အိတ်ခ်ျအိုင်ဗွီ
ဗိုင်းရပ်စ်ပိုးအား တိုက်ဖျက်ချေမှုန်း ကာကွယ်ကုသရာတွင် ငှက်ပျောသီးက ထိရောက်စွာ အထောက်အကူ
ဖြစ်စေဖွယ်ရှိကြောင်း သိရသည်။ ဓာတ်ခွဲခန်းတွင် စမ်းသပ်ချက်အရ ငှက်ပျောသီးတွင် အိတ်ခ်ျအိုင်ဗွီပိုးအား
ချေမှုန်းသည့် အာနိသင် ထက်မြက်သော Banlec ပါဝင်ကြောင်း သိပ္ပံပညာရှင်တို့က တွေ့ရှိခဲ့ကြသည်။
Banlec အပေါ် အခြေခံသော ကုထုံးအားဖြင့် လူပေါင်းများစွာ တို့၏ အသက်အား ကယ်တင်နိုင်လိမ့်မည်ဟု
သိပ္ပံပညာရှင် တို့က ယုံကြည် လျက်ရှိသည်။ ငှက်ပျောသီးတွင် ပါဝင်သော ဓာတုပစ္စည်းမှာ ကူးစက်ရောဂါ
တိုက်ဖျက်ပေးသည့် ဓာတုပစ္စည်းဖြစ်ပြီး သဘာဝအားဖြင့် ဖြစ်ပေါ်လာသော ဓာတုပစ္စည်းလည်း ဖြစ်သည်။
အမေရိကန် သုတေသန ပညာရှင်တို့က ငှက်ပျောသီးတွင် ပါဝင်သော ဓာတုပစ္စည်းသည် အိတ်ခ်ျအိုင်ဗွီ
ကူးစက်ရောဂါပိုးတွင် ဝင်ရောက်နေထိုင်နိုင်ပြီး ပိုးအား ခန္ဓာကိုယ်အတွင်း မဝင်ရောက်ရန်
တားဆီး ပေးထားသည် ဟုဆိုသည်။ ကျွမ်းကျင်သူတို့ အဆိုအရ Banlec က ပရိုတင်းကို ဖွံ့ဖြိုးအောင်
ဆောင်ရွက်၍ အိတ်ခ်ျအိုင်ဗွီမျိုးဗီဇ ပစ္စည်းကို ဝန်းရံ ပိတ်ဆို့စေသည် ဟုဆိုသည်။Banlec
သည် ဓာတ်ခွဲခန်းတွင် စမ်းသပ်ရာ၌ အာနိသင် ထိရောက်မှုရှိကြောင်း တွေ့ရှိရပြီး အိတ်ခ်ျအိုင်ဗွီ
တိုက်ဖျက်သော ဆေးဝါးနှစ်မျိုး ဖြစ်သည့် T-20 နှင့် Mara-viroc တွင် အသုံးပြုထားကြောင်း
တွေ့ရသည်။
Myanmar
news zone - အိဒ်စ်ရောဂါ ပြန့်ပွားမှုကို ငှက်ပျောသီးက ဟန့်တား ပေးနိုင်ဖွယ်ရှိ




