3
Sep

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုတာ ဘာလဲ။





အိတ်ခ်ျအိုင်ဗွီအကြောင်း
သိကောင်းစရာအခန်းမှ
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုတာ
ဘာလဲ

ကို ယခု စာမျကှ်ာတွင် ဖော်ပြသွားမည်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် သတင်းရေးသား
ပေးပို
ခြင်း
လမ်းည
န် စာမျကှ်ာ (၄၈) မှ (၅၀) အထိ တင်ပြထားသည်။

++++++++++++++++++++++++++++


အေအိုင်ဒီအက်စ် Acquired
Immune Deficiency Syndrome
သည် အိတ်ခ်ျအိုင်ဗွီပိုး Human

Immunodeficiency Virus ကြောင့် ဖြစ်ပွားသောရောဂါဖြစ်သည်။

ထိုဗိုင်းရပ်စ်ပိုးသည် သေးငယ်လှသော ဇီဝပစ္စည်းတခုဖြစ်ပြီး
သတ္တဝါများအတွင်းရှိ ကလာပ်စည်းများသို

ဝင်ကပ်ပေါင်းပြီး ထိုကလာပ်စည်းအတိုင်း
ပုံစံကူးယူနိုင်စွမ်းရှိသည်။ ထိုကလာပ်စည်းများက အိတ်ခ်ျအိုင်ဗွီပိုး

ပုံစံတူများ ဖွဲစည်းအပြီး သေဆုံးသွားသော်လည်း
အခြားကလာပ်စည်းများ၌ သွားရောက်ဝင်ကပ်ပူးရန်

ထိုပုံစံတူပိုးကလာပ်စည်းများကို ထုတ်လွှတ်ပေးလေသည်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကို တိုက်ယူသည့်
ရောဂါပိုးများ ခုခံကာကွယ်ပေးသော ပဋိပစ္စည်းများ

ခန္ဓြွာကိုယ်မှ ထုတ်လွှတ်ပေးပြီး ယင်းကို ဆယ်±ို-ကွန်ဗာရှင်းဟုခေါ်သည်။

ကလာပ်စည်းအတော်များများ သေဆုံးသွားသည့်အခါ ခုခံစွမ်းအား
လျော့နည်းသွားပြီး ယခင်ကကဲ့သို

ဝင်လာသောရောဂါများကို ခုခံကာကွယ်နိုင်စွမ်း မရှိတော့ပေ။
ထိုသို
သောအခြေအနေတွင်
ယခင်က

တော်ုံတန်ုံလောက်သာဖြစ်သော၊ ပြဿနာအကြီးအကျယ် မပေးနိုင်သော
ရောဂါများသည်ပင်လျှင်

အလွန် အနရာယ်ကြီးသည့် ရောဂါများ ဖြစ်လာတတ်သည်။

 

ဘယ်လိုဘယ်ပုံ ကူးစက်နိုင်ပါသလဲ၊ ဘယ်လို ကာကွယ်ယူလို့
ရပါသလဲ၊

 

ကူးစက်ပုံကူးစက်နည်း - ကာမဆက်ဆံခြင်း

ကူးစက်ပြီးသားသူ တစုံတဦးနှင့် ကာမဆက်ဆံခြင်း ပြုပါက
ကူးစက်နိုင်သည်။ အိတ်ခ်ျ အိုင်ဗွီကူးစက်မှုနှုန်း၏ ၇၅ ရာခိုင်နှုန်းသည်
ကာမဆက်ဆံခြင်းမှ ကူးစက်ကြခြင်းဖြစ်သည်။

 

ဤ ၇၅ ရာခိုင်နှုန်းမှ သုံးပုံတပုံသည် ဖိုမ ကြားကာမဆက်ဆံခြင်းမှ
ကူးစက်ပျံ့ပွားခြင်း ဖြစ်သည်။ ပြတ်သွား၊ ခြစ်မိသွားသည့် နေရာသေးသေးကလေးများမှ
အိတ်ခ်ျအိုင်ဗွီပိုး ခန္ဓာကိုယ်တွင်းဝင်ရောက် လာနိုင်သည်။ အက်စ် တီအိုင် ခေါ်
ကာမဆက်ဆံခြင်းမှ ကူးစက်မှုများမှာအနာများ၊ 
ဒဏ်ရာဒဏ်ချက် များမှဖြစ်ပွားလေ့ရှိပြီး အိတ်ခ်ျ အိုင်ဗွီပိုး
ကူးစက်လာရန်အထူးအခြေ အနေတခုကို ဖန်တီးပေးလေသည်။

 

ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ

ဇီဝဆိုင်ရာကာကွယ်နည်း -
အက်စ်တီအိုင်မရအောင် ထိန်းသိမ်းခြင်း၊
ကာကွယ်ဆေးထိုးခြင်းနှင့် မိုက်ကရိုဘိုက်ဒ်စ်၊ အပြုအမူဆိုင် ရာကာကွယ်နည်း -
သမားရိုးကျပညာရေး၊ သတင်းစာနယ်ဇင်း၊ လူမှုရေးဈေးကွက်လုပ်ယူခြင်း၊

 

ကူးစက်ပုံကူးစက်နည်း - ဆေးထိုးခြင်း

ဆေးထိုးအပ်များ တဦးပြီးတဦး ထပ်ကာထပ်ကာ ဖလှယ်သုံးစွဲခြင်း
သို့မဟုတ် ကူးစက်ခံရပြီးသူနှင့်မူးယစ်ဆေးဝါး ထိုးသုံးစွဲသည့်
ကိရိယာတန်ဆာပလာများဖလှယ်သုံးခြင်း။

 

ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ

သန့်ရှင်းသော ဆေးထိုးကရိယာများ ထောက်ကူပေးခြင်း၊
လူထုအသိုင်းအ၀ိုင်းအတွင်း လက်လှမ်းမီသမျှ ကွင်း ဆင်းလုပ်ကိုင်ခြင်းနှင့်
အပေါင်းအဖော် အချင်းချင်းအကြား ပညာပေးဆောင်ရွက်ခြင်း၊ ကျန်းမာရေး ဌာနများ၊
ဆေးစစ်ခြင်းနှင့် ကုသပေးမှုများသို့လူတိုင်းလက်လှမ်းမီရရှိအောင် လုပ်ပေးခြင်း

 

ကူးစက်ပုံကူးစက်နည်း - သွေးသွင်းခြင်း

အိတ်ခ်ျအိုင်ဗွီပိုးပါသောသွေးအား သွင်းယူမိခြင်း၊ ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ
သွေးလှူသူများအား ဇကာတင်စစ်ဆေးပြီးမှ သွေးယူခြင်း၊ ပံ့ပိုးလာသော သွေးများအား
ဇကာတင်စစ် ဆေးယူခြင်
း။

 

ကူးစက်ပုံကူးစက်နည်း - မိခင်မှ ရင်သွေးငယ်များသို့

အိတ်ခ်ျအိုင်ဗွီရှိပြီးသူ မိခင်၏သားအိမ်အတွင်း သန္ဓေတည် လာသည့်ကလေးငယ်အား
မီးဖွားသည့်အချိန် နှင့် မိခင်နို့ရည်တိုက်ကျွေးချိန် တို့တွင် ကူးစက်နိုင်သည်။

 

ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ

မီးဖွားခြင်းမပြုခင် မိခင်အား အင်န်တီရီထရိုဗိုင်ရယ်စ်
တိုက်ကေဋ္ဌးခြင်း၊ မိခင်နို့ရည် တိုက်ကျွေးခြင်း မပြုပဲအခြား ကျန်းမာသောနည်းများသုံး၍
ကျွေးမွေးခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top