လင့်ကျိတ်များကြီးခြင်း
HIV/AIDS
လူနာများတွင် လင့်ကျိတ်များကြီးခြင်း(ရောင်ခြင်း)နှင့် ပတ်သက်၍
(က)
အမြဲတမ်း ခန္ဓာကိုယ်နေရာအနှံ့မှ လင့်ကျိတ်များကြီးခြင်း (Persistent Generalized Lymphadenopathy)
(ခ) တီဘီလင့်ကျိတ်ကြီးခြင်း(Tuberculous
Lymphadenopathy)
(ဂ)
ဆစ်ဖလစ်ရောဂါ၏ ဒုတိယအဆင့်(Secondary Syphilis)
(ဃ)
အအေးဇစ်မြစ်များကြောင့် လင့်ကျိတ်များကြီးခြင်း
အမြဲတမ်းခန္ဓာကိုယ်အနှံ့မှ လင့်ကျိတ်များကြီးခြင်း
လင့်ကျိတ်များသည်
အရွယ်အစားအားဖြင့် ၁.၅စင်တီမီတာထက် ကြီးနေလေ့ရှိသည်။ ပေါင်ခြံ မဟုတ်သော အခြားနေရာများ၌ပို၍
လင့်ကျိတ်များ ကြီးနေကြောင်း တွေ့ရမည်။ အများအားဖြင့် ခန္ဓာကိုယ်ဘယ်ညာ နှစ်ဖက်စလုံးတွင်
ရှိနေတတ်သည်။ အချိန်ကာလအားဖြင့် သုံးလကျော် ကြာမြင့်ခဲ့ပြီးဖြစ်ရမည်။ တချို့လူနာများတွင်
HIVဗိုင်းရပ်စ်ပိုး စတင်ကူးစက်ခံရကတည်းက ဖြစ်နိုင်သည်။
အောက်ဖော်ပြပါ
အခြေအနေများတွင် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။
*
အရွယ်အစားအားဖြင့် လေးစင်တီမီတာထက်ကြီးခြင်း
*
လျင်မြန်စွာကြီးထွားလာခြင်း
*
ဘက်မညီခြင်း(ဘယ်ညာမတူညီခြင်း)
*
ပူးကပ်စွာရှိနေခြင်း
*
လက္ခဏာတချို့တွေ့ရခြင်း(ဖျားခြင်း၊ ညပိုင်းချွေးထွက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း)
*
ရင်ဘတ်ဓာတ်မှန်တွင် ဘယ်/ညာအဆုတ်လေပြွန်မကြီးအစ၌ (Hilar Area)၌ အကျိတ်များရှိနေခြင်း
*
အဆုတ်တီဘီဟု သံသယရှိခြင်း
*
ပြည်တည်နေသည့် လက္ခဏာများရှိခြင်း
တီဘီလင့်ကျိတ်ကြီးခြင်း
တီဘီရောဂါကြောင့်
လင့်ကျိတ်များကြီးခြင်းသည် လည်ပင်း၌အများဆုံးတွေ့ရသည်။ အကျိတ်များမှာ အသင့်အတင့်မာကျောမှုရှိပြီး
သီးသန့်ရှိနေတတ်သည်။ နောက်ပိုင်းတွင် ရောယှက်ပူးကပ်သွားပြီး အရေပြားပေါက်ပြဲခြင်း၊
ပြည်တည်ခြင်း၊ ပြွန်ပိုက်သဖွယ် အခေါင်းဖြစ်ခြင်းနှင့် အနာကျက်ကအမာရွတ် ကျန်ခဲ့ခြင်းတို့တွေ့ရသည်။
ဒုတိယအဆင့် ဆစ်ဖလစ်
ဒုတိယအဆင့်
ဆစ်ဖလစ်ရောဂါ၏ ၉၀ရာခိုင်နှုန်းတွင် ခန္ဓာကိုယ်နေရာအနှံ့၌ လင့်ကျိတ်များ ကြီးလာတတ်သည်။
ခန္ဓာကိုယ်အရေပြား၌လည်း အဖုအပိမ့်များပေါ်တတ်သည်။ အကျိတ်များသည် နာကျင်မှုမရှိကြပေ။ ဖန်ဂပ်စ်မှိုကူးစက်ခံရခြင်း၊
Leishmaniasis ရောဂါနှင့် လင်ဖိုးမား(အကျိတ်ကင်ဆာ) တို့ကြောင့်လည်း လင့်ကျိတ်များကြီးနေနိုင်သည်ကို
သတိပြုရန်လိုအပ်ပါသည်။
Family
Health Journal အမှတ်၂၃၇
၁၁ရက်၊
နိုဝင်ဘာလ၊ ၂၀၀၉ခုနှစ်




