<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />Flower News 2/5/2008
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားရသူအများစုမှာ AIDS သို့ကူးပြောင်း သေဆုံးရခြင်းထက် တီဘီရောဂါဖြင့် သေဆုံးရသူပိုမို များနေကြောင်း သုတေသနပညာရှင်များ၏ အဆိုအရသိရသည်။ ယင်းကဲ့သို့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV ခံစားနေရသူများ တီဘီရောဂါဖြင့် သေဆုံးကြရခြင်းမှာ ခုခံအားကျဆင်းနေသော ခန္ဓာကိုယ်ထဲသို့ ကူးစက်ရောဂါများ အလွယ်တကူ လျင်မြန်စွာကူးစက် ပြန့်ပွားနိုင်ခြင်းကြောင့်ဖြစ်ကြောင်း နှင့် ကူးစက်ခံရသော ရောဂါမှတီဘီရောဂါဖြစ်ပါက သေဆုံးမှုမြန်ဆန် ကြောင်းသိရသည်။ HIV (ခုခံအားကျဆင်းမှု) ရောဂါကို စိတ်ဓါတ်တတ်ကြွစွာဖြင့် သာမန်လူကဲ့သို့နေခြင်း၊ ရောဂါပိုး ပို၍များမလာစေရန် ဆေးနည်း၊ ကစားနည်း၊ အားကစားနည်းများဖြင့် ထိန်းချုပ်လာနို်င်သော်လည်း ယင်းရောဂါထဲသို့ တီဘီကဲ့သို့ (ဆေးယာဉ်တီဘီပိုး) ၀င်ရောက်လာပါက မည်သို့မျှ ကုသအချိန်ဆွဲထား၍ မရတော့ဘဲလျင်မြန်စွာ သေဆုံးရ တတ်ကြောင်းနှင့် တစ်ကမ္ဘာလုံးတွင် HIV ဖြစ်ပွားသူ သန်းပေါင်းများစွာ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယင်းရောဂါကူးစက်ခံရသူ ပေါင်းသိန်းနှင့် ချီ၍ရှိကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ တီဘီ ရောဂါ မှာ ကိုယ်ခံအားနည်းသော သူများတွင် ပို၍ဖြစ်ပွား လွယ်တတ်ကြောင်း၊ သေချာကုသမှုခံပါက လုံးဝပျောက်ကင်းနိုင်ကြောင်း နှင့် HIV ရောဂါပိုးရှိသူမဟုတ်ဘဲ သာမန်လူသည်ပင် ၂၁ရက်ကြာ ချောင်းဆိုးနေခြင်းများနှင့် ချောင်းဆိုးရာတွင် သလိပ်ထဲ၌သွေးပါရှိခြင်း၊ တဖြည်းဖြည်း ပိန်လာခြင်း၊ မကြာခဏဖျား၍ အဖျားနာတာရှည်လာခြင်း၊ စသည့်ထူးခြားမှုများဖြစ်ပါက ဂရုတစိုက်ဖြင့် ဆေးခန်းပြ ကုသခံယူစစ်ဆေးသင့်ကြောင်း သိရသည်ဟု ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီ ၅ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖေါ်ပြထားပါသည်။




