ကမ္ဘာ့ရန်ပုံငွေအဖွဲ့ သရီးဒီဖန်းနှင့်
မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းတို့ ပူးပေါင်း၍ အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်ရောဂါ ကာကွယ် ပညာပေးရေးအတွက် ငါးနှစ်စီမံကိန်းများ
ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်နေကြောင်းသိရသည်။
အဆိုပါ စီမံကိန်းအား ၂၀၀၇ခုနှစ် နှစ်ကုန်ပိုင်တွင်
စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပြီး ပထမ နှစ်မှာပင် မြို့နယ် ရှစ်မြို့နယ် ချမှတ်
ဆောင်ရွက်ခဲ့ပြီး တစ်မြို့နယ်အတွက် ခန့်မှန်းကုန်ကျစရိတ် အမေရိကန် ဒေါ်လာခြောက်သောင်းကျော်ခန့်
အကုန်အကျခံ သွားမည်ဖြစ်ကြောင်း ကြားသိရသည်။
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ
ယင်းကဲ့သို့သော သင်တန်းများအား ကာကွယ် ပညာပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်
ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် စီမံချက်ဖြင့်
မြို့နယ်များသို့ သွားရောက် ဆောင်ရွက်ခဲ့ရာတွင်လည်း စီမံချက်ကာလ
မပြီးဆုံးမှီမှာပင် ယင်းစီမံချက်အား အမြဲတမ်း ဆက်လက် အကောင်အထည်ဖေါ်
ဆောင်ရွက်နိုင်မည့် မြို့ခံလူငယ်များ စေတနာ့ ဝန်ထမ်းများအား စည်းရုံးပညားပေးကာ
သင်တန်းသား မွေးထုတ်ရန် အဓိကထား ဆောင်ရွက်ကြောင်းနှင့် ရောဂါအတွက် အဓိကကျသော
ကာကွယ်မှုအဖြစ် ကွန်ဒုံးစနစ်တကျ သုံးစွဲရေး ကွန်ဒုံးများ အခမဲ့ ပေးဝေရေး
သွေးစစ်ပေးခြင်းနှင့် ပိုးရှိနေသူများအား လိုအပ်သော (ART) ရရှိရေးတို့အတွက်
ဆောင်ရွက်ပေးခြင်း ပညာပေး ဆွေးနွေးခြင်း စသည်တို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက်
ကမ္ဘာ့ရန်ပုံငွေ အဖွဲ့မှလည်း ဘဏ္ဍာရေးငွေများ ကူညီ ထောက်ပံ့ပေးခဲ့ကာ ပြည်တွင်းရှိ NGO
အဖွဲ့အစည်းများလည်း စိတ်ပါဝင်စားစွာ ကူညီမှုများပေးခဲ့ကြောင်းနှင့် ၂၀၀၅ခုနှစ်
သြဂုတ်လတွင် ဘဏ္ဍငွေများ ထောက်ပံ့ပေးနေသည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့
ဂလိုဘယ်ဖန်းအဖွဲ့ကြီးမှ မြန်မာနိုင်ငံသို့ အကူအညီပေးနေမှုများ
ရပ်ဆိုင်းခဲ့ကြောင်းနှင့် ယင်းအကူအညီကြောင့် မြိတ်၊ ကော့သောင်း၊ မကွေး၊
သံဖြူဇရပ်နှင့် သန်လျင်ကျောက်တန်း မြို့နယ်များတွင် အိတ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်စ် စီမံချက်များ ချမှတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
The Yangon
Times (24-May-2007)




