အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှိသူများနှင့်
ဆက်ဆံသည့်အခါတွင် အခြေခံအကျဆုံး အချက်ကတော့ သူတို့ကို ဆက်ဆံရေး လုပ်ကိုလုပ်ရလိမ့်မည်
ဆိုတာပဲ ဖြစ်ပါသည်။ ဆက်ဆံသည့် အခါမှာလည်း ကိုယ်ကိုယ်တိုင် အိပ်ခ်ျအိုင်ဗွီ ဝေဒနာ ခံစားနေရသည့်
အခါတွင် ဆက်ဆံစေချင်သည့် ပုံစံဖြင့် ဆက်ဆံရမည်ဖြစ်သည်။
ဆောင်ရန်များ
• ဝေဒနာရှင်များကို ဂရုဏာထားပါ၊ စာနာပါ။
• သူတို့ကို မိသားစုနဲ့ဆိုင်သည့် လူမှုထောက်ပံမှုတွေလုပ်ပါ။
• သူတို့၏ ဝေဒနာကို ဖွင့်ဟဘို့ ဦးစားပေးပြီး၊
သူတို့ကို မိသားစုဝင် တယောက်လို ဆက်ဆံပါ။
• အိပ်ခ်ျအိုင်ဗွီ ရောဂါမျိုးက သီးခြားအနားယူနေဘို့
မလိုအပ်တဲ့အတွက် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်လျှင် သူတို့ကို အလုပ်ပြန်လုပ်ခွင့်ပြုပါ။
• ရောဂါအကြောင်း တွေးတောပြီး စိတ်သောက
ရောက်မနေစေရန် တချို့သော လှုပ်ရှားမှုများတွင် ပါဝင်ပါစေ။
• သူတို့၏ စိတ်ဖိစီးမှုကို လျော့အောင် လုပ်ပေးပါ။
• လူ့ဘဝအကြောင်းကို လေးလေးနက်နက် နားလည်စေသည့်
တရားထိုင်ခြင်းနှင့် လေ့ကျင့်ခန်း လုပ်ခြင်းတို့ကို လုပ်နိုင်ရန် တိုက်တွန်းပါ။
• သူတို့ကို အသားဓါတ်များများ၊ ဗိုက်တာမင်များများပါသည့်
အစားအသောက် နှင့် သန့်ရှင်း ကျိုချက်ထားသည့်ရေ ပေးပါ။
• ကျန်းမာရေးစစ်ဆေးမှု ပစ္စည်းများနှင့်
ပုံမှန်ကျန်းမာရေးစစ်ဆေးမှု လုပ်နိုင်အတွက် မှတ်ပုံတင်ထားပြီး၊ ပုံမှန်ကျန်းမာရေး စစ်ဆေးမှု
လုပ်ဆောင်ပေးပါ။
• သာမန်အဖျားအနာ ကိစ္စလေးဖြစ်သော်လည်းပဲ
ချက်ချင်းကုသမှု အဆင့်ဆင့်လုပ်ပါ။ သို့သော် မိသားစုဆရာဝန်ကို သူတို့၏ အိပ်ခ်ျအိုင်ဗွီ
ရောဂါအဆင့်ကို ဖွင့်ပြောရန် မလိုပါ။
• ပတ်တီးစများ၊ ဂွမ်းလိပ်များတွင် စွန်းနေသည့်သွေးများကို
ဆပ်ပြာရည်နှင့်ရော၊ ရေနှင့်ရော စင်ကြယ်အောင် ဆေးကြောဖယ်ရှားပစ်ပါ။
• သူတို့၏အဖော်သည် အိပ်ခ်ျအိုင်ဗွီပိုး
ရှိနေသူ ဖြစ်ခဲ့လျှင်တောင်မှ လိင်ဆက်ဆံသည့် အခါတွင် ကွန်ဒုံး အသုံးပြုရန် အကြံပေးပါ။
• သူတို့၏ ကလေးများကို ၀ိုင်းဝန်း စောင့်ရှောက်ပေးပါ။
• ဆေးရုံများမှာ ဆရာဝန်များ၊ ဝန်ထမ်းများက
မချေမငံ ဆက်ဆံမှု၊ ခွဲခြားဆက်ဆံမှုများ လုပ်လျှင် ဝိုင်းဝန်း တားမြစ်ပေးပါ။
• အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှိနေသည်ဟု သိသွားပြီဆိုလျှင်
သူတို့၏ မိသားစုဝင်များ၊ သူငယ်ချင်းများကို အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါအကြောင်း
ပညာပေးမှု လုပ်ပေးပါ။
ရှောင်ရန်များ
• အိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိလာရသည့်အပေါ်တွင်
အပြစ်မတင်ပါနှင့်၊ ကူညီရာမရောက်ပါ။
• ဝေဒနာရှင်သည် ဘယ်အချိန်၊ ဘယ်နေရာမှာ
ရောဂါပိုး ကူးစက်ခံလာရသည်ကို စူးစမ်းရှာဖွေမှု မလုပ်ပါနှင့်။
• ရောဂါခံစားလာရသည့်အပေါ်မှာ အပြစ်ရှိသည်ဟု
မခံစား သွားရပါစေနှင့်။
• ဝေဒနာရှင်များကို အိမ်တွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ
အထီးကျန် မဆန်ပါစေနှင့်။
• ဝေဒနာရှင်များကို သူ့အိမ်ထောင်ဖက်နှင့်
သူ့ကလေးနှင့် သီးခြား မထားပါနှင့်။ အိမ်ထောင်ဖက်နှင့် ကလေးသည် ဝေဒနာရှင်အတွက် အကောင်းဆုံး
ထောက်ပံ့ ကူညီသူများ ဖြစ်ကြသည်။ မိသားစုနှင့် အတူတကွ နေထိုင်သောအချိန် ရရှိရေးသည် အရေးကြီးပါသည်။
• ဝေဒနာရှင်ကို အစားအသောက် ကျွေးမွေးသောအခါ
ဖြစ်စေ၊ သူ၏ ချွေး၊ တံတွေး၊ နှပ်နှင့် မျက်ရည်များကို ဖယ်ရှားပေးသော အခါဖြစ်စေ လက်အိတ်မသုံးပါနှင့်။
• ဝေဒနာရှင်အသုံးပြုသော မုတ်ဆိတ်ရိတ်ကရိယာများ၊
သွားတိုက်တံများ နှင့် တခြား ရှစေသော ပစ္စည်းများကို တခြားမည်သူမျှ ယူငင်သုံးစွဲခြင်း
မပြုပါစေနှင့်။
• သူတို့၏ အဝတ်အစားများကို သီးခြားလျှော်ဖွတ်ရန်
မလိုအပ်ပါဘူး။
• မိတ်ဆွေများ၊ လုပ်ဖော် ကိုင်ဖက်များနှင့်
အာမခံ ကုမ္ပဏီများကို အိပ်ခ်ျအိုင်ဗွီပိုး ဝေဒနာ အဆင့်ကို ထုတ်ဖော် ပြောဆိုရန် မလိုအပ်ပါ။
• အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်ကိုဖြစ်စေ၊
သူ၏ အိမ်ထောင်ဖက်ကို ဖြစ်စေ၊ ကလေးကိုဖြစ်စေ အရှက် ရစေတာမျိုး မဖြစ်ပါစေနှင့်။
• ဝေဒနာရှင် ရောဂါခံစားရမှာ၊ သေဆုံးမှာကို
မကြောက်ရွံ့ပါစေနှင့်။ နောက်ဆုံး အဆင့်ကို ရောက်ရှိနေလျှင် အသေဖြောင့်ရန် ပြင်ဆင်ပေးပါ။
• ပယောဂ ဆရာများ၊ စုန်းကဝေများဖြင့် အတုအယောင်
မျှော်လင့်ချက်များ၊ လွဲမှားသော ကုသမှုများဖြင့် ဝေဒနာ ရှင်ကို မလှည့်စားမိပါစေနှင့်။
မှန်ကန်သည့် ကုသမှုဖြင့်သာ နိုဘယ်လ်ဆု ကြေညာခံရမည်ကိုသာ မျှော်လင့်ပါ။
• ဝေဒနာခံစားရသည့် အစပိုင်းအဆင့်မှာတင်
ကုသရန် ရှိသမျှ ငွေအားလုံးကို ပုံအော သုံးစွဲမိတာမျိုး မဖြစ်ပါစေနှင့်။ ထိုရောဂါမျိုး၏
ပထမအဆင့်တွင် အစီအစဉ်ရှိရှိ ကုသရပါသည်။ သင့်တွင်ရှိသော ပိုင်ဆိုင်မှုကို ဘယ်လိုသုံးစွဲ
မလဲဆိုသည်ကို မှန်မှန်ကန်ကန် အစီအစဉ်ချ သုံးစွဲသင့်ပါသည်။
• ဆေးရုံတက်နေသော ဝေဒနာရှင်ကို သတင်းမေးရန်
ဆွေမျိုးများ အများအပြား မလာသင့်ပါ။
• အိပ်ခ်ျအိုင်ဗွီပိုး ရှိကြောင်းသိပြီးလျှင်
အကြိမ်ကြိမ် စမ်းသပ်မှု မလုပ်ပါနှင့်။ ထိုပိုးရှိတာ သေချာလျှင် စမ်းသပ်မှု လုံလောက်ပါသည်။
အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှိသူများနှင့်
ဆက်ဆံသည့်အခါတွင် အခြေခံအကျဆုံး အချက်ကတော့ သူတို့ကို ဆက်ဆံရေး လုပ်ကိုလုပ်ရလိမ့်မည်
ဆိုတာပဲ ဖြစ်ပါသည်။ ဆက်ဆံသည့် အခါမှာလည်း ကိုယ်ကိုယ်တိုင် အိပ်ခ်ျအိုင်ဗွီ ဝေဒနာ ခံစားနေရသည့်
အခါတွင် ဆက်ဆံစေချင်သည့် ပုံစံဖြင့် ဆက်ဆံရမည်ဖြစ်သည်။
မေသူ
Sources:
http://www.aids-india.org/dodont.htm




