ပြည်တွင်း လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်သော
ရတနာ့မေတ္တာအဖွဲ့အနေဖြင့် အဖွဲ့သို့ လာရောက်ပြသသော အိပ်ခ်ျအိုင်ဗီ ဝေဒနာသည် ၁,ဝဝဝ ကျော် နှင့် ယင်းတို့၏သားသမီး ၁၂ဝ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုနှင့်
လူမှု ရေးထောက်ပံ့မှုများ ပြုလုပ်ပေးနေကြောင်း ဥက္ကဋ္ဌဦးမြင့်ဆွေက ပြောသည်။
''မိဘနှစ်ပါးက အေအိုင်ဒီအက်စ် ရောဂါနဲ့ဆုံးပါးသွားတော့
ကျန်ရစ်ခဲ့တဲ့ ကလေးတွေကို မိသားစုပုံစံနဲ့ စောင့် ရှောက်ပေးပါတယ်။ သူတို့တွေအတွက်
ကာကွယ်ရေးတွေ၊ ကုသရေးတွေအပြင် ကူညီတာတွေ၊ ထောက်ပံ့ပေး တာတွေ လုပ်ပေးတယ်''ဟု ယင်းက
ပြောသည်။စောင့်ရှောက်ခံကလေး ၁၂ဝ အနက် ၅ဝ ကျော်မှာ အိပ်ခ်ျအိုင်ဗီဝေဒနာ
စွဲကပ်လျက်ရှိသည်။
ယင်းတို့အား ကူးစက်ခံရမှုရှိမရှိ စစ်ဆေးဆောင်ရွက်ပေးပြီး
ကျန်းမာ ရေးပံ့ပိုးမှုများကို ပုံမှန်ဆောင်ရွက်ပေးကာ မိဘမဲ့ကလေးများနှင့် ကူးစက်ခံ
ဝေဒနာသည်များ၏ ကလေးများကို အလုပ်အကိုင် အခွင့်အလမ်း ရစေရန်နှင့် ကျောင်းနေအရွယ် ကလေးများကိုလည်း
ကျောင်းပညာ ဆက်လက်သင် ကြားနိုင်ရန် စီစဉ်ပေးနေသည်။
''မိဘရှိသေးတဲ့ သားသမီးတွေဆိုရင် သူတို့အိမ်ကနေ လာကြတယ်။
တစ်နေ့လုံး နေပြီး အိပ်ချိန်ကျမှ ပြန်ကြတယ်။ မိဘမဲ့တွေကိုတော့ စောင့်ရှောက်ပေး
ထားတယ်။ အသက်ငယ်သေးတဲ့ ကလေးတွေကိုတော့ တစ်ကိုယ်ရေ သန့်ရှင်း ရေးကိစ္စ၊ ဘာသာရေးနဲ့
တခြား ဗဟုသုတတွေကို ပြောပြတယ်။ ကူးစက် မခံရဘဲ အသက်ကလည်း ၁၃ နှစ်က နေ ၁၆ နှစ်ရှိတဲ့
ကလေးတွေကိုတော့ သူတို့လုပ်နိုင်တဲ့အလုပ်တွေ သွင်းပေး တယ်။ အသက် ရှစ်နှစ်ကနေ ၁ဝ
နှစ် အတွင်း ကလေးတွေကိုလည်း ဝေယျာ ဝစ္စအဖွဲ့လေးတွေ ဖွဲ့ပေးထားပါတယ်'' ဟု ဦးမြင့်ဆွေက ပြောသည်။
မြန်မာ တိုင်းမ် - အတွဲ ၂၂၊ အမှတ် ၄၂၂ (၁ဝ - ၁၆၊ ၇၊ ၂ဝဝ၉)




