တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အိပ်ခ်ျအိုင်ဗီတိုက်ဖျက်မှုတွေ၊ ကုသကာကွယ်မှုအစီအစဉ်တွေရဲ့ ကုန်ကျစရိတ်တွေအကြောင်းစတဲ့ သတင်းတွေကို ဒီတစ်ပတ်မှာ အများအပြား တွေ့ခဲ့ရပါတယ်။ အိပ်ခ်ျအိုင်ဗီ ကူးစက်မှုတွေကို တိုက်ဖျက်ရာမှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်အနေ အထားကို ရောက်ရှိနေပြီလဲ။
မြန်မာနိုင်ငံမှာ တစ်နှစ်ကို အိတ်ခ်ျအိုင်ဗီ ပိုးကူးစက်ခံရမှုပမာဏဟာ ကမ္ဘောဒီးယားနဲ့ ထိုင်းမှာလို အလျင်အမြန်ကြီး မဟုတ်ပေမယ့် တဖြည်းဖြည်းချင်းတော့ ကျဆင်းလာနိုင်ပါတယ်။ ကူးစက်မှုတွေက ယခင်ရာစုနှစ်မကုန်ခင် ကာကွယ်မှုအစီအစဉ်တွေကို ထိထိ ရောက်ရောက် အရှိန်မြင့်မြင့် မလုပ်ဆောင်ခင်ကတည်းက ကျဆင်းခဲ့တာပါ။ ဒီလိုကျဆင်းခဲ့တာဟာ ဘယ်လိုအကြောင်းကြောင့်ဖြစ် တယ်ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မသိနိုင်ပါဘူး။
* ဇွန်လ ၅ ရက်နေ့က အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားခဲ့တဲ့ နှစ် ၃၀ ပြည့် နှစ်ပတ်လည်မှာ ၂၄ နာရီ သတင်း ဖြန့်ချိပေးမယ်လို့ လူကြီးမင်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရမှုတွေနဲ့ တခြားအိပ်ခ်ျ အိုင်ဗီနဲ့ ဆက်စပ်လျက်ရှိတဲ့ကိစ္စတွေမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီး အရေးပါလာနိုင်သလား။ မြန်မာနိုင်ငံမှာ ပုံနှိပ်မီဒီယာက တခြားမီဒီယာတွေထက် ပိုပြီးလွတ်လပ် ခွင့်ရတဲ့ အတွက် အိပ်ခ်ျအိုင်ဗီနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေကို ပိုပြီးလုပ်ဆောင်နိုင်တယ်။ ရုပ်မြင်သံကြားနဲ့ ရေဒီယိုက ထိန်းချုပ်မှု တွေရှိပြီးရှေးရိုးဆန်ပါတယ်။
* အိပ်ခ်ျအိုင်ဗီပိုးကူးစက်မှုနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဘယ်လို ပြောင်းလဲလာခဲ့ပါ သလဲ။
ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ သိသိသာသာ ပြောင်းလဲခဲ့တာကတော့ အမြဲတမ်း ရန်ပုံငွေရရှိမှုပါပဲ။ အိပ်ခ်ျအိုင်ဗီကူးစက်မူတွေကို တိုက်ဖျက်ဖို့အတွက် လုံလောက်တဲ့ ရန်ပုံငွေကို အခု ရရှိပါပြီ။ သိသာထင်ရှားတဲ့ အပြောင်းအလဲ နောက်တစ်ခုကတော့ လူမှုအဖွဲ့အ စည်းတွေ ပါဝင်လာခြင်းပါပဲ။ တစ်နိုင်ငံလုံးက ကိုယ်ထူ ကိုယ်ထအဖွဲ့တွေ၊ အိပ်ခ်ျအိုင်ဗီပိုးရှိသူတွေက အချင်းချင်းတွေ့ဆုံကြပြီး ရောဂါ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းတွေကို တစ်နိုင်ငံလုံး ကွန်ရက်တွေ ချိတ်ဆက်ပြီး ဖွဲ့စည်းလာကြပါတယ်။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ လူမှုအဖွဲ့အစည်းတွေထဲမှာ အိပ်ခ်ျအိုင်ဗီတိုက်ဖျက်ရေးအဖွဲ့ အစည်းတွေလည်း ပါဝင်ပါတယ်။ ဒီအဖွဲ့အစည်းတွေ ဟာ ဒီမိုကရေစီရဲ့ အရင်းအမြစ်တွေပါပဲ။
* အခုအချိန်ထိ ကျော်လွှားဖို့လိုသေးတဲ့ အဓိကစိန်ခေါ်မှုတွေကဘာလဲ။ မူးယစ်ဆေးထိုးသွင်းတဲ့သူတွေကို တားဆီးဟန့်တားမယ့် လုပ်ငန်းတွေကို သေချာ မဆောင်ရွက်ရသေးပါဘူး။ လားရှိုးမှာ ထိထိရောက်ရောက် ကာကွယ်တဲ့အစီအစဉ်တစ်ခုနဲ့ ရှမ်းနဲ့ ကချင် ပြည်နယ်တွေမှာ အနည်းအကျဉ်းလောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီနေရာတွေမှာရော၊ တခြားနေရာတွေမှာပါ အရှိန်အဟုန်မြှင့်ပြီး ဆောင် ရွက်သင့်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ လူ ပေါင်း ၇၄,၀၀၀ ခန့်ဟာ ကုသမှုလိုအပ်နေ ပြီး ၃၀,၀၀၀ နီးပါးခန့်သာ ကုသမှု ခံထားရပါတယ်။ အခု WHO ရဲ့ လမ်းညွှန်ချက် အရဆိုရင်တော့ လူပေါင်း ၁၁၀,၀၀၀ ဟာ ကုသမူလိုအပ်နေပါတယ်။ အဲဒီ သတ်မှတ် ချက်ကို ပြည့်မီဖို့ဆိုရင် အလုပ်တွေ အများကြီးလုပ်ဖို့ ကျန်ပါသေးတယ်။
* အိပ်ခ်ျအိုင်ဗီကူးစက်မှုကို ကိုင်တွယ်ရာမှာ အစိုးရသစ်အနေနဲ့ ကွဲပြားခြားနားတဲ့ ဖြေရှင်းပုံမျိုးနဲ့ ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါ သလား။
အစိုးရသစ်အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မလားဆိုတာ ပြောဖို့ စောပါသေးတယ်။ အခုအချိန် အထိတော့ နိုင်ငံရဲ့ ကျန်းမာရေးအသုံး စရိတ်ကလည်း တိုးမလာသေးပါဘူး။ အာဏာပိုင်တွေက အိပ်ခ်ျအိုင်ဗီ ကာကွယ်မှု၊ စောင့်ရှောက်မှုလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ ခွင့်ပြုမယ်ဆိုရင် ပိုပြီးကောင်းလာမှာပါ။
မြန်မာတိုင်းမ် - အိပ်ခ်ျအိုင်ဗီပိုးကူးစက်မှု တဖြည်းဖြည်းကျဆင်းလာနိုင်




