ဘီ၊ စီ ရောဂါတွေဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ရောဂါဟာ ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ဖြစ်ရတာပါ။ ကင်ဆာရောဂါတွေထဲက အသည်းကင်ဆာရောဂါနဲ့ သေဆုံးရသူ ဦးရေဟာလည်း
မြင့်မားနေဆဲဖြစ်ပါတယ်။ အသည်းကင်ဆာရောဂါဟာ အရှေ့တောင်အာရှဒေသမှာ အဖြစ်အများဆုံးလည်းဖြစ်တယ်လို့ သိရပါတယ်။
အသည်းကင်ဆာ ရောဂါဝေဒနာရှင် ၁၀၀မှာ ၈၀ဦးဟာ အသည်းရောင် အသားဝါ ဘီကြောင့် ဖြစ်ရတာလို့လည်း သိရပါတယ်။ အသည်းရောင်အသားဝါ ဘီဗိုင်းရပ်စ်ပိုးဟာ ဒီအင်န်အေ (DNA) ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ အုပ်စုအမည်ကတော့ Hepandna လို့ခေါ်တယ်လို့ သိရပါတယ်။ ရောဂါပိုးရဲ့ရောဂါပျိုးချိန်ဟာ လေးပတ်ကနေ၂၀ ပတ်ခန့် ဖြစ်ပါတယ်။ ဘီပိုး ကူးစက်စေနိုင်တဲ့ အနေအထားက လိင်ဆက်ဆံမှုမှ ကူးစက်နိုင်တယ်၊ တံတွေးကနေ ကူးစက်နိုင်တယ်။ မိခင်မှ ကလေးသို့ ကူးစက်နိုင်ပါတယ်။ နာတာရှည် လူနာအဖြစ် ရောက်သွားနိုင်တာက ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းရှိပါတယ်။
တူမတစ်ယောက်သဖွယ် ရင်းနှီးတဲ့ သူလေးက မေးလာပါတယ်။ အသည်းရောင် အသားဝါဘီပိုးရှိတဲ့ လူတစ်ယောက်ဟာ သွေးမလှူရဘူး၊ သွေးအလှူမခံဘူးလို့ သူကြားဖူးတယ်တဲ့။ အသည်းရောင် အသားဝါဘီဟာ လူတိုင်းမှာဖြစ်နိုင်တယ်၊ အဲဒီပိုးက အိပ်ခ်ျအိုင်ဗွီပိုးလိုပဲ ကူးစက်ပုံ သဘာဝချင်းတူတယ်ဆိုတာ ဟုတ်ပါသလားလို့ ဆိုပါတယ်။ ဒါကြောင့် အထက်ကဖော်ပြသလို အသည်းရောင် အသားဝါဘီရောဂါ
အကြောင်း အကြမ်းဖျင်းလေးကို ပဏာမတင်ပြလိုက်တာပါ။
အသည်းရောင်အသားဝါ ဘီပိုးရှိသူဟာ သွေးမလှူရဘူး ဆိုတာထက် အသည်းရောင် အသားဝါရောဂါ၊ ဘာပဲဖြစ်ဖြစ်ဖြစ်ဖူးသူဟာ တစ်နှစ်အတွင်း သွေးမလှူရပါဘူး၊ သွေးမလှုသင့်ပါဘူးလို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။ပြီးတော့ အသည်းရောင်အသားဝါ
ဘီကို မကူးစက်အောင် ကာကွယ်ဖို့ဆေးရှိပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးရောဂါဟာ အဓိကရောဂါ ပိုးရှိသူနဲ့ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်ပါတယ်။
အတိအကျပြောရရင် ရောဂါပိုးရှိသူရဲ့သွေး၊ တံတွေးမျက်ရည်နဲ့ ခန္ဓာကိုယ် ကထွက်တဲ့အရည်တွေ
ကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဘီပိုးဝင်ပြီးဆိုတာနဲ့ အသားဝါခြင်း၊ မျက်စိဝါခြင်း၊ အသည်းကကောင်းကောင်း အလုပ် မလုပ်နိုင်တော့ခြင်း စတဲ့ လက္ခ္ခဏာ တွေ ပြလာပါတယ်။
ရောဂါပိုးရှိသူတိုင်း ကနေတဆင့် အခြားသူတွေကို ကူးစက်နိုင်ပါတယ်။ တချို့ဝေဒနာသည်တွေဟာ ဖော်ပြပါ
ရောဂါ လက္ခ္ခဏာတွေ မပြပေမယ့်လည်း ရောဂါပိုးသယ်ဆောင်
ဖြန့်ဖြူးနေသူ ဖြစ်နေနိုင်ပါတယ်။ တခါတရံမိမိ ကိုယ်တိုင် ဘီပိုးရှိလို့ရှိမှန်းတောင် မသိကြပါဘူး။ ဘီပိုးဟာ ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာကြီးကို အောင်းနေတတ်ပါတယ်။ အဲဒီလိုအောင်းနေသမျှ ကာလပတ်လုံး တစ်ဦးမှ တစ်ဦးကို စောစောကပြောတဲ့ နည်းတွေ ကနေတဆင့် ကူးစက်နိုင်ပါတယ်။ ကူးစက်ဖို့လည်း လွယ်ကူပါတယ်။ ဒီတော့ဘီပိုးကူးစက်ပုံ ကအိပ်ခ်ျအိုင်ဗွီ ပိုးကူးစက်ပုံ ကူးစက်နည်းနဲ့ တူနေတယ်ဆိုတာ အဲဒီနည်းတွေကြောင့်လို့ ယူဆရပါတယ်။ ပြီးတော့ရောဂါပိုးရှိသူ အသုံးပြုနေတဲ့ သွားတိုက်တံ၊ မုတ်ဆိတ်ရိပ်ဓား အခြားထိရှစရာ ကိရိယာ တွေကနေလဲ ကူးစက်နိုင်ပါသေးတယ်။ ဒီတော့ ရောဂါပိုးရှိနေတယ်လို့ သိရတာနဲ့ အဲဒီလူရဲ့ အသုံးအဆောင်တွေ
ကို ယူမသုံးမိဖို့ အရေးကြီးပါတယ်။ ဘီပိုးကူးစက်ပုံဟာ အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်သကဲ့သို့ပဲ စနစ်တကျ ပိုးသတ်မထားတဲ့ ရေပွက်ပွက်ဆူအောင် ပြုတ်မထားတဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေနဲ့ ဆေးထိုးကုသခံရရင်လဲ ကူးဆက်နိုင်ပါတယ်။ ဒီလိုပဲ မသန့်ရှင်းတဲ့ သွားနုတ်သွားစိုက် ကရိယာတွေကလည်း ကူးစက်နိုင်ပါတယ်။ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းသုံးဆွဲ သူများဟာလည်း ရောဂါကူးစက် ခံရနိုင်ပါတယ်။ပြီးတော့အလှအပအတွက် အန္တရာယ်ကြီးတဲ့ နားဖောက်ခြင်း၊ ဆေးမင်ကြောင်းထိုးခြင်း၊ အပ်ဆိုင်ကုသခြင်း တို့မှာသုံးတဲ့ကရိယာတွေ မသန့်လို့ (စနစ်တကျပိုးသတ်မထားလို့) လည်း ကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့်မို့ ဆေးကုသခံယူတဲ့အခါ
တစ်ခါသုံးဆေးထိုးပြွန်၊ ဆေးထိုးအပ်ကိုအသုံးပြုဖို့ အထူးသတိရဖို့ လိုပါတယ်။
ဖြစ်နိုင်ရင်တော့ ခဏခဏဆေးထိုးကုသမှု မခံယူပဲ သောက်ဆေးများနဲ့သာ ပျောက်ကင်းအောင်
ဆောင်ရွက်ရင် ပိုကောင်းပါတယ်။ မတက်သာလို့ဆေးထိုး ကုသမှုခံယူရမယ်ဆိုရင်လည်း (အခြေအနေအရ တစ်ခါသုံးအပ်မရှိ၊ မရနိုင်တဲ့အခါ ) ဆေးထိုးအပ်၊ ဆေးထိုးပြွန်
ကိုစနစ်တကျ ပိုးသတ်ပြီး နားလည်တက်ကျွမ်းသူ ကျမ်းမာရေး ၀န်ထမ်းများနဲ့သာ ကုသမှုခံ ယူရပါမယ်။
ရောဂါပိုးရှိနေသူဟာ တစ်ချိန် မဟုတ်တစ်ချိန် အခြားသူ တွေကို ရောဂါကူး စက်စေမှာဖြစ်ပါတယ်။ အဲဒီလိုရောဂါကူးစက်တဲ့အခါ အသည်းကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်း ဟာလည်း
ပိုများလာပါတယ်။ ဒီတော့ဘီပိုးရှိသူ
အသည်းရောင်ဖူးသူများဟာ နေထိုင်မကောင်းလို့ ဆေးကုသခံယူရင် ဆေးပညာရှင်၊ ဆရာဝန်တို့ကိုကြိုတင် အသိပေးထားရပါမယ်။ အခုအချိန်မှာ အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေး
ရှိနေပြီဖြစ်တဲ့အတွက် ကြိုတင်ထိုးနှံထားရင် ပိုပြီးစိတ်ချရမှာဖြစ်ပါတယ်။ ဘီပိုးကူးစက် မခံရအောင် အထူးသတိထား ရမည့်အချက်က သွေးသွင်းကုသ ခံယူတဲ့အခါ သေသေချာချာ စမ်းသပ်စစ်ဆေးထားခြင်း
မရှိတဲ့သွေးကိုသွင်းမိခြင်းပါ။
ဘီ ပိုးဟာ ခန္ဓာကိုယ်ထဲမှာ အချိန်တော်တော် ကြာကြာကြီး အောင်းနေနိုင်တဲ့အတွက် ပိုးရှိပြီးကျန်းမာနေပေမယ့်လည်း အဲဒီလူရဲ့သွေးကိုမသွင်းသင့်ပါဘူး။ ဒါကြောင့်ဘီပိုးရှိသူ ရောဂါဖြစ်ဖူးသူတို့ သွေးမလှူသင့်ပါဘူး။ဘီ ရောဂါဖြစ်ဖူးသူအနေနဲ့ တစ်နှစ်အတွင်း သွေးလှူခြင်း မပြုလုပ်ဖို့ကိုလည်း တားမြစ်ထားပါသည်။ ဒီတော့ ကူးစက်လွယ်တဲ့ အသဲရောင်အသားဝါ ဘီရောဂါဟာ အိပ်ခ်ျအိုင်ဗွီပိုး ကဲ့သို့ပဲသဘောထားပြီး အမြဲသတိရှိရှိနဲ့ သွားလာ နေထိုင်သင့်ကြောင်း အသိပေးလိုက်ပါတယ်ဟု Family
Health ဂျာနယ်တွင် ဖေါ်ပြထားပါသည်။
အိပ်ခ်ျအိုင်ဗွီလိုပဲ ဘီပိုးကိုလည်း မျက်ခြည်မပြတ်သင့်ပါ




