20
Feb

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအား မြို့နယ်သုံးမြို့နယ်တွင် အခမဲ့ကုသပေး

အေအာဗွီဆေးဝါးဖြင့် ကုသရန်လိုအပ်နေသည့် အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များအား မြို့နယ်သုံးမြို့နယ်တွင် အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း ကရုဏာလရိပ်အဖွဲ့(ရန်ကုန်)မှ သိရသည်။

'' ကျွန်တော်တို့အဖွဲ့မှာ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင် ၂၀၀ ကျော်ရှိတဲ့အထဲမှာ အေအာဗွီ ဆေးတိုက်ကျွေးနေရတဲ့လူနာ ၁၄၀  ကျော်လောက်ရှိပါတယ်။ အဖွဲ့အနေနဲ့ သာကေတ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း နေရာသုံးနေရာမှာ အေ အာဗွီဆေးတွေ ပေးပါတယ်။ လက်ရှိပထမအဆင့် ဆေးသောက်နေရတဲ့ လူနာ ၁၃၀ ကျော်ရှိပြီး ဒုတိယအဆင့် ဆေးသောက်နေရတဲ့လူနာ သုံးဦးရှိပါတယ်။ ဝေဒနာရှင်တွေလည်း ဆက်သွယ်ပြီး ဆေးကုသမှုခံယူနိုင်ပါတယ်'' ဟု ကရုဏာလရိပ်အဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူက ဆိုသည်။

ကရုဏာလရိပ်အဖွဲ့(ရန်ကုန်)သည် ပြည်သူများအား ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုအတွက် အသိပညာပေးရန်၊ ချို့တဲ့နွမ်းပါးသော ဝေဒနာရှင်များအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကုသမှုပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုများပေးရန်၊ ပြုစုစောင့်ရှောက်မှု လိုအပ်နေသူများအတွက် အသက်အရွယ်မရွေး ကူညီစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရုဏာလရိပ်အဖွဲ့(ရန်ကုန်) အနေဖြင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ရောဂါ ပညာပေးလုပ်ငန်းများ၊ တွေ့ဆုံဆွေးနွေးပွဲများ၊ အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ၊ အခွင့်အရေးယူဝင်ရောက် လာသည့်ရောဂါများကို စစ်ဆေးမှုနှင့် ကုသမှုခံယူနိုင်ရန် ပံ့ပိုးပေးခြင်း၊ အာဟာရ ပံ့ပိုးပေးခြင်း၊ နှစ်သိမ့်ဆွေး နွေးပညာပေးခြင်းနှင့် သွေးစစ်ဆေးနိုင်ရန် ထောက်ပံ့ပေးခြင်း စသည့်လုပ်ငန်းများကို အခမဲ့ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group - အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအား မြို့နယ်သုံးမြို့နယ်တွင် အခမဲ့ကုသပေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top