2
Oct

အိပ်ခ်ျအိုင်ဗီ စစ်ဆေးခြင်း အသိပေးဆွေးနွေး



မိမိဆန္ဒအလျောက်
လျှို့ဝှက်စွာ နှစ်သိမ့် ဆွေးနွေးမှုခံယူ၍ အိပ်ခ်ျအိုင်ဗီပိုး စစ်ဆေးခြင်း လုပ်ငန်း
(VCCT) နှင့် ပတ်သက်သောအသိပေးဆွေးနွေးခြင်း ကို စက်တင်ဘာလ ၉ ရက်က မန္တလေး မြို့ ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ နှင့် ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနတွင် ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့
ဆေးရုံအုပ်ကြီးများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ
တက်ရောက်ခဲ့သည်။

"မိမိဆန္ဒအလျောက်
နှစ်သိမ့်ဆွေး နွေးခံယူပြီး အိပ်ခ်ျအိုင်ဗီပိုး စစ်တာဟာ ပိုးရှိတဲ့သူတွေအတွက် အသက်
ရှည်ရှည် ကျန်းကျန်းမာမာ နေနိုင်အောင် ဘယ်လိုနေနိုင်မလဲဆိုတာတွေ ကျွန် တော်တို့က ညွှန်းပို့နိုင်တာကို
သိစေ ချင်သလို အေအာရ်တီဆေးပေးနိုင် တာ၊ အခွင့်အရေးယူ ရောဂါကာကွယ် ဆေးတွေ ဆောင်ရွက်
နေတာကအစ သိစေချင်ပါတယ်။ အဲဒီတော့ ရောဂါ ရှိသူတွေအနေနဲ့ ပိုးအရေအတွက် များမလာအောင် ဘယ်လိုထိန်းမလဲဆိုတာ
ကအစ သိနိုင်တဲ့အတွက် ကိုယ့်ကိုယ် ကိုယ် အသက်ရှည်ရှည်နေနိုင်အောင် ဆောင်ရွက်ပြီးသား
ဖြစ်သွားသလို ပိုး မရှိသူတွေအနေနဲ့လည်း မှန်ကန်တဲ့ အပြုအမူဆိုတာ ဘာလဲဆိုတာ သိစေ နိုင်ပါတယ်။
ခုအဖြစ်များတဲ့ အုပ်စုဟာ အလုပ်လုပ်နိုင်တဲ့ အသက်အပိုင်း အခြားတွေဖြစ်တဲ့အတွက် နိုင်ငံရဲ့
စီးပွားရေး၊ ပညာရေး၊ လူမှုရေးကို ထိ ခိုက်စေနိုင်ပါတယ်။ ဒီလို ကိုယ့်ဆန္ဒ အလျောက် နှစ်သိမ့်
ဆွေးနွေးမှု ခံယူပြီး အိပ်ခ်ျအိုင်ဗီပိုးစစ်ဖို့ အသိပေး ဆွေး နွေး ပွဲတွေလုပ်တာ အကြိမ်ကြိမ်ရှိပါပြီ။
ထပ်ခါထပ်ခါ သိစေချင်တဲ့အတွက် ဖြစ်ပါတယ်" ဟု မန္တလေးမြို့ ခုခံကျ၊ ကာလသား တိုက်ဖျက်ရေး
အဖွဲ့မှ ဒေါက်တာ ကျော်စိုးက ပြောသည်။

မန္တလေးမြို့တွင်
ထို ဠဃဃွှ လုပ်ငန်း ဆောင် ရွက်သောနေရာ ခြောက်နေရာ ရှိပြီး ၎င်းတို့မှာ မန္တလေး ခုခံအား ကျဆင်းမှု
ကူးစက်ရောဂါနှင့် ကာလ သားရောဂါ တိုက်ဖျက်ရေးဌာန၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ကလေး ဆေးရုံကြီး၊
ပီအက်စ်အိုင်၊ မာရီစတုပ် တို့ ဖြစ်သည်။

မန္တလေးမြို့၌
၂၀၀၇ ခုနှစ်က မိမိ ဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေးမှု ခံယူ၍ သွေးစစ်ဆေးမှု ခံယူသူပေါင်း
၂,၇၁၉ ဦး၊ ၂၀၀၈ ခုနှစ်က ၂,၉၃၇ ဦးရှိခဲ့ပြီး ယခုနှစ် ဩဂုတ်လကုန်ထိ တွင် မူ ၃,၀၀၈ ဦး
ရှိလာသည်။

အတွဲ
၂၂၊ အမှတ် ၄၃၂ (၁၈ - ၂၄၊ ၉၊ ၂၀၀၉)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top