အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် စပ်လျဉ်း၍ သတင်းအစီရင်ခံခြင်း
အခန်းမှ အိတ်ခ်ျအိုင်ဗွီအကြောင်း သိကောင်းစရာ အခန်းကဏ္ဍကို ယခု စာမျက်နှာတွင် ဖော်ပြသွားမည်။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် သတင်းရေးသား ပေးပို့ခြင်း လမ်းညွှန် စာမျက်နှာ (၂၆)
မှ (၃၀) အထိ တင်ပြထားသည်။
+++++++++++++
ကမ္ဘာအနှံ့
ကူးစက်ပျံ့ပွားခြင်း
ယနေ့ကမ္ဘာပေါ်တွင်
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်နေထိုင်နေသူ စုစုပေါင်းလူပေါင်း (၃၈) သန်းရှိနေသည်။
ယူအင်န်အေအိုင်ဒီအက်စ်အဖွဲ့ကြီး၏ ခန့်မှန်းတွက်ချက်မှုများအရ လိုအပ်သည့်ကာကွယ်တားဆီး
မှုများမပြုလုပ်ပါ က သက္ကရာဇ် ၂၀၁၀ တွင် နောက်ထပ်လူပေါင်း (၄၅) သန်းအထိ
တိုးပွားလာနိုင်ဖွယ်ရှိသည် ဟုဆိုသည်။ ယူအင်န်အေအိုင်ဒီအက်စ်၏ စာရင်းများအရ ၂၀၀၅ ခုနှစ်တွင်
လူပေါင်း ၄.၁သန်း အိတ်ခ်ျအိုင်ဗွီ ထပ်မံကူး စက်မှုဖြစ်ခဲ့သည်။ သေဆုံးသူပေါင်း
၂.၈ သန်းရှိကာ ၂.၆ သန်းမှာ အရွယ်ရောက်ပြီးသော
လူကြီးများဖြစ်၍ ၅၇၀၀၀၀ (ငါးသိန်းခုနှစ်သောင်း) သောအရေအတွက်မှာ
ကလေးသူငယ်များဖြစ်သည်။ ၁၉၈၁ ခုနှစ်မှစတင် သတ်မှတ်ခဲ့သော စာရင်းများအရ ကမ္ဘာတ၀ှမ်းတွင် အေအိုင်ဒီအက်စ်နှင့် သေဆုံးသူ ပေါင်း
၂၅ သန်းရှိသွား ပြီဖြစ်သည်။ လူ့သမိုင်းတွင်တင်ရှိထားသည့် မှတ်တမ်းများအရ ဤကူးစက်ရောဂါသည်
လူသားတို့အား အဖျက် ဆီးဆုံးသောကူးစက်ရောဂါဖြစ်သည်။ ခြောက်စက္ကန့်တိုင်းတွင် လူတဦးကျနှုန်းဖြင့်
အိတ်ခ်ျအိုင်ဗွီကူး စက်ခံနေရ သည်။ သို့အတွက် တမိနစ်တိုင်းတွင် လူ (၁၀) ဦးကျ
အိတ်ခ်ျအိုင်ဗွီကူးစက်ခံနေရသည်ဟု ဆိုနိုင်သည်။
တကမ္ဘာလုံး
စာရင်းများအရ ၂၀၀၅ ခုနှစ်အတွင်း အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်နေထိုင်နေသူအားလုံး၏
သုံးပုံတပုံသည် အသက် ၁၅ နှစ်နှင့် ၂၄ နှစ်အကြားရှိသူများဖြစ်သည်။ အသက် ၁၅ နှစ်အောက်
ကူးစက်ခံနေ ရသော ကလေးသူငယ် အရေအတွက်မှာ ၂.၃ သန်း ရှိခဲ့သည်။
အာဖရိကရှိ ဆာဟာရအောက်ပိုင်းဒေသတွင် ကမ္ဘာ့လူဦးရေ၏ ဆယ်ရာခိုင်နှုန်း နေထိုင်နေသည်။ တကမ္ဘာလုံးတွင်ဖြစ်ပွားနေသော
အိတ်ခ်ျအိုင်ဗွီကူး စက်ခံရ သူများ၏ ၆၄% သည် ထိုအရပ်တွင်
မှီတင်းနေ ထိုင်နေကြသည်။ သို့သော်လည်း အရှေ့အာရှနှင့် အရှေ့တောင် အာရှဒေသတွင်းရှိ
နိုင်ငံများတွင်လည်း အိတ်ခ်ျအိုင်ဗွီကူးစက်နှုန်းသည် သတိပေးခေါင်းလောင်းထိုးဖို့ လိုအပ်သည်
အထိ ကြောက်ခမန်းလိလိ မြင့်တက်နေသည်။ ယခုအချိန်တွင် အာရှတိုက်တွင် အိတ်ခ်ျအိုင်ဗွီနှင့်
နေထိုင်နေသူဦး ရေ (၈) သန်းကျော် ရှိနေသည်။ တရုတ်နိုင်ငံနှင့်
အိန္ဒိယနိုင်ငံများတွင် အိတ်ခ်ျအိုင်ဗွီပျံ့နှံ့မှုနှုန်း နည်းပါးသည်ဟု ထင်စရာရှိသည်။
ဝ.၁ % နှင့် ၀.၉
% အသီးသီးရှိကြသည်။ ပျံ့နှံ့မှုရာခိုင်နှုန်း နည်းပါးသည်ဟုဆိုရခြင်းမှာ
ထိုနိုင် ငံများ၏ မြင့်မားသော လူဦးရေနှင့် နှိုင်းချိန်တွက်ထားသောကြောင့်ဖြစ်သည်။ အမှန်တကယ်တွင် ထိုနိုင်ငံများအ တွင်း အိတ်ခ်ျအိုင်
ဗွီကူးစက်ခံထားရသောလူဦးရေမှာ ကြီးမားလှသည်။ တရုတ်ပြည်တွင် လိုအပ်သောအရေး ပေါ်ကာကွယ်
တားဆီးမှုများ မလုပ်ပါက ၂၀၁၀ ခုနှစ်တွင် ကူးစက်ခံရသူပေါင်းအနည်းဆုံး (၁၀) သန်းကျော် အထိရှိလာ နိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ကူးစက်ခြင်းခံရသော
အမျိုးသမီးဦး ရေအချိုးအစားမှာ လည်း ပို၍များပြားလာသည်။ ၂၀၀၅ခုနှစ်တွင် အိတ်ခ်ျအိုင်ဗွီနှင့်နေထိုင်နေသည့်
အမျိုးသမီးဦးရေသည် ၁၇.၃ သန်းရှိနေကြောင်း ယူအင်န်အေအိုင်ဒီအက်စ်မှ တွေ့ရှိခဲ့သည်။
ထိုအထဲမှ ၁၃.၂ သန်းသည် အာဖရိကရှိ ဆာဟာ ရအောက်ပိုင်း ဒေသများမှဖြစ်သည်။ တောင်အာရှနှင့်အရှေ့တောင်အာရှဒေသနိုင်ငံများတွင်
လူဦးရေ ၂ သန်း ကျော်သောအမျိုးသမီးများသည် အိတ်ခ်ျအိုင်ဗွီကူးစက်ခံထားရသည်။
အိတ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ်အတွက်
ကုသမှု
မကြာသေးသည့်နှစ်များအတွင်း
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အတွက် ကုသမှုခံယူရန် လူအများအတွက် ပိုမိုလက်လှမ်းမှီ
လာကြသည်။ သို့သော် ကူးစက်ပျံ့ပွားနှုန်းနှင့်နှိုင်းယှဉ်ပါက မပြောပလောက်သေးပါ။ ရောဂါပျံ့
ပွားကူးစက်မှုနှုန်းကို တစိုက်မတ်မတ် ထိန်းသိမ်းထားနိုင်ရန်အတွက် ကွန်ဒုံးသုံးစွဲခြင်း၊
လူထုပညာပေးရေးလုပ် ငန်းများ၊ စမ်းသပ်စစ်ဆေးခြင်းနှင့် အကြံဥာဏ်များပေးခြင်း၊ နိုင်ငံတကာစံမီသော
ကုသခံယူမှုရရှိခြင်း အစရှိသည့် က္ဂများကို မရှိမဖြစ် ကြိုးပမ်းဆောင်ရွက်ဖို့ လိုသေးသည်။
ကုသခံယူမှုများသည် ချမ်းသာကြွယ်ဝသော မြောက်အ မေရိက၊ အနောက်ဥရောပနှင့် သြစတေးလျနိုင်ငံများကို
ကျော်လွန်၍ ကုသခံယူမှုလိုအပ်သောလူများ လက်ခံ ကုသ နိုင်စေရန်အတွက်
ယခုအခါ ပိုမိုကျယ်ပြန့် လာပြီဖြစ်သည်။ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီနှင့် ကျူးဘားနိုင်ငံများမှ
အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်နေသော လူဦးရေ၏ ၈၀% သည် ဆေးဝါးကုသမှုများ လက်ခံရရှိနေ ပြီဖြစ်သည်။
ဘရာဇီး၊ အန္ဒိယ နှင့် ထိုင်းနိုင်ငံကဲ့သို့သောနိုင်ငံများသည် ယေဘုယျအားဖြင့် အမျိုးတူသော
အေ အာရ်ဗွီဆေးများကို ပြည်တွင်း၌ ထုတ်လုပ်ရန် ခွင့်ပြုထားပြီဖြစ်သည်။ ထိုအကျိုးဆက်ကြောင့်
ဆေးတန်ဖိုး သည် သိသိသာသာကျဆင်း သွား၍ ကုသမှုခံယူရန် ပိုမိုလွယ်ကူလာသည်။ ထိုသို့တိုးတက်မှုများ
ရှိလာနေ သော်လည်း တောင်အမေရိကနှင့် ကာရစ်ဘီယန်ဒေသ၊ အရှေ့ဥရောပ၊ အာရှတိုက်တခုလုံးနီးပါးနှင့်
အာဖရိကရှိ ဆာဟာရ အောက်ပိုင်းဒေသများရှိ အလွန်ဆင်းရဲမွဲတေနေသေးသည့် နိုင်ငံများအတွက်ကတော့
အခက်အခဲများ ရှိနေဆဲ ဖြစ်သည်။ အကောင်းဆုံးကိုပြရမည်ဆိုပါက ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသည့်
အာဖရိကတိုက်ရှိ နိုင်ငံသား (၁၀) ဦးတွင်တဦးနှုန်းနှင့် အာရှတိုက်ရှိ နိုင်ငံသား (၇)
ဦးတွင်တဦးနှုန်းသည် လိုအပ်သည့်ဆေးဝါးကု သခံယူမှု ရရှိနေသည်။
မတူကွဲပြားသော
ကုသမှုများ
အိတ်ခ်ျအိုင်ဗွီကိုကုသရာတွင်
ကုထုံးတမျိုး (သို့) ထိုထက်ပို၍ ရှိနေကြောင်း အောက်ပါအချက်အလက် များကို ကြည့်၍ သိရှိနိုင်သည်။
- အိတ်ခ်ျအိုင်ဗွီပိုးကို
ပစ်မှတ်ထား တိုက်ခိုက်သည့် ဆေးဝါးများကို antiviral ဟုခေါ်သည်။
- ကူးစက်ခြင်းကို ကုသမှု၊ ထိန်းသိမ်းမှု၊ ကြိုတင်ကာကွယ်မှုတို့အတွက် သုံးစွဲသည့်ဆေးဝါးများ၊
(ဤနေရာတွင် ကူးစက်ခြင်းဆိုသည်မှာ အိတ်ခ်ျအိုင်ဗွီပိုးနှင့်ဆက်နွယ်နေသော ဖျက်ဆီးခံရမှုများကြောင့်
ကိုယ်ခံအားကျဆင်း လာပြီး အဖျားရောဂါအမျိုးမျိုးကို ခံစားနေရသည့်လူများအတွက် ဆိုလိုသည်)။
ထိုကဲ့သို့ ကုထုံးတွင် antibiotics, antifungal, or chemo-therapy ပဋိဇီဝဆေးများ၊ မှိုတက်ခြင်း (မှိုနာများ) ကို တိုက်ဖျက်သည့်ဆေးများ၊ ဓာတ် ရောင်ခြည်ဖြင့်ကုသခြင်းများ
ပါဝင်ကောင်းပါဝင်နိုင်သည်။
- ကိုယ်ခံအားစနစ် ပျက်စီးပြိုကျခြင်းမှကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန်လည်တိုးတက်လာစေခြင်းတို့
အတွက် ရည်စူးသောကုသမှုများဖြစ်သည်။ ထိုကဲ့သို့သောကုသမှုများကို immunomodulating
(သို့) immune-based ကုထုံးများဟုခေါ်သည်။
ဗိုင်းရပ်စ်တိုက်ခိုက်ရေးဆေးဝါးများ
(Antiviral Drugs)
ယခုအခါ
အိတ်ခ်ျအိုင်ဗွီကိုကုသရန်နှင့် ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်ရန်အတွက် အမျိုးမျိုးသောဆေးဝါးများ
ရှိလာနေ သည်။ ဆေးပညာအခေါ်အဝေါ်အားဖြင့် ထိုဆေးများကို antiretroviral
drugs ဟုခေါ်သည်။ အဘယ့်ကြောင့် ဆိုသော် အိတ်ခ်ျအိုင်ဗွီသည် ဗိုင်းရပ်စ်ပိုးအမျိုးစားတခုဖြစ်၍
retrovirus ဟုလည်းအသိ များသည်။ သို့သော် ထိုဗိုင်းရပ်စ်ပိုးများကို
ယေဘုယျအားဖြင့် antiviral ဟုခေါ်ဝေါ်သည်။ လတ်တလောကာလတွင် အိတ်ခ်ျအိုင်ဗွီကူးစက်မှုကို
ကုသရန်အတွက် သုံးစွဲနေသော ဗိုင်းရပ်စ်တိုက်ခိုက်ရေး ဆေးဝါးအဆင့် လေးမျိုး ရှိသည်။
- ညူကလီယိုဆိုက် (သို့) ညူကလီယိုတိုက် အသွင်ကူးပြောင်းခြင်းကို တားထားသည့်ဆေးများ
AZT, ddI, ddC, 3TC, d4T and abacavir စသည့်ဆေးများ။
- ညူကလီယိုဆိုက်မဟုတ်သည့် ဗိုင်းရပ်စ်ပိုးများ အသွင်ကူးပြောင်းခြင်းကို တားထားသည့်ဆေးများ
nevirapine,
delavirdine, efavirenz အစရှိသည့်ဆေးများ။
- Protease
inhibitor ပရိုတိစ်အင်ဇိုင်းများ တားထားသည့်ဆေးများ indinavir,
ritonavir, saquinvir, nelfinavir အစရှိသည့်ဆေးများ။
- Fusion
inhibitors ပေါင်းစပ်ဖွဲ့စည်းထားသည့် ဗိုင်းရပ်စ်မပြန့်ပွားရေးအတွက်
(သို့) ထိန်းချုပ်ထား ရေးအတွက် ဆေးဝါး၊ enfuvirtide ကဲ့သို့ဆေးဝါးများ။
အထက်ပါဆေးဝါးများသည် ခန္ဓာကိုယ်ထဲတွင် အိတ်ခ်ျအိုင် ဗွီမျိုးတူဗိုင်း ရပ်စ်ပိုးများပွားများလာခြင်းကို
တားဆီးသည့်နေရာ့ သူ့နည်းသူ့ဟန်ဖြင့် အသုံးဝင်ကြသည်။
သတ်မှတ်ထားသော
အဆင့်အတန်းနှင့်အညီ ကုသမည်ဆိုပါက အထက်တွင်ဖော်ပြထားသော ဆေးအမည်များ ထဲမှ အနည်းဆုံးသုံးမျိုးကိုသုံးရမည်၊
တခါတရံ ဆေးများကို ထိုထက်ပို၍ သုံးရသည်လည်းရှိသည်။
ကုသရာ ၌ အထက်တွင်ဖော်ပြထားသော ကုသနည်းလေးမျိုးထဲမှ အနည်းဆုံးနှစ်မျိုးကိုတော့ သုံးရလေ့ရှိသည်။
ထိုကုထုံး သည် အထူးအာနိသင်ရှိသော အေအာရ်တီကုထုံး Highly
Active Antiretroviral Therapy (HAART) ဟု အသိများသည်။ ပေါင်းစပ်ထားသောကုထုံးများကို
အဘယ်ကြောင့် ကုသမှုဟု မသတ်မှတ်သနည်း။ တခါတရံတွင် ပေါင်းစပ်ထားသော ဗိုင်းရပ်စ်ပိုး တိုက်ခိုက်ရေးကုထုံးများကို
အိတ်ခ်ျအိုင်ဗွီကုသသည့် ကုသမှုသဖွယ်ရေးသားကြ သည်ကို တွေ့ရသည်။ အလွန့်အလွန်အရေးကြီး၍
သတ်မှတ်ထားဖို့လိုသည့်ကိစ္စမှာ အိတ်ခ်ျအိုင်ဗွီသည် လက်ရှိ ရရှိနေသောဆေးဝါးများကိုသုံး၍
ပျောက်ကင်းအောင် ကုသနိုင်သည့်ရောဂါမဟုတ်ပါ။
ထိုဆေးဝါးများကိုသုံးစွဲ၍ နေထိုင်နေရသူများသည် ဆက်လက်၍ အိတ်ခ်ျအိုင်ဗွီ နှင့်နေထိုင်နေသူများ
ဖြစ်သောကြောင့်ပင်။
ဗိုင်းရပ်စပ် ပါဝင်နေမှုနှုန်း ဆန်းသပ်စစ်ဆေးခြင်း
သွေးထဲနှင့်
သုတ်ရည်ထဲတွင်ပါဝင်နေသော အိတ်ခ်ျအိုင်ဗွီနှုန်းထားအနိမ့်အမြင့်ကို တိုင်းတာရာတွင်အသုံး
ပြုသောစနစ်ကို ဗိုင်းရပ်စ်ပိုးပါဝင်နေမှုနှုန်း ဆန်းသပ်စစ်ဆေးခြင်း Viral
load testing ဟုခေါ်သည်။ အိတ်ခ်ျအိုင် ဗွီပိုးပါဝင်မှုနှုန်းထား ကော်ပီအမျိုးစားများသည်
လူအချို့တွင် ထောင်နှင့်သောင်းနှင့်ချီ၍ ရှိနေသည်။ အချို့သူများ တွင် ကော်ပီအမျိုးအစား
(၅၀) အောက်တွင်ရှိနေခြင်း (သို့) ပါဝင်မှုနှုန်း နိမ့်ကျနေခြင်းကြောင့် တိုင်းတာသိရှိရန်
ခက်ခဲသည်။ သို့သော် တစ်မီလီမီတာပမာဏ ရှိသွေးထဲတွင် ပိုးကော်ပီအမျိုးအစား (၅၀) ရှိနေခြင်း
(သို့) ထိုထက် နှုန်းထားနိမ့်ကျနေခြင်းတို့ကြောင့် ထိုလူပုဂ္ဂိုလ်သည် အိတ်ခ်ျအိုင်ဗွီကူးစက်ခံထားရသူမဟုတ်ဟု
ပြော၍မရပါ။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရပြီးဖြစ်ပါသည်။ အကယ်၍ ဆေးဝါးများ antiviral
drugs အသုံးပြု၍ ပိုးကို ဆက်တိုက်နှိမ်နင်းထားခြင်းမရှိပါက ထိုဗိုင်းရပ်စ်ပိုးများ
ပြန်လည်အုပ်စုဖွဲ့၍ အသက်အန္တရာယ် ပေးလာနိုင်သည့် နှုန်းထားအထိ မြင့်တက်လာနိုင်သည်။ အိတ်ခ်ျအိုင်ဗွီပိုး
သွေးထဲပါဝင်မှုနှုန်း နည်းပါးနေခြင်းသည် ထိုသူအတွက် ကျန်းမာရေးအခြေအနေကောင်းနေဆဲဖြစ်သည်ဟု
ဆိုနိုင်သော်လည်း ထိုသူထံမှ အခြားသူများထံသို့ ဗိုင်းရပ်စ် မကူးစက်နိုင်ဟု ပြော၍ မရပေ။ အကယ်၍ ဗိုင်းရပ်စ်ပိုးပါဝင်မှုနှုန်း
အလွန့်အလွန်နိမ့်ကျနည်းပါးသည်ဟု ဆိုပါစို့။ ထိုအခါမျိုးတွင် ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်၏ အရေးပါသောကိုယ်ခံအားစနစ်ကလာပ်စည်း အတော်များများသို့
ကူးစက်အောင်မစွမ်းဆောင်နိုင်၊ ထို့အတူ အေအိုင်ဒီအက်စ်အဆင့်အထိ ရောက်ရှိသွားသည်အထိ ကိုယ်ခံအား
စနစ်ကို မဖျက်စီးနိုင်သေး။ ကိုယ်ခံအားစနစ်နှင့် စီဒီဖိုးဆဲလ်များ (တီဆဲလ်များ) အိတ်ခ်ျအိုင်ဗွီရှိနေသူတဦး၏
ကျန်းမာရေးကို စစ်ဆေးအကဲဖြတ်ရာတွင် သုံးလေ့သုံးထရှိသည့် နောက်ထပ် နည်းတနည်းရှိသေးသည်၊
ဤနည်းကို စီဒီဖိုးနည်း (သို့) တီဆဲလ်များ (သို့) ကလာပ်စည်းများကို ရေတွက် ခြင်းဟုခေါ်သည့်နည်းဖြစ်သည်။ ထိုနည်းသည် စီဒီဖိုးဆဲလ်နှင့် တီကလာပ်စည်းများ၏
အရေအတွက်ကို တိုင်းတာခြင်းဖြစ်သည်။ ထိုကလာပ်စည်း များသည် အရေးကြီးသော ကလာပ်စည်းများဖြစ်သည်။
ထိုကလာပ်စည်းများသည် ဗိုင်းရပ်စ်ပိုးများကြောင့်
ဖြစ်ပေါ်လာသောကိုယ်ခံအားစနစ်၏ တုံ့ပြန်ချက်ကိုထင်ဟပ် သိစေနိုင်သောကြောင့်ဖြစ်သည်။ အိတ်ခ်ျအိုင်ဗွီပိုး
သည် အဆိုပါကလာပ်စည်းများအတွင်းတွင် ပုံစံတူများထပ်မံမွေးဖွားလာနေပြီး အဆိုပါကလာပ်စည်းများ
တိုး တက်မလာနိုင်စေရန် ဖျက်ဆီးနေသည်။ ထိုဖြစ်စဉ်အတွင်း စီဒီဖိုးကလာပ်စည်းများ ဖျက်ဆီးခံရလေလေ
ခန္ဓာကိုယ်ခုခံအားစနစ်သည် အားနည်း လာလေလေ ဖြစ်ပြီး အိတ်ခ်ျအိုင်ဗွီနှင့် အခြားကူးစက်ရောဂါများကို
တိုက်ဖျက်ရန် စွမ်းအားကျဆင်း လာတော့သည်။ ထို့ကြောင့် အိတ်ခ်ျအိုင်ဗွီပိုးပုံစံတူများ
ထပ်မံမွေးဖွားလာ နေခြင်း ကို နှေးကွေးသွားစေရန် ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခံအားစနစ်ကို
ဖျက်ဆီးနေသည့်နှုန်းသည်လည်း နှေးကွေး သွားစေသည်။ ဗိုင်းရပ်စ်ပိုးကို တိုက် ခိုက်သည့်ဆေးဝါးများ
ပေါင်းစပ်အသုံးပြုခြင်းဖြင့် အေအိုင်ဒီအက်စ်နှင့် ဆက်နွယ်သော သေဆုံးမှုများ သိသိသာသာ
လျော့နည်းလာစေသည့်အပြင် အေအိုင်ဒီအက်စ်နှင့် ဆက်နွယ် နေသော အသက်အန္တရာယ်ကို ခြိမ်းချောက်
နေသည့် မြောက်မြားလှသော အဖျားရောဂါပေါင်းစုံကိုလည်း လျှော့ချပြီးသားဖြစ်သွားသည်။
ကာကွယ်ဆေးများ
ခန္ဓာကိုယ်ခုခံအားကိုအခြေခံသည့်
အခြားသောကုထုံးများတွင် အိတ်ခ်ျအိုင်ဗွီကူးစက်မှုကို ကာကွယ် ဟန့်တား ရန်နှင့် ရောဂါဖြစ်ပွားမှုနှုန်း
နှေးကွေးသွားရန်အတွက် ကုထုံးဆိုင်ရာကာကွယ်ဆေးများကို ‘ရောဂါဖြစ်ပွားမှု
ကာ ကွယ်သော ကာကွယ်ဆေးများ’ prophylactic vaccines ဟုခေါ်သည်။ ထိုကာကွယ် ဆေးများ၏ အာနိ သင်များ ကို လေ့လာဆန်းစစ်နေဆဲလည်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ
တိုက်ကြီးခြောက်တိုက်အတွင်းမှ နိုင်ငံပေါင်း (၁၉) နိုင်ငံ
တွင် အေအိုင်ဒီအက်စ်ကာကွယ်ဆေး များနှင့်စပ်လျဉ်း၍ စမ်းသပ်စစ်ဆေးနေဆဲဖြစ်သော ဆေးဝါး
အမျိုးအစား ပေါင်း (၃၀) ကျော်ရှိသည်။ ၂၀၀၀ ခုနှစ်၌ ဆေးဝါးထုတ်လုပ်သော
ကုမ္ပဏီကြီးလေးခုတွင် လက်ရှိသုံး စွဲနေသည့် ဆန်းသပ်စစ်ဆေးဆဲ ကာကွယ်ဆေးနှစ်မျိုး (သို့) နှစ်မျိုးထက်ပို၍
ရှိနေခဲ့သည်။ လက်ရှိလုပ်နေဆဲဖြစ်သော ထိုအစီအစဉ်တွင် အမေရိကန်နိုင်ငံ ကျန်းမာရေးဌာန
US National
Institute of Health (NIH)၊ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီ
အက်စ်တိုက်ဖျက်ရေး ပြင်သစ်အစိုးရ/ဥရောပကာကွယ်ဆေး
ခေါ် ယူရိုဗက်က် French
government/ European Vaccine Effort Against HIV/AIDS (Euro Vac)၊ အေအိုင်ဒီအက်စ် ကာကွယ်ဆေးအတွက် တောင် အာဖရိကဦးဆောင်လုပ်ကိုင်မှု
South African AIDS
Vaccine Initiative နှင့် သြစတြေလျ-ထိုင်း
အိတ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးအဖွဲ့ Australian Thai HIV Vaccine Consortium တို့ပါဝင်နေကြသည်။
သို့သော်လည်း ကာ ကွယ်ဆေးများထုတ်လုပ်ရာတွင် ကြီးမားလှသောစိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်
နေရဆဲဖြစ်သည်။ လက်ရှိ အသုံးပြုနေသော ကာကွယ်ဆေးများအားလုံးနီးပါးသည်
မပြည့်စုံသေးသည့် ရှုထောင့်၊ အကြမ်း ဖျဉ်းတွေ့ရှိ ယူဆချက်များအပေါ်မှရရှိလာသည့် ကလာပ်စည်းများအချင်းချင်း
ကွင်းဆက် မိခုခံတုံ့ပြန်မှု a cell-mediated immune response ကို တတ်နိုင်သမျှအခြေခံ၍ ထုတ်လုပ်ရခြင်းဖြစ် သည်။ အဆိုပါစမ်းသပ်ချက်များမှ ရရှိလာ မည့်ရလဒ်များသည်
၂၀၀၇ ခုနှစ်ကုန်ခါနီးအချိန်အထိ သိနိုင်ဦးမည် မဟုတ်သေး။ ထို့ကြောင့် နိုင်ငံတကာ အေအိုင်ဒီအက်စ်ကာကွယ်ဆေး
ထုတ်လုပ်ရေးအဖွဲ့ကြီးမှ သတိ ပေးထားသည်မှာ အကယ်၍
အကြိုထုတ်လုပ် ထားသည့်ကာကွယ်ဆေးများ အောင်မြင်မှုမရှိပါက လက်ရှိ သုံးနေသည့် ကာကွယ်ဆေးများအားလုံးသည်
သင့်တော်ဆီလျော်ခြင်းမရှိဟု စဉ်းစားရတော့မည်ဟုဆို ထားသည်။ ထိုအကြောင်းကြောင်းများကြောင့်
ကာကွယ် ဆေး၏ ဖွံ့ဖြိုးတိုးတက်၊ အစွမ်းထက်မှု ဂဃနဏရရှိလာ စေရန်
ဆယ်စုနှစ်တခုထက်ပို၍ စောင့်ဆိုင်းရဦးမည်ဟု ကျွမ်းကျင်သူပညာရှင်များက ဟောကိန်းထုတ်
ထားသည်။
တံခါးမရှိဓါးမရှိ
ဝင်လာနေသော ကူးစက်ရောဂါများ
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဖြစ်ပွားလာမှုကို
မခုခံနိုင်သောကြောင့် ရရှိလာသောအဖျားရောဂါ အမျိုးမျိုးအား ပျောက်ကင်းအောင်ကုသရန် အလွန်ခက်ခဲသည်ဆိုသည်ကို
နားလည်သဘောပေါက်ရန် အရေးကြီးသည်။ ပုံမှန်မ ဟုတ်သော ရောဂါလက္ခဏာများထဲတွင် တွေ့ရှိရသောအချက်တချက်မှာ
အပေါ်စီးရထားသော ကူးစက်ရောဂါများ သည် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရှိနေသူတဦးထံသို့ တံခါးမရှိဓါးမရှိ အချိန်မရွေးဝင်ရောက်လာနိုင်ခြင်းပင်
ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကူးစက် ရောဂါအမျိုးမျိုးတို့သည် ခုခံစွမ်းအားကျဆင်းလာသည့်
လူပုဂ္ဂိုလ် ၏ ခန္ဓာကိုယ်အတွင်းသို့ လွယ်လွယ်ကူကူ အခွင့်ကောင်းယူ ၀င်လာနိုင်သောကြောင့်ဖြစ်သည်။
ထိုကူး စက်ရောဂါ အထွေထွေသည် ယေဘုယျအားဖြင့် ကျန်းမာနေသောလူများတွင် အဖြစ်နည်းလှသည်။ သို့သော် အိတ်ခ်ျ အိုင်ဗွီနှင့်နေထိုင်နေ၍ ကိုယ်ခံစွမ်းအားစနစ်
ပြိုပျက်ကျဆင်းလာနေသော လူတဦးအတွက် အကြီးအကျယ်ပြဿ
နာရှိသည်။ ကျန်းမာနေသောသူများ၏ ခန္ဓာကိုယ်ထဲသို့ ထိုကူးစက်ရောဂါများ မကြာခဏ၀င်ရောက်
တိုက်ခိုက် လေ့ရှိသည်။ သို့သော် ထိုကျန်းမာနေသူများတွင်
ကိုယ်ခံအားစနစ် အားကောင်းနေသောကြောင့် အဆိုပါကူးစက် ရောဂါများကို ကိုယ်ခံအားစနစ်အောက်တွင်
ထိန်းချုပ်ထားနိုင်သည်။ ထိုကူးစက်ရောဂါများ
မှတဆင့် ဖြစ်ပေါ် လာသော ဖျားနာမှုများသည် လူကိုသေစေနိုင်သည်။
အဆုပ်
နူမိုဆစ်စတစ်စ်
ကာရီနီနူမိုးနီးယား (ပီစီပီ)
ကျန်းမာ၍
အားကောင်းသော ကိုယ်ခံအားရှိသည့် လူတို့၏ အဆုပ်များထဲတွင် မူလကတည်းက လဲလျောင်း အိပ်
ပျော်နေသော (မတက်ကြွသော) မိုက်ခရိုသက်ရှိဇီဝများရှိနေသည်။ စီပီစီအဖျားရောဂါသည် ထိုမိုက်ခရို
သက်ရှိဇီ ၀များ နိုးထလာသောအချိန်တွင် ဖြစ်ပွားသည်။ လေထဲမှတဆင့်ရောက်လာသော မှိုမျိုးနွယ်ဝင်ပိုးမွှားတို့သည်
အဆုပ်ထဲတွင် ကူးစက်ရောဂါအဖြစ် ပေါက်ဖွားပေါ်ပေါက်လာ၍ ထိုကဲ့သို့ အပေါ်စီးရထားသော
အဆုပ်ကူး စက်ရောဂါသည် အိတ်ခ်ျအိုင်ဗွီနှင့်နေထိုင်နေသူများထံတွင် ပုံမှန်အားဖြင့်
တွေ့ရလေ့ရှိသည်။ ချောင်းချောက် ဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ အဖျားသွေးရှိခြင်း၊
အသက်ရှုရခက်ခြင်းတို့သည် ပီစီပီရှိနေသော လက္ခဏာ များဟုဆိုနိုင် သည်။
ပီစီပီဖြစ်ပွားခြင်းကိုကုသရန်နှင့် ကာကွယ်တားဆီးရန်အတွက် အသုံးပြုသော ဆေးဝါးအမျိုးမျိုးရှိသည်။
အကယ်၍ကုသမှုမရှိပါက
ပီစီပီဖြစ်ပွားခြင်းမှတဆင့် သေဆုံးနိုင်သည်။
ကျူဘာကလိုးစစ်
(တီဘီ)
တီဘီရောဂါ
ဟုလူသိများ၍
ဘက်တီးရီးယားပိုးများကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်ပြီး အိတ်ခ်ျအိုင်ဗွီ ရှိနေသူများ
ကူးစက် ခံရလေ့ရှိသည်။ တီဘီရောဂါရှိနေသူတဦး ချောင်းဆိုးခြင်း၊ နှပ်ညှစ်ခြင်း
(သို့) စကားပြောဆိုခြင်းတို့မှတဆင့် ကူးစက်နိုင်ကာ အိတ်ခ်ျအိုင်ဗွီရှိနေခြင်းကို
ပိုမိုကြီးထွား လာစေနိုင်သည်။ ရောဂါအသွင်လက္ခဏာများမှာ အဖျားရှိခြင်း၊ ချောင်းဆိုးခြင်း၊ ညအချိန်တွင် ချွေးများထွက်ခြင်း၊
ခန္ဓာကိုယ် အလေးချိန်လျော့ကျလာခြင်း၊ ညောင်း ညာပင်ပန်းခြင်း၊ အဖုအကြိတ်များ
ကြီးထွားယောင်ယမ်း လာခြင်းနှင့် ချောင်းဆိုးသည့်အခါသွေးပါ လာခြင်း တို့ဖြစ်သည်။
တီဘီရောဂါကို ကုသရန်အတွက် ပဋိဇီဝဆေးအမျိုးအစား အများအပြားရှိသည်။ ကူးစက်မှုပမာဏ အနိမ့်အမြင့်ကိုလိုက်၍ ကုသရပြီး
ကုသမှုသည်လအတော်များများ (သို့) နှစ်အတော်များများအထိ ကြာရှည် နိုင်သည်။
မိုင်ကိုဘက်တီးရီးယမ်
အေဗွီယမ် ကွန်ပလက်စ် (အမ်အေစီ)
အစားအသောက်၊
ဖုန်မှုန့်၊ မြေကြီးနှင့် ရေထဲတွင် တွေ့ရလေ့ရှိသော မိုင်ကိုဘက်တီးရီးယန်း အေဗွီယမ်
နှင့် မိုင်ကိုဘက်တီးရီးယမ်း အင်ထရာဆယ်လူ လာ ဘက်တီးရီးယားများကြောင့်ဖြစ်ပွားသော
အဖျားရောဂါများကို အမ်အေစီဟုခေါ်သည်။ ကူးစက်မှုသည် အူထဲ တွင်အစပျိုး၍
ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများသို့ ကူးစက်သွား သည်။ ရောဂါ လက္ခဏာသည် ညအချိန် ချွေးများထွက်ခြင်း၊
အပူရှိန်မြင့်မားကာ အဖျားတက်ခြင်း၊ ချောင်း ဆိုးခြင်း၊ ကိုယ်အလေး ချိန်လျော့ကျခြင်း၊
အစာ ချက်စုတ်ယူနိုင်စွမ်းမရှိခြင်းနှင့် ၀မ်းလျှောခြင်းတို့ဖြစ်သည်။ ဆေး အမျိုးစား
ပေါင်းစုံကုသခြင်းဖြင့် အမ်အေစီကို ထိန်းချုပ်ထားနိုင်သည်။
ဟစ်စ်တိုပလပ်မိုးစစ်စ်
(မှိုဘက်တီးရီးယား ကြောင့်ဖြစ်သော ဆိုးဝါးသည့်အဆုပ်ရောဂါ)
ငှက်ချေး
(သို့) အခြားသဘာဝဇီဝကမ္မဓာတ်များ ပါဝင်နေသောမြေကြီးတွင် တွေဏ္ဍရလေ့ရှိသော
မှိုဘက်တီးရီး ယားများကြောင့် ဖြစ်ပွားသောရောဂါ၊ ယေဘုယျ အားဖြင့်
မှိုဘက်တီးရီးယားပါဝင်နေသော ဖုံမှုန့်များကို ရှုရိုက် မိခြင်းကြောင့်
လူတို့အားကူးစက်တတ်သည်။ ရောဂါ အသွင်လက္ခဏာများမှာ အဖျားတက်ခြင်း၊ ခန္ဓာကိုယ် အလေးချိန်လျော့ကျခြင်း၊
ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုရ ခက်ခဲခြင်းနှင့် အဖုအကြိတ်များယောင်ယမ်း ကြီးထွား လာခြင်းတို့ဖြစ်သည်။
ဟစ်စ်တိုပလပ်မိုးစစ်စ်သည် အဆုပ် ကို
ရောဂါရစေသည်။ ထို့နောက် ခန္ဓာကိုယ်အခြား အစိတ်အပိုင်းများသို့
ကူးစက်ပျံ့နှံ့သွားနိုင်သည်။ အကယ်၍ ကုသမှုမရှိပါက အသက်သေဆုံး နိုင်သည်။ မှိုဘက်တီးရီးယားကိုတိုက်ခိုက်သည့် ဆေးဝါးများဖြင့်
ဖျားနာနေမှုကိုကုသနိုင်သည်။ တချိန်တည်းတွင် ဖျားနာမှု အဖန်ဖန် တလဲလဲမဖြစ်စေရန်
ကာကွယ်ရန်အတွက်လည်း အခြားဆေးဝါးများကိုသုံးစွဲ၍ ကုသထိန်း ချုပ်ထား နိုင်သည်။
-အူ
ခရစ်ပ်တိုစပေါ်ရီဒီရိုးစစ်စ်
ခရစ်ပ်တိုဟုလည်း
ညွှန်းလေ့ရှိသည်။ ခရစ်ပ်တိုစ ပေါ်ရီဒီရိုးစစ်စ် ဟုခေါ်သည့်
ပိုးမွှားကပ်ပါးကောင်ဓာတ်များ သက်ရောက်နေသည့် ရေ၊ မစင် (သို့) အစားအစာများ မှတဆင့်ကူးစက်သော
အူတွင်ဖြစ်သည့်ရောဂါဖြစ်သည်။ ရောဂါလက္ခဏာများတွင် ၀မ်းလျှောခြင်း၊ မအီမသာပျို့ တက်ခြင်း၊
အော့အန်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် လျော့ကျခြင်းနှင့် အစာအိမ်ကြွက်တက်ခြင်းတို့
ပါဝင်သည်။ အိတ်ခ်ျအိုင်ဗွီရှိနေသောသူများတွင် ထိုရောဂါကူး စက်မှုသည်
ဖြစ်လေ့ဖြစ်ထရှိသော ရက်သတ္တနှစ်ပတ်ထက် ပို ကြာလေ့ရှိသည်။ အသက်သေဆုံးနိုင်သည်။
ခရစ်ပ် တိုအဖျားရောဂါကို ကုသကာကွယ်ထိန်းချုပ်ရန်အတွက် ဆေးဝါးမရှိသေး၊
သို့သော်ကူးစက် ရောဂါ ကြောင့်ဖြစ်ပွား သည့် ၀မ်းလျှောခြင်းကို
ထိန်းချုပ်နိုင်သည့်ကုသမှုများကမူ ရှိနေပါသည်။
ဆိုက်တိုမီဂဲလိုဗိုင်းရပ်စ်
(စီအမ်ဗွီ)
စီအမ်ဗွီဟုလည်း
ညွှန်းသည်။ ဗိုင်းရပ်စ်တမျိုးဖြစ်၍ များသောအားဖြင့် မျက်စေ့တွင် ကူးစက်သည့် ရောဂါဖြစ်သည်။
သို့သော်လည်း အိတ်ခ်ျအိုင်ဗွီရှိနေ သောသူများ အတွက်အူမယောင်နာဟုခေါ်သည့်
အစာခြေအူမတွင် ကူးစက် ခြင်းကို ဖြစ်ပွားစေနိုင်သည်။ စီအမ်ဗွီသည် တံတွေး၊ သုတ်၊
မအင်္ဂါအရည်၊ ဆီး၊ မိခင်နို့တိုက်ခြင်းနှင့် စီအမ်ဗွီကူး စက်ထားသော
သွေးသွင်းခြင်းတို့မှတဆင့် လူတဦးမှတဦးသို့ ကူးစက်ပြန့်ပွားနိုင်သည်။ အူတွင်ဖြစ် သော
စီအမ်ဗွီ ရောဂါလက္ခဏာများတွင် ၀မ်းဗိုက်အောင့်ခြင်း၊ ၀မ်းလျှောခြင်း၊
ကြွက်တက်ခြင်း၊ ခန္ဓာကိုယ်အလေး ချိန်လျော့ ကျခြင်းနှင့်
သွေးပမာဏလျော့ကျခြင်းတို့ ပါဝင်သည်။
ထို့အတွက် ကာကွယ်ကုသရန် ဆေးဝါးများ ရှိသည်။
-မျက်စေ့
ဆိုက်တိုမီဂဲလိုဗိုင်းရပ်စ်
စီအမ်ဗွီကူးစက်မှုသည်
မျက်စေ့အာရုံအမြင် ပူလောင်ေ၀၀ါးခြင်းကိုဖြစ်ပွားစှေု တံတွေး။ သုတ်။ မအင်္ဂါအရည်၊ ဆီး၊
မိခင်နို့တိုက်ခြင်းနှင့် ကူးစက်ထားသောသွေးသွင်းခြင်းတိုဏ္ဍမှ အခြားသူများထံသို့ ကူးစက်နိုင်သည်၊ ရောဂါ လက္ခဏာများတွင် မျက်စေ့၌ အစက်အပျောက်များရှိလာခြင်းနှင့်
အမြင်ေ၀၀ါးလာခြင်း၊ အရာဝတ္တုများကိုမြင်ရာ၌ ပုံစံပျက်ယွင်း၍ မြင်လာခြင်း၊
အမြင်အကန့်အသတ်ရှိလာခြင်းတို့ပါဝင်ကာ မျက်စေ့ကွယ်သွားသည်အထိ ဖြစ်နိုင် သည်။ ထို့အတွက် ကုသမှုသည်
အကြောအတွင်းသို့ဆေးသွင်းခြင်း၊ သောက်ဆေးများပေးခြင်း၊ မျက်စေ့အတွင်း သို့
တိုက်ရိုက်ဆေးထိုးခြင်းတို့ဖြစ်သည်။ ကုသမှုမရှိပါက စီအမ်ဗွီဗိုင်းရပ်စ်ပိုးသည်
မျက်စေ့ကွယ်စေနိုင်သည်။
ပါးစပ်
ကင်ဒီဒီးယားစစ်စ်
ဤကူးစက်မှို
ပိုးမွှားအမျိုးအစားသည် အိတ်ခ်ျအိုင်ဗွီရှိနေသူများထံတွင် တွေ့ရလေ့ရှိသော ကူးစက် ရောဂါဖြစ်
သည်။ အထူးသဖြင့် ပါးစပ်၊ လည်ချောင်း၊ အဆုပ်နှင့် မအင်္ဂါတို့တွင် တွေ့ရသည်။
ပါးစပ်တွင် တွေ့ရသော ကူးစက်မှုကို မှက္ခရုဟုခေါ်သည်။ အစားအစာတခုခုမျိုချသောအခါ
နာကျင်ခြင်း၊ မအီမသာပျို့တက်ခြင်းနှင့် ခံတွင်းပျက်ခြင်းစသည့် လက္ခဏာများရှိသည်။
လည်ချောင်းအတွင်း ကူးစက်မှုရှိခြင်းကြောင့် ရင်ဘတ် အောင့်ခြင်း နှင့်
အစားအစာမျိုချရခက်ခဲခြင်းတို့ ဖြစ်စေသည်။ ထိုကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကုသမှုများ
စွာရှိပါသည်။
အရေပြား
ရေယုန်ကူးစက်ခြင်း
ရေယုန်ကူးစက်သည့်
ဗိုင်းရပ်စ်နှစ်မျိုးရှိသည်။ အိတ်ခ်ျအက်စ်ဗွီ (၁) ဗိုင်းရပ်စ်သည်
ပါးစပ်နှင့်မျက်လုံးများ တ၀ိုက် ၌ အပူလောင်သည့်အဖုများသဖွယ် ပေါက်လာခြင်းနှင့်
ပါးစပ်၌ဖြစ်သောအနာ cold
sores တို့ကို ဖြစ်စေသည်။ အိတ်ခ်ျအက်စ်ဗွီ (၂) ဗိုင်းရပ်စ်သည်
လိင်အင်္ဂါဇာတ်တ၀ိုက်နှင့် စအိုတို့တွင် ရေယုန်များပေါက်လာစေသည်။ ဗိုင်း ရပ်စ်ကူးစက်ထားသောပါးစပ်
(သို့) လိင်အင်္ဂါဇတ်တို့ဖြင့်
ထိတွေ့ခြင်းဖြင့် ထိုဗိုင်းရပ်စ်ပိုးသည် လူတဦးမှတဦးသို့
ကူးစက်ပြန့်ပွားနိုင်သည်။ ရောဂါလက္ခဏာများသည် အင်ပြင်ကဲ့သို့အဖုအပိန့်များ
တရစပ်ထွက်လာ၍ယားယံခြင်း (သို့) စပ်ဖျဉ်းဖျဉ်းခံစားရခြင်း
(သို့) ရေယုန်အဖုအပိန့်များနှင့်
ယောင်ယမ်းခြင်းတို့ဖြစ်သည်။ အိတ်ခ်ျအိုင်ဗွီရှိ နေသောသူများတွင် ထိုကဲ့သို့ ရေယုန်များ
မကြာခဏဆိုသလို တရစပ်ပေါက်နေတတ်သည်။ သို့သော် ထိုသို့ရေ ယုန်များ
တရစပ်ပေါက်ခြင်းကို လျော့ချထိန်းချုပ်သည့် ကုသနည်းများရှိနေသည်။
ဇိုးစတားရေယုန်
ဤရေယုန်ကို
ကျောက်စရစ်ရေယုန်ဟုလည်း အသိများသည်။ ကျောက်စရစ်ခဲများကဲ့သို့ အပြွတ်လိုက် ရှိနေသော
ထိုရေယုန်ကို ဖြစ်ပွားစေသောဗိုင်းရပ်စ်သည် ရေကျောက်နှင့်
ဗာရီဆဲလားဇိုးစတားရေယုန်များ ကိုလည်း ဖြစ်ပွား စေသည်။ ရင်ဘတ်၊ နောက်ကျောနှင့်
မျက်နှာအစရှိသည့်နေရာတခုခုတွင် အဖုအပိန့်များ ကိုပေါ်လာစေ၍ ရက် သတ္တအပတ်ပေါင်းများစွာမပျောက်ပဲ
ရှိနေတတ်သည်။ ထိုဗိုင်းရပ်စ်ကို ကာကွယ်ရန် ဆေးနည်း မရှိသေးပါ။ သို့ သော်
ရေယုန်တိုက်ခိုက်ရေးဆေးများနှင့် နာကျင်ကိုက်ခဲပျောက်ဆေးများကိုသုံး၍ ကုသနိုင်သည်။
လိင်အင်္ဂါများ
ကင်ဒီဒီးယားစစ်စ်
ကူးစက်ခံရအပြီး
လက္ခဏာများအနေဖြင့် မအင်္ဂါဇာတ်မှ အဖြူရေဆင်းခြင်း၊ ယားယံခြင်းနှင့် ဆီးသွားသောအခါ
နာကျင်ခြင်းတို့ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်သော ဆေးများရှိသည်။
သို့သော်လည်းရောဂါကူးစက်မှုသည် မကြာမကြာပြန်ပေါ်လာလေ့ရှိသည်။ ရေယုန်ကူးစက်ခြင်း (အိတ်ခ်ျအက်စ်ဗွီ) အိတ်ခ်ျအက်စ်ဗွီ
(၂) ဗိုင်းရပ်စ်သည် လိင်အင်္ဂါဇတ်များနှင့်
စအိုတို့တွင် ရေယုန်များ ဖြစ်ပွားစေသည်။ ရေယုန်ဖြစ်ပွားနေသော ပါးစပ် (သို့) လိင်အင်္ဂါများ
နှင့်ထိတွေ့ခြင်းဖြင့် လူတဦးမှတဦးသို့ ကူးစက်ပြန့်ပွားနိုင်သည်။
ရောဂါလက္ခဏာများမှာ အဖုအပိန့်များတရ စပ်ပေါက်၍ ယားယံခြင်းနှင့်
စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း (သို့) အနာများဖြစ်၍
ယောင်ယမ်းခြင်းတို့ကိုဖြစ်ပေါ်သည်။ အိတ်ခ်ျအိုင်ဗွီရှိနေသူများအဖို့ ထိုသို့မကြာခဏဖြစ်၍
ဆက်တိုက်ခံစားရနိုင်သည်။ သို့သော် ကုသပေးခြင်းဖြင့် အဖုအပိန့်များ၊ အနာဖြစ်၍
ယောင်ယမ်းခြင်းတို့ ဆက်တိုက်ဖြစ်နေခြင်းမှ လျော့ကျသွားအောင် လုပ်ပေးနိုင်သည်။
လူသားကျူမာဗိုင်းရပ်စ်
(အိတ်ခ်ျပီဗွီ)
အိတ်ခ်ျပီဗွီဟုလည်း
သိထားကြသည်။ ဗိုင်းရပ်စ်ပိုးကူးစက်ထားသောနေရာများကို တိုက်ရိုက်ထိတွေ့ ခြင်းအားဖြင့်
တဦးမှတဦးသို့ ကူးစက်ပျံ့နှံ့နိုင်သည်။ အထူးသဖြင့် လိင်ဆက်ဆံနေသည့်အတောအတွင်း၌
ဖြစ်သည်။ လိင်တံ၊ မအင်္ဂါဇာတ်နှင့် စအိုတို့တွင်
ကြွက်နို့များပေါက်ခြင်းတို့ဖြစ်သည်၊ အိတ်ခ်ျပီဗွီဗိုင်းရပ်စ် သည် သားအိမ်ကင် ဆာဖြစ်ခြင်းနှင့်
ဆက်နွယ်နေသည်။ အိတ်ခ်ျပီဗွီနှင့်စပ်လျဉ်း၍ ကုသရန်ဆေးဝါးမရှိ သော်လည်း
ကြွက်နို့များကို ဖယ်ရှားပစ်ခြင်းဖြင့် ဆောင်ရွက်ပြုစုပေးနိုင်သည်။
အချို့နိုင်ငံများတွင် ယခုအခါ အိတ်ခ်ျပီဗွီဗိုင်းရပ်စ်ပိုးကို တိုက် ခိုက်သည့်ကာကွယ်ဆေးများ
အသုံးပြုနေခြင်းအပေါ် ထောက်ခံထားမှုများ ရှိနေသည်။
ကင်ဆာ
သွေးဖြူအရည်ကြည်တွင်းဖြစ်သည့်ကင်ဆာ
သွေးဖြူဥအရည်ကြည်တွင်းဖြစ်သည့်
ကင်ဆာများမှာ အသားပိုကဲ့သို့ပုံစံမျိုး ဖြစ်နေတတ်သည်။ အေအိုင်ဒီအက်စ် ရှိနေသူများတွင်
ယေဘုယျအားဖြင့် Non-Hodgkins
lymphoma ဟုခေါ်သည့် အသားပို ပုံစံများရှိနေသည်။
ဓာတုကုထုံးများနှင့် ဓာတ်ကင် radio therapy များဖြင့် ထိုကျူမာ ခေါ် အသားပိုများပြန့်ပွားခြင်းကို နှေးကွေးသွား အောင်လုပ်နိုင်သည်။
သို့သော် လုံးလုံးပျောက်ကင်းစေရန် ကုသခြင်းမျိုး မလုပ်နိုင်သေးပါ။
ကပိုဆီ
ဆာကိုးမား (ကေအက်စ်)
ကေအကစ်ဟု
အတိုကေါက်ခေါ်သည်။ ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်သော ရှားရှားပါးပါး
အရေပြားကင်ဆာတမျိုး ဖြစ် သည်။ အာဖရိကအလယ်ပိုင်းနှင့် မြေထဲပင်လယ်ဒေသရှိ
သက်ကြီးအမျိုးသားများ၌ အဖြစ်များသော ရောဂါ ဖြစ်သည်။ အေအိုင်ဒီအက်စ်နှင့်ဆက်နွယ်၍
ပြောရပါက ကေအက်စ်သည် လူ၏ခန္ဓာကိုယ်အတွင်း အစိတ်အပိုင်း များကို တိုက်ခိုက်တတ်သည်။ ခရမ်းရောင်အရေပြားဒဏ်ရာများကိုရရှိကာ
နာကျင်စေသည်။ ဘေးထွက်ပြဿနာ နည်းပါးသော
ဓာတုကုထုံးများဖြင့် ကေအအက်စ်ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ် ကုသနိုင်မှုသည်
ပို၍တိုးတက်လာသည်။
ကိုးကားချက်။ ။Henry
J.Kaiser Family Foundation. Reporting Manual on HIV/AIDS: HIV/
AIDS Reporting,
December 2005, http://www.kff.org/hivaids/upload/7124-02.pdf




