အိတ်ခ်ျအိုင်ဗွီကြောင့် သေဆုံးသည်။
အိတ်ခ်ျအိုင်ဗွီ ပဋိပစ္စည်းစမ်းသပ်မှု သို့မဟုတ် အိတ်ခ်ျအိုင်ဗွီစမ်းသပ်မှု
အေအိုင်ဒီအက်စ်ကိုရှာဖွေသည့် ဓါတ်ခွဲစမ်းသပ်မှု မရှိပါ။ သွေးထဲတွင် အိတ်ခ်ျအိုင်ဗွီပိုးကို ဆန့်ကျင်သည့် ပဋိပစ္စည်းများ ရှိမရှိကိုသာ စမ်းသပ်မှု ပြုခြင်း ဖြစ်သည်။
အေအိုင်ဒီအက်စ်အတွက် စမ်းသပ်ခြင်း/ အေအိုင်ဒီအက်စ် ဓါတ်ခွဲစမ်းသပ်ခြင်း/ အေအိုင်ဒီအက်စ် သွေးစစ်ခြင်း
ရောဂါပိုးကူးစက်စေနိုင်သော အမူအကျင့်များ (ဥပမာ - အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။ ဆေးထိုးအပ် ဝေမျှ သုံးစွဲခြင်း)/ ကူးစက်ခံရသော လူထုအသိုင်းအ၀ိုင်း
မည်သည့် လူမှုရေး၊ ဘာသာရေး၊ လူမျိုး၊ သို့မဟုတ် ယဉ်ကျေး မှုအုပ်စုကမျှ အခြားသော အုပ်စုများထက် အိတ်ခ်ျအိုင်ဗွီ ပိုမိုကူးစက်ခံရနိုင်ဖွယ်၊ ခံရလွယ်ခြင်း မရှိပါ။ ရောဂါပိုး ကူးစက်ခံရလွယ်သော အုပ်စုဟူသော မှားယွင်း သည့် အသုံးအနှုန်းသည် ခွဲခြားမှုနှင့် အယူလွဲမှုများကို ဖြစ်စေ နိုင်သည်။ ထို့အပြင် ကူးစက်ခံရလွယ် သော အုပ်စုဟု သတ်မှတ် မခံရသူများကိုလည်း သူတို့လုံခြုံနေသည်ဟု မှားယွင်းစွာ ထင်မြင်စေခြင်းဖြင့် ရောဂါပိုး ကူးစက်ခံရမှု ဖြစ်စေနိုင်သည်။ မည်သည့် အုပ်စုတွင် ပါဝင်ခြင်း မပါဝင်ခြင်းနှင့် မသက်ဆိုင်ပဲ လူတို့ အပြုအမူ အနေအထိုင်များ ကသာ လူများကို ရောဂါပိုး ကူးစက်ခံရလွယ်ကူမှု ဖြစ်စေသည်။
ကပ်ဆိုက်ခြင်း/
ရောဂါပိုးကူးစက်ခံရနိုင်ဖွယ်ရှိသော အုပ်စု
သွေး၊ သုတ်သွေး၊ သုတ်ရေကြည်၊
မိန်းမကိုယ်မှအရည်အကျိ၊ မိခင်နို့ရည်
ကိုယ်ခန္ဓာမှထွက်သော အရည်များဆိုသည့်အပေါ် ရှုပ်ထွေးစွာနားလည်ခြင်းသည် အိတ်ခ်ျအိုင်ဗွီအပေါ်နားလည်မှု လွဲမှားစေနိုင်ပြီး အကြောက်တရား တိုးပွားစေသကဲ့သို့ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နှင့် နေထိုင်နေသူများအပေါ် ခွဲခြားဆက်ဆံမှုများကို ဖြစ်စေနိုင်သည်၊ ခန္ဓာကိုယ်မှ ထွက်သော မည်သည့် အရည်များတွင် (ဥပမာ- သွေး၊ သုတ်သွေး၊ သုတ်ရည်ကြည်၊ မိန်းမကိုယ်မှ အရည်အကျိနှင့် မိခင်နို့ရည်) အိတ်ခ်ျအိုင်ဗွီပိုး ပါဝင်နိုင်ကြောင်း သေသေချာချာ ရှင်းလင်းပြသင့်သည်။ အိတ်ခ်ျအိုင်ဗွီပိုးသည် ခန္ဓာကိုယ်မှထွက်သော အရည်များဖြစ်သည့် တံတွေး၊ ချွေး၊ မျက်ရည်နှင့် ဆီးတို့မှတဆင့် ကူးစက်နိုင်ခြင်း မရှိ။
ခန္ဓာကိုယ်မှထွက်သော အရည်
အိတ်ခ်ျအိုင်ဗွီကူးစက်မှုခံရဖွယ် အလားအလာများခြင်း/ အိတ်ခ်ျအိုင်ဗွီကူးစက်မှု ရရှိခြင်း/ အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခြင်း
အေအိုင်ဒီအက်စ်သည် ရောဂါမဟုတ်။ ယင်းသည် ရောဂါလ္ခဏာစုသာ ဖြစ်သည်။ မည်သူမျှ အေအိုင်ဒီအက်စ် ရရှိကူးစက်ရန် အလားအလာများခြင်း မရှိ၊ သို့မဟုတ် မည်သူမျှ အေအိုင်ဒီအက်စ်ကို လက်ခံနိုင်ခြင်းမရှိ၊ သို့မဟုတ် အေအိုင်ဒီအက်စ် ကူးစက်နိုင်ခြင်းမရှိ၊ လူတဦးမှတဦးသို့ အိတ်ခ်ျအိုင်ဗွီပိုးသာ ကူးစက်နိုင်သည်။
အေအိုင်ဒီအက်စ်ရနိုင်ဖွယ် အလားအလာရှိခြင်း/ အေအိုင်ဒီအက်စ်ကူးစက်နိုင်ဖွယ် အလားအလာရှိခြင်း/ အေအိုင်ဒီအက်စ်ကူးစက်ခြင်း
အဖော်အများအပြားထားရှိခြင်း/ ရှိသူ
သုံးသပ်ချက်ပါသော၊ စွပ်စွဲမှုပါသော စကားလုံး အသုံးအနှုန်းများကို ရှောင်ပါ။ ဥပမာ - အကန့်အသတ်မဲ့ သို့မဟုတ် ကြုံရာလူနှင့် ကာမဆက်ဆံခြင်း၊
အကန့်အသတ်မဲ့ ကာမဆက်ဆံခြင်း၊ ကြုံရာလူနှင့် ကာမဆက်ဆံခြင်း
သွေးကြောမှ မူးယစ်ဆေးသွင်းသုံးစွဲသူ/ အိုင်ဗွီမူးယစ်ဆေးသုံးသူ/ မူးယစ်ဆေးထိုးသူ/ ထိုးသွင်းမူးယစ်ဆေး သုံးစွဲသူ/ ဥပဒေမဲ့မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲသူများ/ တရားမ၀င်မူးယစ်ဆေးဝါး သုံးစွဲသူများ
ဆေးစွဲသူ၊ ဆေးသမား ဆေးအလွဲသုံးသူဟူသော အသုံးအနှုန်းများသည် ဆက်စပ်မှုမဲ့သော အသုံးအနှုန်းများ ဖြစ်သည်။ ဥပဒေမဲ့ မူးယစ်ဆေးသုံးစွဲမှုသည် ဆေးသုံးစွဲသူ၊ ဘ၀အစိတ်အပိုင်းတခုသာ ဖြစ်သည်။ ဆေးဘဲ၊ ဆေးသမား ဟူသော အသုံးအနှုန်းသည် အရိုးစွဲ သတ်မှတ်သုံးစွဲမှုမျိုးဖြစ်ပြီး မှန်ကန်မှုမရှိပေ။
မူးယစ်ဆေးအလွဲသုံးသူ/ ဆေးစွဲသူ/ ဆေးသမား/ ဆေးဘဲ
ယောက်ျားအချင်းချင်း ကာမဆက်ဆံသူ/ အမ်အက်စ်အမ်များ
လိင်တူဆက်ဆံသူဟူသော အသုံးအနှုန်းသည် ကမ္ဘာ့နေရာဒေသ အတော်များများနှင့် နိုင်ငံအများအပြား အတွက် သင့်တော်လျောက်ပတ်သည့် စကားလုံးမဟုတ်ပေ။ ယင်းသည် အနောက်တိုင်းအယူအဆ သတ်မှတ်ချက် တခုသာဖြစ်သည်။ ကမ္ဘာ့နေရာ အများအပြားတွင် ယောက်ျားချင်း လိင်ဆက်ဆံသူများကို အခြောက်များ/ လိင်တူ ဆက်ဆံသူများအဖြစ် သီးသီးသန့်သန့် မှတ်ယူထားခြင်း ခွဲခြားခြင်း မရှိပေ။
လိင်တူဆက်ဆံသူ/ ဟိုမို/ အခြောက်/ ဂန်ဒူး/ ဂျယ်
လမ်းဘေးအလုပ်သမား သို့မဟုတ် လမ်းပေါ်အလုပ်သမား
လမ်းဘေးအလုပ်သမားဟူသော ဝေါဟာရသည် ကာမလုပ်ငန်း လုပ်ဆောင်သူများဟူ၍ ယူဆ၍မရ။ ဤသို့ယူ ဆပါက ဂုဏ်သိက္ခာထိပါးစော်ကားသည်သာမက မှားယွင်းသောအယူအဆကို ဖြစ်ပေါ်စေနိုင်သည်။
ပြည့်တန်ဆာ
[ဘာသာပြန်သူမှတ်ချက် - အင်္ဂလိပ်အသုံးအနှုန်းတွင်/ Street Walker ဆိုသည်မှာ ပြည့်တန်ဆာကို ဆိုလိုခြင်း ဖြစ်သည်။]
လိင်အလုပ်သမားများ/ စီးပွားဖြစ် ခန္ဓာကိုယ်ရောင်းသူများ သို့မဟုတ် စီးပွားဖြစ်လုပ်သည့် လိင်အလုပ်သမားများ
“ဖာသည်” ဟူသောစကားလုံးသည် သိက္ခာမဲ့၊ စော်ကားမှုကို ဖြစ်စေသည့်အပြင် တန်ဖိုးဝန်ဖိသောစကားလုံး ဖြစ်သည်။
ဖာသည်/ လိုင်း/ ပြည့်တန်ဆာ
အိတ်ခ်ျအိုင်ဗွီပိုးမရှိသူများ၊ (နိုင်ငံ) မှလူများအားလုံး၊ အမေရိကန်လူမျိုးများအားလုံး၊ အရှေ့အာဖရိက တိုက်သားများအားလုံး၊ ကင်ညာနိုင်ငံသားများ စသည်ဖြင့် -
အထွေထွေပြည်သူလူထုဟူသော အသုံးအနှုန်းကို သုံးခြင်းဖြင့် အချို့သော လူအုပ်စုများ၊ အချို့သော လူဦးရေများသည် အထွေထွေပြည်သူလူထုထဲတွင် မပါဝင်သကဲ့သို့ ဖြစ်စေသည်၊ ယင်းသည် မသိလိုက်မသိဖာသာ ကမ္ဘာ့ပြည်သူများကို အိတ်ခ်ျအိုင်ဗွီပိုးရှိသူများ၊ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ဖွယ်ရှိသူ သို့မဟုတ် အိတ်ခ်ျအိုင်ဗွီပိုး မရှိသူများကို ခွဲခြားလိုက်သကဲ့သို့ ဖြစ်သည်။ ယင်းသည် အိတ်ခ်ျအိုင်ဗွီကူးစက်မှုကို အဓိကဖြစ်စေသည့် အမူအကျင့်ထက်၊ လူမျိုး၊ အုပ်စုအမျိုးအစား သတ်မှတ်ချက်ကို ဖြစ်စေသည်။
အထွေထွေပြည်သူလူထု
မှတ်ချက် - ယခုအသုံးအနှုန်းပုံစံ ရရှိနိုင်ရေးအတွက် ပါဝင်ကူညီပေးခဲ့ကြသော အင်တာနယူးစ် Internews ၊ ကိုင်ဇာမိသားစုဖောင်ဒေးရှင်း Kaiser Family
Foundation ၊ သြစတြေးလျအေအိုင်ဒီအက်စ်အဖွဲ့ချုပ် Australian Federation of AIDS
Organization ၊ အမေရိကန်အသံ Voice of America
နှင့် အာဖရိကန် အမျိုးသမီးများ သတင်းမီဒီယာဌာန African Women's Media Center များကို အထူး ကျေးဇူးတင်ရှိပါသည်။
စာ - ၉၈ - ၁၀၅/ အသုံးဝင်မည့်အကိုးအကား အချက်အလက်များ - Media Guide for HIV Reporting




