လွတ်လပ်သောအာရှအသံ၊ မြန်မာဌာန၊ သတင်းများ 2008-03-27
အေအိုင်ဒီအက်စ်ရောဂါဟာ
အာရှတိုက်က အသက် ၁၅ နှစ်နဲ့ အသက် ၄၄ နှစ်အကြား အသက်အရွယ်ရှိသူတွေ အများဆုံး
သေဆုံးရတဲ့ ရောဂါဖြစ်နေဆဲပဲလို့ အိန္ဒိယ၀န်ကြီးချုပ်ရဲ့ အကြံပေးအရာရှိချုပ်က
ပြောဆို လိုက်ပါတယ်။
အာရှဒေသတွင်း
အေအိုင်ဒီအက်စ်ရောဂါနဲ့ ပတ်သတ်ပြီး ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ကော်မရှင် တခုက ဒီသတင်းကို
ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေ ပါဝင်ဖွဲ့စည်းထားပြီး ဒီအဖွဲ့ချုပ်ဥက္ကဋ္ဌက
အိန္ဒိယ ၀န်ကြီးချုပ်ရဲ့ အကြံပေးအရာရှိချုပ် ပါမောက္ခ မစ္စတာ C.Rangarajan
ဖြစ်ပါတယ်။
သူက အာရှိတိုက်အတွင်းမှာ HIV ပိုးကူးစက်ခံနေရသူ
လူ ၅ သန်းနီးပါးရှိပြီး နှစ်စဉ် အဲဒီရောဂါနဲ့ သေဆုံးသူ အရေအတွက်ဟာ
သုံးသိန်း ကျော်တယ်လို့ Mr
Ranganajin က သတိပေးလိုက်ပါတယ်။
ဒီပြဿနာရဲ့ပျံပွားကူးစက်ရတဲ့
အခြေခံအချက် ၃ ချက်က ရှင်းရှင်းလေးပါ။ ပထမအချက်က ပြည့်တန်ဆာလုပ်ငန်းနဲ့
ပြည့်တန်ဆာ လိုက်စားသူတွေ ရှိနေတဲ့ အချက်။ ဒုတိယအချက်က မူးယစ်ဆေးဝါး သွေးကြောထဲ
ထိုးသွင်းသူတွေနဲ့ တတိယအချက်က လိင်တူချင်းဆက်ဆံတဲ့ ယောကျာ်းတွေ
ဖြစ်တယ်လို့ ပြောသွားပါတယ်။ အဲဒီအချက် ၃ ချက်အပြင် တခြားအချက်တွေလဲ ရှိပါသေးတယ်လို့
ပရောဖက်ဆာ မစ္စတာ Rangarajin
ကပြောပါတယ်။
ပြည့်တန်ဆာတွေနဲ့ သူတို့ကို
ဆက်ဆံတဲ့သူတွေ၊ ရောဂါပိုးရှိသူတွေကတဆင့် သက်ဆိုင်ရာ သူတို့ မိသားစု တွေကို ကူးစက်နိုင်တဲ့ အတွက်
အသေအချာ စောင့်ကြည့်ဖို့ လိုတယ်လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။
http://www.rfa.org/burmese/news/5_million_infected_by_HIV_in_asia-20080327.html?searchterm=None




