ဆေးစစ်ချက်
အဖြေအမြန်ပေါ်နိုင်တဲ့ စမ်းသပ်ကိရိယာတွေကို အိပ်ခ်ျအိုင်ဗီပိုး ရှိ/မရှိစစ်ဆေးတဲ့အခါ
မိမိဘာသာ စစ်ဆေးတာမျိုး၊ သေချာနားမလည်ဘဲ အသုံးမပြုသင့်ဘူးလို့ မာရီစတုပ်စ် အင်တာနေရှင်နယ်က
ဒေါက်တာစစ်နိုင်က ပြောပါတယ်။
အမြန်စမ်းသပ်ကိရိယာ(rapid
test)ဆိုတာ ရောဂါပိုးရှိမရှိစမ်းသပ်ပြီး အချိန်၁၅မိနစ်၊ မိနစ်၂၀နဲ့တင် အဖြေထွက်နိုင်တဲ့ ကိရိယာမျိုးပါ။
သည်လိုကိရိယာတွေဟာ
သွေးချို၊ ဆီးချိုစတဲ့ရောဂါတွေ ကိုယ်ဝန်ရှိ/မရှိစစ်သလိုမျိုး အိပ်ခ်ျအိုင်ဗီပိုး ရှိ/မရှိကို
စမ်းသပ်ရတာမျိုးပါ။ ကိုယ့်ရဲ့လက်ထိပ်ကသွေးကိုဖောက်၊ ပါတဲ့ကိရိယာနဲ့ သွေးစုပ်ပြီး စမ်းသပ်ကိရိယာပေါ်ကိုတင်၊
ကိရိယာထဲမှာပါတဲ့ အရည်လေး သုံးလေးစက်လောက်ထည့်ပြီး ခဏစောင့်ရပါတယ်။ သည်သွေးထဲကို စမ်းသပ်ကိရိယာ
အပြားလေးကိုနှစ်လိုက်ပြီး အဖြေကို ကြည့်ရပါတယ်။ ကိရိယာမှာပြထားတဲ့ အရစ်အလိုက်ကိုကြည့်ပြီး
အိပ်ခ်ျအိုင်ဗီပေါ့စတစ် (HIV +) နဲ့ နက်ဂတစ်(HIV-) ဆိုပြီးခွဲခြားနိုင်ပါတယ်။
“ဒီအိပ်ခ်ျအိုင်ဗီပိုးက
အသက်အန္တရာယ်ရှိသလို ဒီပိုးရှိလာရင် လူမှုရေး ပေါင်းသင်းဆက်ဆံမှု အခြေအနေ အပြောင်းအလဲတွေ ရှိနိုင်လို့
လွယ်လွယ်လေးတော့ မစစ်သင့်ဘူး”လို့ မာရီစတုပ်စ် အင်တာနေရှင်နယ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအစီအစဉ်
ညှိနှိုင်းရေးမှူး ဒေါက်တာစစ်နိုင်ကပြောပါတယ်။
သူကဆက်ပြီး
“ဒီလိုမျိုး ကိုယ်တိုင်စမ်းသပ်ပြီး ကိုယ့်ဘာသာဆေးဝယ်သောက်တာ မျိုးတွေကိုတော့ လုံးဝမလုပ်သင့်ပါဘူး”လို့
သတိပေးပြောပါတယ်။ အိပ်ခ်ျအိုင်ဗီနဲ့ ပတ်သက်လို့
လူတွေရဲ့ ဗဟုသုတအမြင်ကိုလည်း ပြောင်းလဲဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။
အမြန်စမ်းသပ်
ကိရိယာတွေရဲ့အဖြေဟာ အမြဲတမ်းမမှန်နိုင်လို့ တစ်ကြိမ်တည်း တစ်မျိုးတည်းနဲ့ စမ်းသပ်မှုတွေက
စိတ်မချရပါဘူး။ အိပ်ခ်ျအိုင်ဗီကုတဲ့ကုထုံး အေအာရ်တီဟာ တစ်ခါနည်းနည်း ဆန်းသစ်ပြောင်းလဲနေတာမျိုး
ဖြစ်နေလို့ သည်ဆေးပညာရပ်နဲ့အမြဲ ထိတွေ့မှုရှိနေတဲ့ ဆရာဝန်၊ ဆရာမတွေကပဲ ကုတာအကောင်းဆုံးပါလို့
ဆိုတယ်။
သည်
အေအာရ်တီကုထုံးမှာက အေအာရ်တီဆေး သောက်ရတာတင် မဟုတ်ဘဲ သည်ဆေးတစ်မျိုးနဲ့ မတည့်ရင် နောက်တစ်မျိုးနဲ့
တွဲပြီးပေးတာမျိုး၊ အစပိုင်းမှာ ထိန်းပေးရတာမျိုး သေချာစနစ်တကျ ကုသမှုတွေ အဆင့်ဆင့်ရှိပါတယ်။
ကိုယ်တိုင်စစ်ပြီးမှာ
Positive အဖြေပေါ်လို့ ဆေးကိုဝယ်ပြီး ကြိတ်သောက်ရင် ပိုပြီးအန္တရာယ်ရှိပါတယ်။ ဆေးအာနိသင်
ထိထိရောက်ရောက်မရတာမျိုး၊ ဆေးသောက်မှားတာမျိုး ဆေးမတည့်ခဲ့ရင် ဘာလုပ်ရမှန်း မသိဘဲရပ်လိုက်ရတာမျိုး၊
သည်လိုရပ်လိုက်ရင် နောက်တစ်ခါ သည်ဆေး မတိုးတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။
နောက်ဆိုးကျိုးတစ်ခုက
ကျန်းမာရေးဌာနကဖြစ်စေ၊ အခြားအဖွဲ့အစည်းကဖြစ်စေ၊ အလှူရှင်ကဖြစ်စေ ဆေးအခမဲ့ပေးမယ်ဆိုရင်
သည်လိုမျိုး ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်ထားသူတွေကို ဆေးမပေးတတ်ပါဘူး။ ကိုယ်ကအခမဲ့
ဆေးရနိုင်ပါလျက်နဲ့ ကိုယ်ကနားမလည်ဘဲ ဆေးစမ်းသောက်ထားမိလို့ အခွင့်အရေး ဆုံးရှုံးသွားရတာမျိုးတွေ
ဖြစ်နိုင်ပါတယ်။
အိပ်ခ်ျအိုင်ဗီစစ်တာအတွက်
VCCT(Voluntary Confidential CounseLing & Testing)ကို အကောင်းဆုံးနဲ့ တစ်ကမ္ဘာလုံးက
အတည်ပြုလက်ခံထားပါတယ်။
ယခုခေတ်ပေါ်
အမြန်စမ်းသပ် ကိရိယာတွေဟာ ကိုယ်တိုင်သွေးဖောက်ပြီး စစ်ရတာကြောင့် ကိုယ့်ဘာသာ တစ်ယောက်တည်းစစ်တာဖြစ်လို့
နှစ်သိမ့်ဆွေးနွေးခြင်း(Counsel Ling) မရနိုင်ပါဘူး။ နောက်တစ်ခုအရေးကြီးတာက စစ်ဆေးနည်း(testing)မရနိုင်ပါဘူး။
နောက်တစ်ခု
အရေးကြီးတာကလည်း စစ်ဆေးနည်း(testing)ပါပဲ။ အိပ်ခ်ျအိုင်ဗီပိုး ရှိ/မရှိဆိုတာကို မတူညီတဲ့
စစ်ဆေးနည်းနှစ်မျိုးနဲ့ စစ်ဆေးရတယ်လို့ သိရပါတယ်။ စစ်ဆေးနည်း တစ်မျိုးတည်းရဲ့ အဖြေကိုယူတာဟာ
မှားနိုင်ပါတယ်။ တစ်မျိုးတည်းနဲ့ စစ်မယ်ဆိုရင် ဘယ်လောက်ပဲ ခေတ်မီစမ်းသပ်မှုဖြစ်ပါစေ၊
မှားတတ်ပါတယ်။ ဥပမာ- လူအယောက် တစ်ထောင်ကို စမ်းသပ်ရင် ကိုးရာ့ကိုးဆယ်လောက်သာ မှန်နိုင်တယ်ဆိုပါစို့၊
လူဆယ်ယောက်လောက်ပဲ မှားနိုင်တယ်ဆိုပေမဲ့ အဲသည်ဆယ်ယောက်ထဲမှာ ကိုယ်ပါသွားရင် ကိုယ့်အတွက်
အန္တရာယ်ရှိနိုင်ပါတယ်။
ဒေါက်တာစစ်နိုင်ကပဲ
သည်လိုအမြန်စမ်းသပ် ကိရိယာတွေနဲ့ပတ်သက်ပြီး သတိထားဖို့ အခုလိုပြောပါတယ်။ “တစ်ချက်တည်း
တစ်နည်းတည်းနဲ့ စစ်တာမျိုးတွေက် အတည်မယူသင့်ပါဘူး။ ကိုယ်တိုင်မစစ်ဘဲ VCCT ၀န်ဆောင်မှုပေးတဲ့
ဌာနတွေမှာစစ်တာ အကောင်းဆုံးပါပဲ”။
မော်ဒန်ဂျာနယ်
အမှတ် ၁၉၂ (၈ ဇန်န၀ါရီလ ၂၀၁၀၊ သောကြာနေ့)




