No.28
Vol.3 April 30 Wednesday 2008
Health
& Science News
Weekly
Eleven News
ကိုယ်ဝန်ဆောင်ထားစဉ် ဆေးစစ်ခံရာ
အိပ်ခ်ျအိုင်ဗီပိုးရှိသည်ဟု မှားယွင်းဖော်ထုတ်ခဲ့သောကြောင့် အသိုင်းအ၀ိုင်း၏
ဖယ်ကြဉ်ခြင်းခံရမှုများအတွက် နစ်နာကြေးရယူလိုကြောင်း စစ်ဆေးခဲ့သည့် ဆရာဝန်နှင့်
အစိုးရအား တရားစွဲဆိုခွင့်ရခဲ့ကြောင်း အေပီက ဖော်ပြခဲ့သည်။ အသက် ၃၁ နှစ်အရွယ်ရှိ
နော်ရီဇန်ဟု အမည်ရသည့် ယင်းအမျိုးသမီးက မလေးရှားရင်းဂစ် တစ်သန်းရယူလိုကြောင်း
တရားစွဲဆိုခဲ့ရာ ထိုအမှုကို လွန်ခဲ့ သည့် နှစ်နှစ်ကျော်ကတည်းက ပလပ်ခဲ့ပြီး
ယခုမှကြားနာရန် ပြန်လည်လက်ခံခဲ့ခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် နော်ရီဇွန်၏
ပထမကလေးကို ကိုယ်ဝန်ဆောင်ထားစဉ် ဆေးစစ်ခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုးရှိသည်ဟု သိခဲ့ပြီး
ပတ်ဝန်းကျင်၏ ၀ိုင်းပယ်မှုကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် ဆေးပြန်စစ်ကြည့်ခဲ့ရာ
ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း သိရှိခဲ့ရသည်။
Ref: AP
http://www.weeklyeleven.com/modules.php?name=News&file=article&sid=7503




