2
Dec

အိပ်ခ်ျအိုင်ဗီပိုးရှိသူ တကိုယ်တော် ဆန္ဒပြ



ဧပြီ
၎ ရက် ဗုဒ္ဓဟူးနေ့က လူစည်ကားရာ ရန်ကုန်မြို့လယ် ဒဂုံစင်တာရှေ့မှာ ဆန္ဒပြခဲ့တဲ့
HIV ရောဂါပိုး ကူးစက်ခံရသူ ကိုတင်ကို ကို
ဆန္ဒပြနေတုန်းမှာပဲ ရဲတွေက လာခေါ်သွားခဲ့တယ် လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သူ့ကို ခုထက်ထိပြန်မလွှတ်ပေးသေးပါဘူး။

ကိုတင်ကိုဟာ
နေ့လည် ၃ နာရီ ၀န်းကျင်လောက်မှာ ဆန္ဒပြခဲ့တာပါ။ ဆန္ဒမပြခင် သူ့လိုဝေဒနာသည်တွေကို
စစ်အစိုးရအနေနဲ့ကုသမှု အသေအချာပေးဖို့ တိုက်တွန်းထားတဲ့ လက်ကမ်း စာစောင်တွေကို
လမ်းသွားလမ်းလာပြည်သူတွေကို ဖြန့်ဝေခဲ့ပါတယ်။ သူ့လို
AIDS ဝေဒနာသည်တွေကို သက်ဆိုင်ရာ
မြို့နယ်ရပ်ရွာတွေမှာ ကုသမှုတွေပေးဖို့ ဒီလိုဝေဒနာသည်တွေ မြန်မာနိုင်ငံ အနှံ့အပြားမှာ
များပြားဆိုးဝါးလာနေတဲ့အကြောင်း၊ ဒီရောဂါဟာ မြန်မာနိုင်ငံအပါအ၀င် တကမ္ဘာလုံးကို
ခြိမ်းခြောက်နေတဲ့အကြောင်း၊ ဒီရောဂါဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ရေးပြဿနာဖြစ်တဲ့အကြောင်း၊
မြန်မာနိုင်ငံ သုတေသန ပညာရှင်တွေနဲ့ ကမ္ဘာ့သုတေသန ပညာရှင်တွေအနေနဲ့
သုတေသနပြုလုပ်နိုင်ဖို့အတွက် သူ့ရဲ့ရုပ်ခန္ဓာကိုယ် တခုလုံးကို သုတေ သနပြုနိုင်ဖို့
ကမ္ဘာ့လူထု အကျိုးကို မျှော်ကိုးပြီး သူ့လှူဒါန်းတဲ့အကြောင်း အချက် ၅ ချက် ကိုတင်ပြ
ဆန္ဒပြခဲ့တာပါ။

သူဟာ
ဆန္ဒမပြခင် တနေ့ကမှ ပခုက္ကူမြို့ကလာခဲ့တာပါ။ ကိုတင်ကိုဟာ ပခုက္ကူမြို့နယ်
ကမ္မမြို့မရပ်ဇာတိဖြစ် ပါတယ်။

ကိုတင်ကို
ဒီလို ဆန္ဒပြတာကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ရန်ကုန်မြို့က ကိုပေါက်ကို
RFA ၀ါရှင်တန်ရုံးချုပ်မှ ဒေါ်မေပြုံးအောင်က
ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။      ကိုပေါက်က ကိုတင်ကို ဆန္ဒပြတုန်းကလေ ကိုပေါက်က မျက်မြင်ကိုယ်တွေ့တစ်ဦးဆိုတော့လေ
အဲ့ဒီတုန်းကတွေ့ခဲ့ရတဲ့ အခြေအနေလေးကို ပြောပြပေးလို့ရမလားရှင်။

ဖြေ။       ကားပေါ်ကနေသူဆင်းဆင်းခြင်းပဲ သူကိုယ်တိုင်လက်ရေးနဲ့ရေးထားတဲ့
Pamphlet တွေကိုသူ လူတွေကိုလိုက်ဝေတယ်။ တွေ့တဲ့လူမှန်သမျှကို သူလိုက်ဝေတယ်။ ဝေလို့အစောင်
၎၊၅ ဆယ်လောက်ဝေပြီးတော့ ရတနာပုံရုပ်ရှင်ရုံဖက်ကို လမ်းတစ်ဖက်ကို ကူသွားပါဆိုလို့။ ကူးသွားပြီးခါမှာ
ဒီပန်းခြံလေးကိုဖြတ်သွားတယ်။ ဒဂုံစင်တာဘက်ကို သူမျဉ်းဝါကြားကနေပဲ မျဉ်းကြားကနေပဲ သူစနစ်တကျကူးသွားတယ်။
ကူသွားပြီးအဲ့ဘက်မှာလည်း တစ်လျှောက်လုံးပဲ သူ pamphlet တွေကိုသူဝေသွား တယ်။ ဝေသွားပြီး၊
အဲ့ဒီတော့ ၃ နာရီထိုးသွားတယ်။ သူ ယူလာတဲ့ ဒီ poster ကို ပိတ်ထားတာတွေကို ဖြုတ်လိုက်ပြီးကာမှ
သူခေါင်းပေါ်မြှောက်ပြီးကာမှ ဆန္ဒပြတယ်။ ဒီ poster မှာ သူအချက်ငါးချက်ပါတယ် တစ်ဖတ်မှာရေးထားတာက။
တဖတ် မှာကျတော့ သူ့မိသားစုဓါတ်ပုံကို ဓါတ်ပုံအကြီးကြီး ၁၀” ၁၄” လောက်ရှိမယ် ဓါတ်ပုံအကြီးကြီး
ကပ်ထားပြီးကာမှ ဒီတခြားနေရာလွတ်မှာတော့ HIV/AIDS သင်္ကေတဖြစ်တဲ့ ဖဲကြိုးနီတံ ဆိပ်ကို
ကပ်ထားတယ်။ ဟိုဘက်ဒီဘက်ပေါ့ကပ်ထားတာ။ အဲ့လိုကပ်ပြီး ၃ နာရီကနေပြီး ၃ နာရီ ၁၀မိနစ်တိတိ
poster ကိုခေါင်းပေါ်တင်ပြီးရွက်ပြီးကာမှ သူဆန္ဒပြတယ်။ ပါးစပ်ကလည်း သူတောင်းဆိုချင်တဲ့
အချက် ငါးချက်ကို သူအော်ပြီးကာမှ တောင်းဆိုနေတယ်။

မေး။      သူအဲ့ဒီလိုတစ်ယောက်ထဲ ဆန္ဒပြနေတဲ့အချိန်မှာ ဘေးနားက
ပတ်ဝန်းကျင်က လူတွေရဲ့ အနေအထားက ဘယ်လိုရှိလဲ သူ့ကိုဝိုင်းကြည့်နေလား၊ ဒါမှမဟုတ်လို့ရှိရင်
သူ့လုပ်ရပ် ကို ကြည့်ပြီးတော့ တွန့်ဆုတ်သွားလား ဘယ်လိုအခြေအနေမျိုးရှိခဲ့လဲ။ နောက်ပြီး
သူလက်ကမ်းစာစောင်တွေပေးတယ်ဆိုတော့ လူတွေက ယူကြသလားပေါ့နော်။

ဖြေ။       ဟုတ်ကဲ့ ကျနော်တွေ့ရသလောက်အနေအထားအရတော့ လူတွေက
သူဝေသွားတဲ့ pamphlet လေးတွေကို ယူသွားကြပါတယ်။ ဖတ်ကြည့်ကြတယ်။ ခေါက်ပြီးကာမှ သိမ်းသွား
တာ မြင်ရပါတယ်။ သူဟိုဘက် ဒဂုံစင်တာရှေ့မှာ ဒဂုံစင်တာ ဆိုင်းဘုတ်ကြီးရှေ့တည့်တည့်ပဲ
အဲ့ဒီမှာ ဆန္ဒပြတော့ ပထမလူဦးရေက သိပ်မရှိဘူးသူ့ဘေးနားလေးမှာ ၁၀ယောက် ၁၅ ယောက်လောက်ပဲ
ရှိတယ်။ တဖြည်းဖြည်းနဲ့ များလာလိုက်တာလူ ကျနော့်ခန့်မှန်းပေါ့လေ မျက်စိနဲ့အမြင်အရပြောရရင်
၁၀၀လောက်ဖြစ်သွားမယ်လို့ထင်တယ်။ လူ၁၀၀လောက်က ဝိုင်း ထားတယ်။ ဝိုင်းအုံပြီးကြည့်တဲ့အနေအထားမှာရှိတယ်။
ဘာမှတော့ မပြောကြမလုပ်ကြသေးဘူး။ ဒါပေမယ့်လူကတော့ တဖြည်းဖြည်းနဲ့များလာတယ်။ နောက်ကျနော်ရပ်နေတဲ့
ဒီဘက် ပလပ်ဖောင်းမှာလဲ တဖြည်းဖြည်းနဲ့ ကြည့်တဲ့လူဦးရည်က များလာပြီး လူပေါင်းတစ်ရာလောက်ရှိတယ်။
ဟိုဘက်ဒီဘက်ဆိုရင် လူဦးရည် ၂၀၀ လောက်ဖြစ်သွားမယ်။ ကားပေါ်ကလည်း လိုင်းကားတွေက ဖြတ်သွားနေကြတာကိုး
ကားပေါ်ကလူတွေကလည်း ကြည့်သွာကြတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top