26
Jan

အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသော မိဘမဲ့ ကလေးများ အတွက် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်

ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီး ဖြစ်သော အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် ဝေဒနာသည် ကလေးငယ်များနှင့် ယင်းရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှု ခံစားနေ ရသော ကလေးငယ်များ အတွက် နွေးထွေးသည့် သီးသန့်ဂေဟာ တစ်ခုဖြစ် သော သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို ဇန်န၀ါရီလ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါဂေဟာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံ မိဘမဲ့ ကလေးငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် နေထိုင်ကြီးပြင်း သွားနိုင်ကြစေ ရန်ဖြစ်ကြောင်း မန္တလေး သုခရိပ်မြုံ ပရဟိတဂေဟာ ဥက္ကဋ္ဌ ဒေါက်တာ ကိုကိုလေးက ပြောသည်။

"ဒီဂေဟာမှာ အသက်တစ်နှစ်ခွဲက နေ ၁၂ နှစ်ထိရှိတဲ့ ကလေးတွေကို မိဘ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စာချုပ် စာတန်းနဲ့ အပြီးအပိုင် မွေးစားပါတယ်။ တစ်ပတ်တစ်ခါ အိမ်ကိုပြန်တာမျိုးလည်း လက်မခံပါဘူး။ အသက်တစ်နှစ်ခွဲ အောက် ကလေးတွေကိုလည်း လက်မခံပါဘူး။ ကလေးက သိပ်ငယ်လွန်းရင် အလုပ်လည်း ပိုလာနိုင်ပါတယ်။ နောက်ပြီး အသက် ၁၂ကျော်တဲ့ကလေး တွေကလည်း အပြင်ကမကောင်းတဲ့ အကျင့်တွေ ပါလာနိုင်ပြီး ဒီမှာရှိတဲ့ ကလေးတွေကို အဲဒီအကျင့် စရိုက်တွေ ကူးစက်နိုင်တဲ့အတွက် လက်မခံပါဘူး " ဟု ၎င်းကဆိုသည်။

သုခရိပ်မြုံဂေဟာက လက်ခံစောင့်ရှောက်ပေးမည့် ကလေးများမှာ အမိ၊ အဖနှစ်ဦး စလုံးမရှိတော့သည့် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသည့် ကလေး ငယ်များ၊ အမိ (သို့) အဖတစ်ဦး ရှိသော်လည်း ကိုယ်တိုင်ဝေဒနာ
ခံစားနေရ သောကြောင့် ကလေးငယ်အားစောင့် ရှောက်ရန် အခြေအနေမရှိသည့် အိပ်ခ်ျအိုင်ဗီ ကူးစက်ခံနေရသည့် ကလေးငယ်များနှင့် အခြေအနေအရပြုစုစောင့် ရှောက်ရန် လိုအပ်နေသည့် ရောဂါသည် ကလေးငယ်များဖြစ်ကြောင်းသိရသည်။

"ဒီဂေဟာမှာ ရှိတဲ့ကလေးတွေရဲ့ ကျောင်းပညာရေးကိုလည်း ဆရာ၊ ဆရာမတွေ ထားပြီး သင်ကြားပေးမှာပါ။ အနုပညာရပ်တွေ၊ လက်မှုပညာတွေကို သင်ကြားပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါ တယ်။ ကျောင်းမှာ ရှိနေတဲ့ ကလေး တွေရဲ့စာသင်ချိန်၊ အိပ်ချိန်နဲ့ ကစားချိန် တွေကို စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။

ကလေးငယ်များ စိတ်အပန်းပြေစေ ရန်၊ ပြည်သူအများနှင့် ပူးပေါင်းပါဝင် လုပ်ဆောင်တတ်စေရန် အခြေအနေ များဖန်တီးပေးခြင်းနှင့် ပြင်ပခရီးစဉ်များ စီစဉ် ပို့ဆောင်ပေးခြင်းများကိုလည်း ဆောင်ရွက် သွားမည်ဖြစ်သည်။

သုခရိပ်မြုံဂေဟာသည် ၂၀၁၂ ဒီဇင် ဘာ ၃၁ ရက်နေ့အထိ အလှူငွေကျပ် ၈၁၃ သိန်း လက်ခံရရှိပြီးဖြစ်သည်။ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၌ လက်ရှိတွင်မိဘမဲ့ အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်ဝေဒနာသည် ကလေး ၁၁ ဦးရှိ နေကြောင်းနှင့် ယင်းဂေဟာမှာ ပြည်ကြီး တံခွန်မြို့နယ်၊ ဘုံပျံတောရ၊ မြ၀တီမင်းကြီး တိုက်အတွင်းတွင် တည်ရှိကြောင်း သိရသည်။

ရွှေဝါလွင်
Myanmar Times

သစ်ထူးလွင် -  အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသော မိဘမဲ့ ကလေးများ အတွက် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top