မကွေးမြို့၊
မြို့တော်ခန်းမတွင် မြန်မာနိုင်ငံ
မူးယစ်ဆေးဝါး ဆန့်ကျင်ရေး
အဖွဲ့က ကြီး မှူး၍ Training On Prevention
of HIV Infrction Among Target Community (DOH/MANA/UNFPA) ဦးတည်
အုပ်စုများတွင် အိပ်ခ်ျအိုင်ဗီ
ကူးစက်မှု ကာကွယ်ရေး ပညာပေး
သင်တန်း ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင်
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး
ဆန့်ကျင်ရေး (ဗဟို) မှ ရဲမှူးကြီး
သိန်းလင်း (ငြိမ်း) ဦးစီး၍
မကွေးတိုင်း ကျန်းမာရေး ဦးစီးမှူး
ဒေါက်တာမောင်မောင်အောင်ကျော်၊
မကွေးတိုင်း မူးယစ်ဆေးဝါး
ဆန့်ကျင်ရေး အသင်း ဥက္ကဋ္ဌ ရဲမှူးကြီး
ရဲမြင့် (ငြိမ်း) တို့က အမှာ
စကား ပြောကြားခဲ့သည်။
ထို့နောက်
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး
ဆန့်ကျင်ရေး (ဗဟို) မှ အဖွဲ့ဝင်
ဒေါက်တာ မောင်မောင်လွင်က
သင်တန်းနှင့် ပတ်သက်သည်များကို
ဆက်လက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး
ဆန့်ကျင်ရေး အသင်း (ဗဟို) မှ
အဖွဲ့ဝင်များ၊ မကွေးတိုင်း
ဆေးဝါးဆန့်ကျင်ရေး အသင်းကော်မတီဝင်များ၊
မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနမှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းကာလမှာ သြဂုတ် ၂၄ မှ
၂၅ ရက်နေ့အထိ ဖြစ်ပြီး သင်တန်းသူ၊
သင်တန်းသား ၅၂ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
(၂၀၀၉ ခု စက်တင်ဘာ
၎ ရက်နေ့ထုတ် The Myanmar Time Journal )




