17
Dec

အိပ်ခ်ျအိုင်ဗီပိုးရှိသူများကို အေအာတီဆေး တိုးချဲ့ပေးရန် စီစဉ်ထား

အိပ်ခ်ျအိုင်ဗီပိုးရှိသူ အမျိုးသမီးလိင်လုပ်သားများနှင့် လိင်တူချစ်သူအမျိုးသားများအတွက် အေအာတီဆေးကို လူထုကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ (PSI) တည်ထောင်ထားသည့် TOP စင်တာ ငါးခုတွင် ၂၀၁၅ ခုနှစ်၌ တိုးချဲ့တိုက်ကျွေးပေးမည်ဟု TOP စင်တာ၏ National  Director ဒေါက်တာဆောင်းဦး ကပြောသည်။

"ကျွန်တော်တို့ လက်ရှိ ရန်ကုန်မှာရှိနေတဲ့ TOP စင်တာကလည်း အေအာတီ ဆေးပေးပါတယ်။ ဒါပေမဲ့ နောင်နှစ်မှာ မန္တလေး၊ လားရှိုး၊ မုံရွာ၊ မကွေးနဲ့ တောင်ကြီး မြို့မှာရှိတဲ့ စင်တာတွေမှာ အမျိုးသား အေအိုင်ဒီအက်ဖ် စီမံချက်နဲ့ အေအာတီဆေးကို လူ ၂၅၀ ကျော်တိုက်ဖို့ စီစဉ်ထားပါတယ်"ဟု ၎င်းကပြောသည်။

အဆိုပါ စင်တာများတွင် အိပ်ခ်ျအိုင်ဗီပိုးရှိသူ အမျိုးသမီးလိင်လုပ်သားများနှင့် လိင်တူချစ်သူ အမျိုးသားများအနက် စီဒီ ၄ ၃၅၀ အောက် ဝေဒနာရှင်များနှင့် မိသားစုများကို တိုက်ကျွေးမည် ဖြစ်သည်။

အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရနှုန်း အမြင့်ဆုံး ဖြစ်နေသော အမျိုးသမီးလိင် အလုပ်သမားများနှင့် လိင်တူချစ်သူ အမျိုးသားများအတွက် အိပ်ခ်ျအိုင်ဗီ ကာကွယ်ရေး ၀န်ဆောင်မှုပေးရန် နားခိုဆောင် ၁၇ ခုကို အဆိုပါစင်တာက လွန်ခဲ့သည့် ၁၀ နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီ ၂၀၁၆ တွင် စင်တာ ငါးခု ကို ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်ဖြစ်သည်။

ဖွင့်လှစ်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ကွန်ဒုံးများ ဖြန့်ဝေခြင်း လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများကို စစ်ဆေးကုသမှုပေးခြင်း၊ အိပ်ခ်ျအိုင်ဗီ စစ်ဆေးခြင်း၊ နှစ်သိမ့်ဆွေးနွေးမှုပေးခြင်း၊ တီဘီ ရောဂါစစ်ဆေးကုသခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးများကို တိုင်ပင်ဆွေးနွေးပေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ပေးခြင်းများ ဆောင်ရွက်နေသည်။

အမျိုးသား ခုခံအားကျ ကာလသား ရောဂါတိုက်ဖျက်ရေး စီမံကိန်း၏ ၂၀၁၃ ခုနှစ်တွင် လေ့လာချက်များအရ လိင်တူအမျိုးသားချစ်သူများ၏ ၈ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်အလုပ်သမား ၇ ဒသမ ၁ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရနိုင်ခြေရှိကြောင်း တွေ့ရသည်။

မြန်မာတိုင်းမ် - အိပ်ခ်ျအိုင်ဗီပိုးရှိသူများကို အေအာတီဆေး တိုးချဲ့ပေးရန် စီစဉ်ထား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top