12
Oct

အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် အကူအညီလိုအပ်နေကြောင်း ထုတ်ပြန်ချက်

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (Social Action
for Women) မှ
အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် အကူအညီလိုအပ်ခြင်း

အမျိုးသမီးများအတွက်
လူမူစောင့်ရှောက်ရေးအဖွဲ့
(Social Action
for Women) သည် ထိုင်း-မြန်မာနယ်စပ်
သို့ ရောက်ရှိလာသည့် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်
များအား
နေရာထိုင်ခင်း၊ အစားအသောက်နှင့် ဆေးဝါး အကူအညီ ပေးနေသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ SAW အဖွဲ့သည် ဝေဒနာရှင် အမျိုးသမီးနှင့် ကလေး (၅၀) ကျော်ကို အကူအညီ ပေးနေပါသည်။ ၂၀၀၈ ခုနှစ်တွင် ကုလသမဂ္ဂမှ ပေးအပ်သည့် ဖဲကြိုးနီဆုကို ရရှိခဲ့ပါသည်။ လက်ရှိအခြေအနေတွင် ဝေဒနာရှင်များအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။

ယခင်အခါကမူ လူနာများအတွက် မဲဆောက်ဆေးရုံကြီး၊ မယ်တော်ဆေးခန်းနှင့် MSF တို့မှ အေအာရ်ဗွီ ဆေးဝါး တချို့ ရရှိသော်လည်း ယခုအခါတွင် MSF က နယ်စပ်မှ ထွက်ခွာသွား သောကြောင့် MSF ကို မှီခိုအားထားနေ ရသည့် လူနာများအတွက် ဆေးဝါး အခက်အခဲနှင့် ရင်ဆိုင် နေရပါသည်။ အချို့လူနာများ ဆိုလျှင် ဆေးစစ်ရန် အချိန်ကာလကို ရောက်ရှိနေပြီး အချို့လူနာများ ဆိုလျှင်လည်း ဆေးသောက်ရမည့် အခြေအနေကို ရောက်ရှိ နေပါသည်။ ယခင် ဆေးရပြီးသား လူနာများမှာလည်း စက်တင်ဘာလ ကုန်ပြီးကတည်းက ဆေးဝါး အကူအညီများ မရရှိတော့သဖြင့် မဲဆောက်ဆေးရုံကြီးမှ
နေ၍
ဆေးဝယ်တိုက်ရမည့်
အခြေ အနေ
ဖြစ်ပေါ်နေပါသည်။ ဆေးဝယ်
သောက်ရုံသာမက
သွေးဖြူဥ စီဒီဖိုးအကောင့်ကို ပုံမှန် စစ်ဆေးရခြင်း၊ ဆေးသောက်ရမည့် လူနာများဖြစ်ပါကလည်း သွေးစစ်ခြင်း၊ ခန္ဓာကိုယ်မှ ရောဂါများကို စစ်ဆေးခြင်းများလည်း လုပ်ရမည်ဖြစ်၍ ကုန်ကျစရိတ်များရှိ နေသောကြောင့် အကူအညီများ လိုအပ်နေပါသည်။

ယခုလောလောဆယ်တွင်
အမျိုးသမီး
(၈) ဦးနှင့် ကလေး (၄) ဦးမှာ အရေးပေါ် ARV ဆေးတိုက်ဖို့ လိုအပ် နေပါသည်။ တခြား ကိုယ်ခံအားကျလာသူ များသည်လည်း သွေးဖြူဥ စစ်ပြီးပါက ဆေးသောက်ရမည့် ကာလကို ရောက်နေပါသည်။ ထို့အတွက်ကြောင့် အလှူရှင် များ ရှိပါက အကူအညီပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆို အပ်ပါသည်။


အကူအညီပေးလိုပါက

Name of Bank -
KASIKORNBANK

Bank Account
Name - SAW (Social Action for Women)

Bank Account
Number - 212- 2- 620 46-0

Bank Address -        84/9
PRASARTVIFEE ROAD MAESOD, 63110 THAILAND

TYPE – SAVIN
_Swift Code /KASI THBK

http://www.sawburma.org  http://socialactionforwomen.blogspot.com/

SAW: အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် SAW အဖွဲ့မှ အကူအညီတောင်းခံခြင်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top