27
Nov

အိပ်​ခ်ျ​အိုင်​ဗွီ ​ကျောင်း​သား​များ​ အ​ပေါ် ​ခွဲ​ခြား​ဆက်​ဆံ​မှု​ရှိ​နေ

အောက်​မြန်​မာ​ပြည် ​ဆေး​သု​တေ​သ​န​ဌာ​န​က  ​မြန်​မာ​နိုင်​ငံ​မှာ ​အိပ်​ခ်ျ​အိုင်​ဗွီ​ပိုး​ရှိ​သူ  ​ကျောင်း​သား​ကျောင်း​သူ​တွေ​အ​ပေါ် ​စာ​သင်​ကျောင်း​တွေ​က ​ခွဲ​ခြား​ဆက်​ဆံ​နေ​တဲ့​အ​ပေါ် ​စစ်​တမ်း​ကောက်​နေ​ပြီ​လို့ ​ဆေး​သု​တေ​သ​န ​ပ​ညာ​ရှင်​တ​ဦး​က ​ပြော​ပါ​တယ်။

“​က​လေး​ငယ်​တွေ​ကို ​သတ်​သတ်​လေ့​လာ​တဲ့ ​သု​တေ​သ​န​က​ကျ​တော့ ​အ​ခု ​လုပ်​နေ ​တုန်း​ပါ​ပဲ။ ​အ​ချက်​အ​လက် ​ကောက်​နေ​တုန်း​ ပါ​ပဲ။ ​အဲ့​ဒီ​ဟာ​တွေ​ရဲ့ ​တွေ့ရှိ​ချက်​တွေ​က​တော့ေ​ရှ့နှစ်​လောက်​ကျ​မှ ​ထွက်​လာ​မှာ​ပေါ့​နော်။ ​အ​ခု ​ဒီ​တင်​ပြ​တဲ့ ​သု​တေ​သ​န​ က​တော့ ​အိမ်​ထောင်​စု​တွေ​လို့ ​ပြော​လိုက်​တဲ့​ အ​တွက် ​က​လေး​တွေ​ တ​ချို့ ​ပါ​တယ်​ပေါ့​နော်။ ​က​လေး​တွေ​ရဲ့ ​ပ​ညာ​ရေး​ကို​လည်း ​ဒီ​သု​တေ​သ​န​မှာ ​ကျ​မ​တို့ ​တင်​ပြ​ထား​တယ်။”
ဒီ​စစ်​တမ်း​ဟာ ၂၀၁၄ ​ခု​နှစ်​လောက်​မှာ ​ထွက်​ပေါ်​လာ​မှာ​ဖြစ်​ပြီး ​အ​ခု ​လက်​ရှိ​အ​ထိ ​ကောက်​ထား​တဲ့ ​စစ်​တမ်း​တွေ​အ​ရ ​ကျောင်း​နေ​အ​ရွယ်​ က​လေး​တွေ​ထဲ​က ၄ ​ရာ​ခိုင်​နှုန်း​ကျော်​ဟာ  ​အိပ်​ခ်ျ​အိုင်​ဗွီ​ပိုး​ရှိ​လို့ ​ကျောင်း​တွေ​က​နေ ​ထုတ်​ပယ်​ခံ​ခဲ့​ရ​တယ်​လို့ ​ဆို​ပါ​တယ်။

“​မြန်​မာ​နိုင်​ငံ​မှာ ​အိပ်​ခ်ျ​အိုင်​ဗွီ ​စ​ရှိ​တဲ့​အ​ချိန်​တုန်း​က​နေ  ​အ​ခု​အ​ချိန်​အ​ထိ​တော့ ​သူ​တို့​က ​နည်း​လာ​ပြီ​လို့ ​ပြော​ပေ​မယ့် ​အ​ခု​လို​မျိုး ​လေ့​လာ​လိုက်​တော့ ​ထွက်​လာ​တာ​ပဲ ​ရှိ​နေ​တုန်း​ပဲ။ ​အ​ထူး​သ​ဖြင့် ​ကျောင်း​ပတ်ဝန်း​ကျင်​မှာ ​တော်​တော်​ဆိုး​တာ​ပေါ့​နော်။ ​ကျောင်း​ပတ်ဝန်း​ကျင်​မှာ ​ဆ​ရာ​နဲ့ ​ဆ​ရာ​မ​ကိုယ်​တိုင်​က ​ခွဲ​ခြား​တာ၊ ​တ​ခြား​မိ​ဘ​တွေ​က ​ခွဲ​ခြား​တာ၊ ​ဆ​ရာ​မ​တွေ​ကြား​ထဲ​မှာ ​နား​လည်​သ​ဘော​ပေါက်​မှု ​တက်​လာ​အောင်​ပေါ့​နော်။ ​ဒီ ​အိပ်​ခ်ျ​အိုင်​ဗွီ ​ပိုး​ရှိ​တဲ့ ​က​လေး​ကို​လည်း ​ကျောင်း​မှာ ​ပ​ညာ​သင်​ခွင့်​ဆက်​လက်​ရ​အောင်၊ ​သူ​တို့ ​ဒီ​လို​အ​ခြေ​အ​နေ​မျိုး ​ကြုံတွေ့လာ​ရင်​လည်း ​ဘယ်​လို ​ကိုင်​တွယ်​မ​လဲ​ပေါ့​နော်။ ​အဲ့​ဒီ​လို​မျိုး ​ဆ​ရာ​မ​တွေ​ကို ​လုပ်​ပေး​ဖို့ လို​တယ်​လို့ ထင်​ပါ​တယ်။”

အောက်​မြန်​မာ​ပြည် ​ဆေး​သု​တေ​သ​န ​ဌာ​န​ဟာ ၂၀၁၂ ​ခု​နှစ်​အ​တွင်း​က​လည်း ​တိုင်း​နဲ့ ​ပြည်​နယ်​အ​သီး​သီး​မှာ​ရှိ​တဲ့ ​မြို့နယ်​ပေါင်း ၂၅ ​ခု​က ​အိပ်​ခ်ျ​အိုင်​ဗွီ​ပိုး​နဲ့ ​နေ​ထိုင်​နေ​တဲ့ ​မိ​သား​စုဝင်​ အိမ်​ထောင်​စု​ပေါင်း ၄၀၀ ​နီး​ပါး​ကို ​လူ​မှု​စီး​ပွား​နဲ့ ​လုပ်​ငန်း​ခွင်​အ​တွင်း ​ခွဲ​ခြား ​ဆက်​ဆံ​ခံ​ရ​မှု​အ​ပေါ် ​စစ်​တမ်း​ကောက်​ယူ​ခဲ့​ပါ​တယ်။

အဲ​ဒီ​စစ်​တမ်း​အ​ရ  ​အိပ်​ခ်ျ​အိုင်​ဗွီ​ပိုး​နဲ့ ​နေ​ထိုင်​နေ​တဲ့ ​အ​လုပ်​သ​မား ၄၀ ​ရာ​ခိုင်​နှုန်း​ဟာ ​အ​လုပ်​က ​ထွက်​ခဲ့​ရ​သ​လို ၂၂ ​ရာ​ခိုင်​နှုန်း​က​လည်း ​အ​လုပ်​ခန့်ဖို့ ​ငြင်း​ဆို​ခံ​ခဲ့​ရ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

DVB - အိပ်​ခ်ျ​အိုင်​ဗွီ ​ကျောင်း​သား​များ​ အ​ပေါ် ​ခွဲ​ခြား​ဆက်​ဆံ​မှု​ရှိ​နေ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top