အမေရိကန်
အခြေချ နေထိုင်ရေးအစီစဉ်သို့ လျှောက်ထားသော ကရင်နီ ဒုက္ခသည်များထဲမှ
အိပ်ခ်ျအိုင်ဗွီ/ အေအိုင် ဒီအက်စ်နှင့် အတူနေထိုင်သူ ဒုက္ခသည်များအနေဖြင့်
အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားပါက ပိုမိုကောင်းမွန်သည့် ဆေးဝါး ကုသမှုနှင့်
ပြုစုယုယမှုတို့ကို လက်ခံရရှိနိုင်မှာဖြစ်သည်ဟု အမေရိကန် အခြေချနေထိုင်ရေး အစီအစဉ် campaign
အဖွဲ့မှတာဝန်ရှိသူတဦး၏
ပြောပြချက်အရ သိရသည်။
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်
အတူနေထိုင်ရသော ဝေဒနာရှင်များအနေဖြင့် ကရင်နီဒုက္ခသည် လူမှုအသိုင်း အ၀ိုင်းထဲ၌
စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ကြရပြီး အချို့မှာ အမေရိကန်လျှောက်ထားရာ၌
ပါဝင်သူများရှိကြောင်း ဆိုပါ သည်။
"သူတို့အနေနဲ့
စခန်းထဲမှာ နေတာထက် ဟိုမှာရောက်သွားရင် ပိုကောင်းမှာပါ။ ဘာကြောင့်လဲဆိုတော့
ဟိုမှာက ကျန်းမှာရေး ကုသမှုတွေက ပိုမိုကောင်းမယ်။ နောက်ပြီး
လူမှုအသိုင်းအ၀ိုင်းထဲမှာ သူတို့ဟာ အိပ်ခ်ျအိုင်ဗွီရှိတဲ့ သူတွေလို့
အပြောမခံရတော့ဘူးပေါ့၊" ဟု campaign အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အမေရိကန်နိုင်ငံသို့
လျှောာက်ထားသူများ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဝေဒနာရှင် အချို့ပါရှိသည့် အတွက်
၎င်းတို့အနေဖြင့် ရွေးချယ်ခံရပါက ကုသယုယမှုများအဆင်ပြေနိုင်ရန် အပြည်ပြည်ဆိုင်ရာရွေ့
ပြောင်းအခြေချရေး အဖွဲ့အစည်း (အိုင်အိုအဲမ်)မှ ဒေါက်တာများအနေဖြင့် အမေရိကန်
အခြေချနေထိုင်ရေးဌာနထံ စာရေး အကြောင်း ကြားမှုနှင့် အသိပေးမှုများ အသေအချာပြုလုပ်
သွားမည်ဟု ဆိုသည်။
ဒုက္ခသည်ကျန်းမာရေး
အခြေအနေများနှင့် ပတ်သက်ပြီး တကမ္ဘာလုံးဆိုင်ရာ ကျန်းမှာရေး www.globalhealth.gov
ဝက်ဘ်ဆိုက်မှ ရေးသားဖေါ်ပြထားချက်အရ
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် အတူနေထိုင်သော မြန်မာဒုက္ခ သည်များ အနေဖြင့်
အမေရိကန်နိုင်ငံသို့ လျှောက်ထားခွင့်မရှိဟု ဆိုသည့်သတ်မှတ်ချက်များ မရှိပေ။
၎င်းဆိုက်က
"အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရှိသူ ဒုက္ခသည်ဝေဒနာရှင်များအနေဖြင့် အမေရိကန်
နိုင်ငံသို့ မကြာ ခဏ ၀င်ရောက် အခြေချ နေထိုင်နိုင်သည့် အခွင့်အလမ်းရှိသည်။" ဟု
ရေးသားဖေါ်ပြထားပါသည်။
အမေရိကန်နိုင်ငံသို့ အခြေချနေထိုင်ရေးအစီအစဉ်၌
ယခုနှစ်ဇွန်လှိုင်လမှစ၍ ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၀၃၀၀ခန့်
လျှောက်ထားကြပြီး ၎င်းတို့၏ကျန်းမာရေး အခြေအနေများအား အိုင်အိုအမ်နှင့်
အိုပီအီးတို့မှ ပူးဆောင်ရွက်ပေးလျက်ရှိသည်။




