27
Jan

အိပ်ခ်ျအိုင်ဗီရှိသူများ အတွက် ဆေးခန်းလမ်းညွှန်

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီပိုး
သယ်ဆောင်နေထိုင်သူ ခန့်မှန်းခြေစုစုပေါင်း ၂၃၀
,၀၀၀ ကျော် ရှိသည်။

အဆိုပါ အိပ်ခ်ျအိုင်ဗီပိုးသည်
လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ မူးယစ်ဆေး
အကြောထဲ ထိုးသွင်းသူများ အနေဖြင့်
အသုံးပြုသော အပ်များ
အတူမျှဝေ သုံးစွဲခြင်းတို့မှ ကူးစက်လျက် ရှိသည်။

အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူ အများစု၏
ပြောကြားချက်အရ အဆိုပါရောဂါပိုး
ကူးစက်ခံရပြီ ဆိုသည်နှင့် ကြောက်ရွံ့
ထိတ်လန့်ခြင်း၊ လူသိမခံလိုခြင်း၊
ကောက်ရိုးတစ်ပင်ကဲ့သို့ ကယ်ဆယ်ရာ
ရှာဖွေခြင်း စသည်တို့ကို ခံစားရပြီး
လွဲမှားသော အပြုအမူ အတွေးအခေါ်များကို
အရင်ဆုံး ပြုမူတတ် ကြကြောင်း သိရသည်။

တချို့က လူသိမခံဘဲ
အသေသာခံသွားတော့မည်ဟု တွေးမိခဲ့ကြသည်။ တချို့က ကြားဖူးနားဝ
တိုင်းရင်းဆေးများနှင့်
ကုသခြင်းတို့ဖြင့် ငွေကုန်လူပန်းဖြစ်ကာ
အကျိုးမရှိ အချိန်ကုန် နေတတ်ခဲ့ ကြပြန်သည်ဟု
ဆိုသည်။

သို့ဖြစ်၍ ဤရောဂါပိုး
ကူးစက်ခံရပြီဆိုသည်နှင့် တတ်ယောင်ကား ကြိတ်ကုနေမည့် အစား
တတ်ကျွမ်းသူ
ဆရာဝန်များ ရှိရာသို့ အမြန်ဆုံး သွားရောက်ကာ တိုင်ပင်ဆွေးနွေး၊
အကြံဉာဏ် ယူသင့်ကြောင်း
အိပ်ခ်ျအိုင်ဗီပိုး
ကိုယ်တိုင် ခံစားနေကြရသူများက ပြောသည်။

ခက်သည်က ထိုသို့ သွားလိုသော်လည်း
ဘယ်ကိုသွားလို့ သွားရမှန်းမသိ ဖြစ်နေ တတ်ပြန်သည်ဟု ဆိုကြပြန်သည်။

အိပ်ခ်ျအိုင်ဗီပိုးဖြင့် နေထိုင်နေသူများဖြစ်ပြီး
အဆိုပါရောဂါပိုး ရှိသူများအား ကူညီထောက်ပံ့မှုများ
ပေးနေသော Myanmar Phoenix
Association
မှ သဘာပတိဖြစ်သူ ဦးသီဟကြိုင် အဆိုအရ မဂ္ဂဇင်းတစ်စောင်တွင်
ပါသော အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ရောဂါသည်များအား
ဆေးဝါးကုသမှုများ
ပေးနေသည့် ဆေးခန်းလိပ်စာကြောင့်သာ ယနေ့အထိ သူအသက်
ရှင်သန်ရပ်တည် နေနိုင်ခဲ့ခြင်း
ဖြစ်သည်ဟု ပြောသည်။

သို့ဖြစ်၍ အိပ်ခ်ျအိုင်ဗီပိုးရှိလူနာများ
သွားရောက်ဆက်သွယ်နိုင်သည့် ၀န်ဆောင်မှုဌာနများအား ရေးသားဖော်ပြလိုက်ရပါသည်။

မင်္ဂလာဒုံ အထူးကုဆေးရုံကြီး

ကျိုက္ကလို့မှတ်တိုင်၊၊သဘာဝဓာတ်ငွေ့
ဆိုင်ရှေ့၊ ပြည်လမ်း၊ မင်္ဂလာဒုံမြို့။

ဖုန်း- ၆၃၅ ၂၉၉

ဝေဘာဂီဆေးရုံကြီး

မေဒါဝီလမ်းမအဆုံး (၆ ကွေ့မှတ်တိုင်)
ဝေဘာဂီမြို့သစ်၊ မြောက်ဥက္ကလာပ မြို့နယ်။

ဖုန်း- ၆၉၀ ၁၁၉၊ ၆၉၀ ၁၇၄

AZG

၅၇-၅၈၊ ဧရာဝဏ်လမ်း၊ မြခွာညို၊
(၈)ဂိတ်မှတ်တိုင်အနီး၊ ဖုန်း-၅၄၇၀၆၅။
လှိုင်သာယာ၊ ရွှေရင်အေးဈေးအနီး၊
ဗိုလ်အောင်ကျော်
လမ်း၊ (၁၉) ရပ်ကွက်။

AFXB

အမှတ် ဗ၊ ယိုးဒယားလမ်း (၉)မိုင်
မှတ်တိုင်၊ ပြည်လမ်း၊ ရန်ကုန်။ ဖုန်း- ၆၆၀ ၆၇၃

Alliance

အမှတ် (၇)ဗ (၆)၊ ရန်ကင်း၊ ရန်ကုန်၊ ဖုန်း- ၅၄၀ ၅၄၂၊
၅၅၈ ၀၉၀၊

PSI

QC ဆေးခန်း၊ အမှတ် ၁၊ ထီးတန်း (၄)လမ်း၊
ကြည့်မြင်တိုင်။
ဖုန်း- ၇၂၀ ၃၉၃

ရတနာ့မေတ္တာ

၄၀၆ ဆေးခန်း၊ အမှတ် (၄၀၆)၊
အောက်ပုဇွန်တောင်လမ်းမကြီး၊
ရေအရင်းအမြစ်ရုံးနှင့်
ညောင်တန်းအိမ်ယာကြား

ဦးသီဟကြိုင်(Myanmar Phoenix
Association)

ဖုန်း- ၀၉ ၅၀၅ ၉၁၇၂

ဦးမျိုးဇော်ဦး (Myanmar Phoenix
Association)

ဖုန်း- ၀၁- ၇၂၅ ၉၅၄

myozawoo.2009@gmail.com

ကိုအောင်ကျော် (အိပ်ခ်ျအိုင်ဗီဆိုင်ရာ
နှစ်သိမ့်ဆွေးနွေး အကြံပေးသူ)၊

ဖုန်း- ၀၁- ၃၇၇ ၉၄၅

ခင်မြတ် (၂၁ - ၂၇၊ ၁၊ ၂၀၁၁)

မြန်မာတိုင်းမ် - အတွဲ ၂၆၊ အမှတ် ၅၀၂

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top